" PLEASE USE YOUR LIBERTY TO PROMOTE OURS "

11.12.2008

မြန်မာပြည် ဝဘ့်ဆိုဒ့် များကို တိုက်ခိုက်သူ ဟု ယူဆရ သူကို သိပြီ

မြန် မာ ဝဘ့်ဆိုဒ့်တွေ မကြာခဏ DDoS တွေ နဲ့ အတိုက်ခံနေရခြင်းနှင့်ပတ်သတ် ၍ မြန်မာ ကွန်ပျူတာ ပညာရှင် ပိုးဟက်ဖြူ ( white Hackers ) တို့ ခြေရာခံ လိုက်လံ စုံစမ်းရာ တွင်၊ စုဆောင်း ရရှိသော

အချက်အလက်များ၊ အပြန်အလှန် ပြောစကား အချို့အရ မြန်မာ လူငယ် တစ်စု ကသာ ဆိုက်အချို့ ကို DDoS လုပ်နေခြင်း ဖြစ်ကြောင်း သိရပါ သည်။

IRC Bot များကို သုံး၍ သော် လည်းကောင်း၊ အခြား သော အလွယ် တကူရ DDoS Tools များကို သုံး၍ သော်လည်း ကောင်း ယင်း လုပ်ရပ်များ ကို အများ သူငါ ထင်ယောင် ထင်မှား ဖြစ်စေရန် ပြုလုပ် နေကြခြင်း ဟု မြန်မာကွန်ပျူတာ ပညာရှင် ပိုးဟက်ဖြူ ( white Hackers ) များက ယူဆသည် ဟု သိရှိရပါသည်။

ယင်း အဖွဲ့ မှ လူငယ် တစ်ဦး သည် min.shinobi@gmail.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it ဟူသည့် ဂျီမေး(လ်) ကို လည်းကောင်း၊ Deepestsoft ဟူသည့် အမည်ကို သုံး၍လည်းကောင်း www.h4cky0u.org နှင့် friendster.com အပါအ၀င် ဆိုက်အချို့ ၀ယ် အဖွဲ့ဝင်ကာ အမေး အဖြေများ ပြုလုပ် ထားသည် ကို တွေ့ရှိ ရပါသည်။ DDoS Tools နှင့် Turkojan.4.Xclusive.exe တို့ကို လိုချင်သည်ဟူသော အရေးအသားများ အချက်အလက် ကိုလည်း မှတ်တမ်းတင် ထားရှိသည်ဟု မြန်မာကွန်ပျူတာ ပညာရှင် ပိုးဟက်ဖြူ ( white Hackers ) များ က ပြောဆို ခဲ့ သလို၊ friendster.com တွင် ယခင်က သူ၏ မူရင်းပုံကို တင်ထားခဲ့ကြောင်း၊ yehg.org ကို DDoS ဖြင့် တိုက်ခိုက် ခံရ ပြီး နောက် ပိုင်းလောက်တွင်း ယင်းပုံအစား ဒီအင်အေ မော်လီကျူး တစ်ခု ၏ ပုံ အဖြစ် ပြောင်းလဲ လိုက်သည် ကိုလည်း တွေ့ရှိရကြောင်း ပြောဆိုခဲ့ ပါတယ်။

တရားခံ ဟု ယူဆ ခံရသူ သည် xttp://en.netlog.com တွင် လည်း min.shinobi@gmail.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it ကို အသုံးပြု၍ အဖွဲ့ဝင် ထား ခဲ့ သလို၊ min.shinobi@gmail.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it ကို အသုံးပြု ၍ friendster.com တွင် မှတ်ပုံထားသော profile အရ၊ သူသည် မန္တလေး မြို့ မှ ဖြစ်ပြီး၊ xttp://profiles.friendster.com/++++++++++ ဟူသည့် လင့်(ခ်)အရ သူ့အမည် နှင့် အသက် ကို ပါ ခန့်မှန်း ၍ သိနိုင် နေပါသည် ဟု အဆိုပါ ပညာရှင်များက ပြောဆို ခဲ့ ပါတယ်။

ထို့အတူ ကျွန်ပျူတာ ပညာရပ် အချို့ကို သာမန်ထက် အနည်းငယ်ပိုသိစ (Script kiddie) အရွယ်တွင် ပေါ်ပေါက်လာ တတ်သော စိတ် အခြေအနေ တစ်မျိုး အရ သာလျှင် ယခု ကဲ့သို့ ပြုလုပ် မိခြင်း များ ဖြစ်ကာ၊ ယင်း ထက် ပိုမို သည့် ရည်ရွယ်ချက် များ ရှိဟန်မတူ ဟု လည်း ယူဆ ကြောင်း၊ ယခု ကဲ့သို့ သော ကွန်ပျူတာ နည်းပညာ ကို အလွဲ အသုံးချ မှု တို့ကို ရပ်တန်း က ရပ်ကြ လိမ့်မည် ဟု လည်း မျှော်လင့် ကြောင်း ထည့်သွင်း ပြောဆိုခဲ့ ပါတယ်။ အဆိုပါ ပညာရှင်းများက သူတို့ ရရှိထားသော အချက်အလက် အသေးစိတ် ကို သေချာ စွာ ထုတ်ပြန်ပေး ထားကြောင်း လည်း သိရှိ ရပါတယ်။ ဆက်လက်ဖတ်ရှုလိုပါက ဒီမှာ link

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP