" PLEASE USE YOUR LIBERTY TO PROMOTE OURS "

1.13.2009

အအေးဒဏ်ပိုကဲသောကြောင့် ရေပိုက်များပိုက် ...

တောင်ကိုရီးယားနိုင်ငံတွင် လာမယ့် တနင်္လာနေ့မှ စတင်ပြီး ဗုဒ္ဓဟူးနေ့အထိ အအေးလွန်ကဲမည်ဟု သက်ဆိုင်ရာ သတင်းရေဒီယိုဌာနများမှ ကြေညာထားပြီးဖြစ်ပါသည်။ ထိုသို့ကြေညာထားပါက မိမိတို့၏ နေအိမ် ၊ ရုံးခန်း ၊ အဆောက်အဦများရှိ ရေပိုက်များကို အထူးဂရုစိုက်မည်ဖြစ်ပါသည်။ ရေပိုက်များကိုလည်း ရေအနည်းငယ်ဖွင့်ပေးထားခြင်းဖြင့် ရေပိုက် ပိတ်ခြင်းအန္တရယ်မှ ကာကွယ်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက မိမိတို့အသုံးပြုနေသော ရေပိုက်များ ရေခဲ၍ ပိတ်သွားပြီဆိုလျှင် အအေးလျော့နည်းချိန်(သို့မဟုတ်) ရေပိုက်များအားဖြတ်တောက် ၊အပူပေး စသဖြင့် ရေပိုက်ပြန်ကောင်းချိန်ထိစောင့်ရတတ်ပါသည်။ ထို့ကြောင့် များသောအားဖြင့်ကိုရီးယားနိုင်ငံအတွင်းရှိ ပြည်သူများသည် မိမိတို့၏ ရေပိုက်များ ရေခဲ၍ ပိတ်ဆို့မသွားစေရန် အထူးဂရုစိုက်၍ ရေကိုအနည်းငယ် ဖွင့်ထားတတ်သည်။

သို့သော် ပြီးခဲ့တဲ့ တနင်္ဂနွေည (၉)နာရီမှ စတင်ကာ ကင်ပိုမြို့ ဝေါ်ဂို့စ်မြောင်မြို့ နယ် ဂါဆန်းရပ်ကွက်တွင် ရေပိုက်များရေခဲသွားသောကြောင့် ရပ်ကွက်အတွင်း နေထိုင်သူများ ရေအခက်အခဲနှင့် ရင်ဆိုင်နေကြရပါသည်။ သက်ဆိုင်ရာမှ ပြင်ဆင်နေသော်လည်း ယနေ့ဆိုရင် (၃) ည ရှိပြီဖြစ်သည်။ မနေ့က ရေပိုက်များပြန်လည်
ကောင်းမွန်သွားပြီဖြစ်ကြောင်း ၊ ည (၁၀) နာရီတွင် ပုံမှန်အတိုင်း ရေကိုပြန်လည်အသုံးပြုနိုင်မည်ဟု သက်ဆိုင်ရာမှ အကြောင်းကြားထားသော်လည်း ယခုအချိန်ထိရေမလာသောကြောင့် ကျေးရွာထဲတွင် ရေဒုက္ခရောက်နေကြကြောင်းသိရပါသည်။

ယင်းကျေးရွာတွင် နေထိုင်သောကြောင့် ကျနော်ဦးမဲကြီးလည်း အလုပ်ပြီးလျှင် ရေချိုး ၊ ထမင်းချက် ၊ အ၀တ်လျော် .... အစရှိသော ရေနှင့် ပတ်သက်သည့် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ နီးစပ်ရာ ကျေးရွာထဲတွင် နေထိုင်သောရွှေ မြန်မာညီအကိုများအနေဖြင့် ရေရှိလျှင် အကူအညီပေးစေလိုကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
:ayokona::scream::please:

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP