" PLEASE USE YOUR LIBERTY TO PROMOTE OURS "

1.14.2009

ဗကသခေါင်းဆောင်တွေအတွက် အယူခံဝင်မယ်ပြော ....

မြန်မာနိုင်ငံမှာ ထောင်ဒဏ်နှစ် ၂၀ - ကျော်ကနေ နှစ် (၁၀၀)ကျော်ထိ ကျနေတဲ့ အထက်မြန်မာပြည်က ကျောင်းသားအဖွဲ့တွေကို အယူခံဝင်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သူတို့ရဲ့ ရှေ့  နေကပြောပါတယ်...
အထက်မြန်မာပြည်ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့နီးစပ်သူ စုစုပေါင်း ၁၀ -ဦးခန့်ကို ပြီးခဲ့တဲ့ နှစ်ကုန်ကထောင်ချခဲ့တာဖြစ်ပါသည်။


ထောင်ဒဏ်နှစ်ပေါင်း ၁၀၄ နှစ်ထိ ကျခံနေရတဲ့ ဆယ်တန်းကျောင်းသား ကိုဗိုလ်မင်းယုကို ရဲ့ အမှုကိုလည်း အယူခံဝင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ရှေ့ နေကပြောပါတယ်... ဗကသအဖွဲ့ဝင်တွေနဲ့အတူ ထောင်ချခံရသူတွေထဲမှာ သံဃာတော်တွေလည်းပါဝင်ပါသည်။ ထောင်ချခံရတဲ့ ကျောင်းသားတွေထဲမှာ ၁၀ တန်းကျောင်းသားအပါအ၀င် အများစုမှာ အသက် ၂၀ ကျော်တွေ ဖြစ်ပါတယ်...
နောက်ပြီး မကေသီအောင်ရဲ့ ခင်ပွန်းလည်းဖြစ် တိမ်းရှောင်နေရတဲ့ ဗကသကျောင်းသားခေါင်းဆောင် ကိုထွန်းထွန်းကလည်း အခုပြစ်ဒဏ်ချတာတွေနဲ့ပတ်သက်လို့ ဒါဟာ အစိုးရက ဗကသကျောင်းသားကျောင်းသူမှန်သမျှ ဖြိုခွင်းဖို့ လုပ်နေတာသာ ဖြစ်တယ်လို့ ပြောပါတယ်...

( BBC)

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP