" PLEASE USE YOUR LIBERTY TO PROMOTE OURS "

11.06.2008

" လူ့အခွင့်အရေး စတေ့ရှိုးပွဲ "

ကိုရီးယားရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားညီအကိုမောင်နှမများအား ဖိတ်ကြားအပ်ပါသည်။
မင်္ဂလာပါ။
ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ မျှော်လင့်ချက်၊ နာကျည်းမှု၊ ပင်ပန်းမှု၊ အထီးကျန်ဆန်မှု၊ ခွဲခြားဆက်ဆံခံရမှု အစရှိတဲ့ ရင်တွင်းခံစားချက်တွေကို တေးသီချင်းများဖြင့် ဖန်တီးပြီး ကိုရီးယားလူ့အဖွဲ့ အစည်းများကြား သွားရောက် သီဆိုဖျော်ဖြေခြင်းဖြင့် သာတူညီမျှသော၊ ခွဲခြားမှုမရှိသော အခြေအနေများကို ရရှိအောင် ကြိုးစားနေသော ရွှေ့ပြောင်းအလုပ်သမားတီးဝိုင်း Stop Crackdown Bandမှ လေးစားစွာ နှုတ်ခွန်းဆက်ပါတယ်။


ယနေ့ကိုရီးယားမှာရွှေ့ပြောင်းနေထိုင်သူလူဦးရေတသန်းရှိပြီး၅၀%မှာရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြပါတယ်။
အဲဒီ၅၀%မှာတ၀က်က အထောက်အထားမဲ့၊ ဗီစာမဲ့ အလုပ်လုပ်ကိုင်နေထိုင်သူများဖြစ်ကြပြီး တ၀က်ကတော့ ဗီစာရှိ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ကြသူများ ဖြစ်ကြပါတယ်။
သို့သော် တရားဝင်ရော တရားမ၀င်ရော ကိုရီးယားနိုင်ငံမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင်နေကြရပြီး မညီမျှသော ဆက်ဆံမှုများနှင့် နိမ့်ကျသော အခွင့်အရေးများကိုသာ တန်းတူ ရရှိနေကြရပါတယ်။ ရွှေ့ပြောင်းအလုပ်သမားများမရှိပဲကိုရီးယားနိုင်ငံဟာ ရပ်တည်လို့ မရတာ အမှန်ဆိုပေမယ့် တန်းတူအခွင့်အရေးပေးရမှာကို တွန့်ဆုတ်ပြီး နေနေတာလဲအမှန်ပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ မျိုးချစ်စိတ်ဓာတ်က လူသားဆန်မှုကို လွှမ်းမိုးနေတာ ဆယ်စုနှစ်၂ခုကို ကျော်လွန်လာခဲ့ပါပြီ။
ဒါပေမဲ့ ငြင်းဆန်လို့မရတဲ့ အနေအထားတွေကြောင့် တင်းမာထားခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာဥပဒေများကို တဖြေးဖြေး လျော့ချပေးနေရပါပြီ။
ကိုရီးယားမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အရေးသာမက ကိုရီးယားနိုင်ငံသားများနှင့် လက်ထပ်ကြသောရွှေ့ပြောင်း နေထိုင်သူများနှင့် မျိုးဆက်သစ်များ စသည်တို့ရဲ့ အရေးဟာလည်း ကိုရီယားအစိုးရအနေနှင့်ရော ကိုရီးယားလူမှုအဖွဲ့ အစည်းများ အတွက်ပါ ထိပ်တန်းအရေးတခုအဖြစ်သို့ ပြောင်းလဲ လက်ခံနေနေရပါပြီ။
သို့သော်လည်း လွတ်လပ်စွာတန်းတူပညာသင်ကြားခွင့်မရသေးသော ရွှေ့ပြောင်းနေထိုင်သူများ၏ ရင်သွေးများ၊ ရိုးသားစွာ အလုပ်လုပ်ကိုင်နေထိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများအား ဗီစာမရှိသည်ကို အပြစ်ရှာ အသက် အန္တရာယ်အထိပါစိုးရိမ်ရလောက်အောင် အတင်းအကြပ် ဖမ်းဆီးပြန်ပို့ခြင်းများကတော့ ယနေ့ ကိုရီးယားမှာလတ်လတ်ဆတ်ဆတ် အကျည်းတန်စွာ စွန်းထင်းနေသေးသော အမဲစက်များပင် ဖြစ်ပါတယ်။
ဒီအခြေအနေတွေကို အသီးသီးဖလှယ်ကြရန်၊ ရွှေ့ပြောင်းအလုပ်သမားများအားပိုမိုနားလည်ပေးစေရန်နှင့် ကိုယ်ချင်း စာတရားထားတတ်စေရန်၊ကိုရီးယားပြည်သူများအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပိုမိုရင်းနှီးမှုရစေရန်တို့အား ရည်ရွယ်ပြီး ကျနော်တို့ တီးဝိုင်းအနေဖြင့် လာမည့် နိုဝင်ဘာ ၉ရက် နေ့လယ် ၄နာရီမှာ စင်တင်ဂီတပွဲလေးကို စီစဉ် ထားပါတယ်။
နေရာကတော့ မြေအောက်ရထား အစိမ်းလိုင်း(၂)ကိုစီးပြီး 합정ဟပ်ဂျောင်ဘူတာ ထွက်ပေါက် ၆ကနေ လမ်းညွှန်ပိုစ တာများအတိုင်း ၅မိနစ်လောက်လျှောက်လာရင် Rolling Hall ခန်းမကို တွေ့ရပါမယ်။
ကျန်းမာရေးမကောင်းဖြစ်ပြီး ဆေးကုသဖို့လည်း မစွမ်းနိုင်ဖြစ်နေတဲ့ ဘ၀တူရွှေ့ပြောင်းအလုပ်သမားကို ကူညီဘို့ရန် အတွက် ဂီတပွဲဝင်ကြေးကို ၀မ်တသောင်း သတ်မှတ်ထားပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ အရေးကို ရွှေ့ပြောင်းအလုပ်သမားတို့ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ပိုမို သဘာဝကျတာမို့ အားလုံးသော မိတ်ဆွေများ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။

စိုးမိုးသူ
010-7155-6581
Stop Crackdown Band
www.stopcrackdown.com



ရွှေ့ပြောင်းအလုပ်သမားတို့၏ အခွင့်အရေးအား ရော့ခ်သီချင်းများဖြင့် တောင်းဆိုတိုက်ပွဲဝင်နေသော STOP CRACK DOWN BAND နှင့်
ကိုရီးယား Folkအဆိုတော် ဆုန်ဟရွန်ဆုတို့၏
“လူ့အခွင့်အရေး စတေ့ရှိုးပွဲ”
နေ့ရက် ။ ၂၀၀၈ခုနှစ် နိုဝင်ဘာလ ၉ရက်
အချိန် ။ ညနေ ၄နာရီ
နေရာ ။ Rolling Hall စတိတ်ရှိုးခန်းမဆောင်အတွင်း
လမ်းညွှန်။ မြေအောက်ရထား အစိမ်းလိုင်း အမှတ်(၂) 합정 ဘူတာ ထွက်ပေါက်အမှတ်(၆)မှထွက်ပြီး လမ်းညွှန်များအတိုင်း ၅ မိနစ်ခန့်လျှာက်ပါ။
ဝင်ခွင့်လက်မှတ်။ ၀မ် ၁သောင်း

(လက်မှတ်ရောင်းချခြင်းမှ ရရှိသည့်ငွေများအား ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသမှု
ခံယူနေရသော ရွှေ့ပြောင်းအလုပ်သမားများထံ လှူဒါန်းသွားမည်ဖြစ်ပါသည်။)

လက်မှတ်များအား 010-7155-6581သို့ မှာကြားဝယ်ယူအားပေးနိုင်ပါသည်။




0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP