ပြုံးတုံးကျယ်
နေ့စဉ်လုပ်နေကျအတိုင်း (ဖတ်နေကျ) သတင်းတွေ လိုက်ရှာဖတ်နေတုန်း ခေတ်ပြိုင်အင်တာနက်ဂျာနယ်မှ ‘‘ စိန်စီသောည’’ မင်္ဂလာဆောင် အခွေလေးကို ကြည့်လိုက်ရတော့ ရင်ထဲမှာ ဘယ်လိုမှ မနေနိုင် ၊ တခုခုလုပ်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာမိတယ်- ကျနော့ လိုပဲ ကြည့်မိသူ တော်တော်များများလည်း ဖြစ်မိမယ်ထင်တယ်။ စဉ်းစားလို့တောင်မရဘူး ၊ လုပ်ရက်ကြတယ်၊ ရက်စက်တယ်၊ ယုတ်မာတယ် စသဖြင့် တယောက် ကျိတ် (@#@#@#!@ &if )ရင်း ဒီသီချင်းလေးကို ချရေးလိုက်မိတယ် ။ ‘‘ ပြုံးနိုင်တုံးကျယ်ထားအုံးပေါ့ကွာ’’ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ၊ ဒါနဲ့ ကျနော့ ညီအကိုလိုခင်ရတဲ့ မင်းသားကြီး(အဲ-မှားလို့) အဆိုကျော်ကြီး ကို R- ကျယ်နဲ့ စကားပြောဖြစ်တော့ တိုက်တိုက်ဆိုင်ဆိုင် ကိုရီးယားမှာက လည်း ပြည်ထောင်စုနေ့ အခမ်းအနားတခု ကျင်းပမယ်ဆိုတော့ ကဲ- ဘယ်လိုလဲ ကို R- ကျယ် ၊ ဒီပွဲမှာ နွှဲမလားဆိုတော့ ၊ တော်တော်လေးကို ပြောယူရတယ်။ ချက်ချင်းကို ဆိုမယ်ဆိုတာကြီးပဲ။ မနဲတားထားရတယ်--တော်တော်ကြာ $ တွေ ဘာတွေ ပေးသွားမှာ စိုးလို့ ၊ ဒီနေရာမှာ ကိုR- ကျယ် အကြောင်းတော့ နည်းနည်းမိတ်ဆက်ပေးချင်တယ် -- သူအသံကောင်းတာလဲ မပြောနဲ့ ၊ နေ့တိုင်းသူကျင့်နေတာ(အသံနော်) ၊ရေချိုးခန်းဝင်သွားရင် အနည်းဆုံး mp 3 တချပ်တော့ကုန်တယ်၊ ဒါတောင် အပြင်ကလူတွေက အော် ခေါ်ကြလို့---အဲဒီလို ကိုR-ကျယ်တို့ ကောင်းတာ(အသံ) ၊နောက်ရှိသေးတယ်။ သူ့ကိုမွေးတဲ့နေ့က သူ့တို့ရပ်ကွက်တခုလုံး အိပ်ရေးပျက်ခဲ့ရသေးတယ်--ဒီလို။ဒီလို --- ရှည်သွားပြီ။ (နောက်ကြုံမှ ကိုR-ကျယ် အကြောင်း အတိုရေးပါ့မယ်) ဒါနဲပဲ ချုံ့ လိုက်တော့ ဒီခွေလေး လုပ်ဖြစ်တယ်ပေါ့ဗျာ။
နောက်မှ ဒီခွေလေးအကြောင်း တဖြည်းဖြည်း ရေးပါအုံးမယ်။ အခုဆိုရင်ကျနော်လည်း ဖြည်းဖြည်းရေးတာ် ‘‘ကြယ်အာကျယ်’’ ခွေ ထွက်သွားတာ တောင် တနှစ်ရှိသွားပြီဗျ။ အခုမှ ပြုံးတုံးကျယ် တပုဒ်ပဲရေးရသေးတယ် ။ ကျန်တဲ့သီချင်းတွေရဲ့ အကြောင်းတွေပါ ရေးမယ်ဆိုရင် အင်း---ဘ၀ကူးမလားမသိဘူး။။
DVB မှ တဆင့် ကူးယူးဖော်ပြပါသည်။
0 comments:
Post a Comment