" PLEASE USE YOUR LIBERTY TO PROMOTE OURS "

11.04.2008

အန်အယ်ဒီရှေ့နေကြီး ဦးအောင်သိန်းကို တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲ

ကိုဝိုင်း/ ၄ နိုဝင်ဘာ ၂၀၀၈
နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကို ဥပဒေအကျိုးဆောင်ပေးနေသော ရန်ကုန်မြို့မှရှေ့နေများဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ဗဟိုတရားရုံးလက်ထောက်ညွှန်ကြားရေးမှူးတဦးက စွဲချက်တင်ထားသည်။

စွဲချက်တင်သူ အဆိုပါ လက်ထောက်ညွှန်ကြားရေးမှူး၏ အမည်ကို မသိရသော်လည်း ယခုလ (၆) ရက်နေ့ ရုံးချိန်းရှိကြောင်း အန်အယ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောသည်။

“သူတို့ကို တရားရုံးမထီမဲ့မြင် ပုဒ်မ ၃ နဲ့ စွဲထားတယ်။ သူတို့ရုံးကို (၆) ရက်နေ့သွားရမယ်” ဟု ဦးဥာဏ်ဝင်းကပြောသည်။

ရန်ကုန်မြို့မှ ရှေ့ နေကြီး ဦးအောင်သိန်းသည် အန်အယ်ဒီရှေ့နေတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အမွေမှုတွင် အခမဲ့ ကူညီဆောင်ရွက်ပေးခဲ့သည့် ရှေ့နေအဖွဲ့တွင် တဦးအပါအ၀င်ဖြစ်သည်။

ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့နှစ်ဦးကို ယခုကဲ့သို့ စွဲချက်တင်ခြင်းမှာ ၎င်းတို့လိုက်ပါကူညီပေးနေသော နိုင်ငံရေးအကျဉ်း သားများက မြန်မာနိုင်ငံတရားရေးစနစ်ကို အယုံအကြည်မရှိသဖြင့် ရှေ့နေပါဝါရုတ်သိမ်းခဲ့မှုနှင့်ဆက်စပ်နိုင်ကြောင်း ထင်မြင်မှုများ ရှိနေသည်။

စွဲချက်နှင့်ပတ်သက်နေသည့် အမှုသွားအမှုလာကို အတိအကျမသိသော်လည်း ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ ဦးဥာဏ်ဝင်းက “အဲဒီအမှုတွဲကို သေချာတော့ မသိဘူး။ ဒါပေမဲ့လို့ နိုင်ငံရေးအမှုတွေလိုက်နေတဲ့ သူတို့တွေတင်မကဘူး ဒီပြင် ဟာတွေလည်း ထောင်တွေချနေတယ်ဆိုတော့ တော်တော်မကောင်းတဲ့ အနေအထားတော့ ဖြစ်နေတယ်ဗျာ။ ဒီလောက်ပဲ ကျနော်ပြောနိုင်မယ်” ဟု ကောက်ချက်ချသည်။

ယခင်လကုန်ပိုင်း၌ တရားရင်ဆိုင်နေရသော နိုင်ငံရေးအကျဉ်းသားအချို့အတွက် ဥပဒေအကျိုးဆောင်ပေးနေသော ရှေ့နေများဖြစ်သည့် ကိုညီညီထွေးနှင့် ကိုစောကျော်ကျော်မင်းတို့ကိုလည်း တရားစီရင်ရေးကို အနှောက်အယှက်ပြုမှုဖြင့် မြောက်ပိုင်းခရိုင်တရားသူကြီးက ထောင်ဒဏ် (၆) လစီ အပြစ်ပေးခဲ့သည်။

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP