" PLEASE USE YOUR LIBERTY TO PROMOTE OURS "

2.12.2009

ခေါ်သံ (သို့) ငြိမ်းချမ်းရာလမ်း



စည်းလုံးမှုသက်သေ ပင်လုံမြေ
ညီညွတ်မှုကိုပြသခဲ့ လွတ်လပ်ရေးကို ရယူနိုင်ခဲ့။
တစ်ဦးရဲ့ အရေး ကိုယ့်အရေးမို့
ညီညွတ်စွာနဲ့ ဖြေရှင်းနိုင်ဖို့
ရာဇ၀င်မှာ မော်ကွန်းတွေရေးထိုးလို့ ။ ။

မြေပြန့်တောင်ပေါ်မခွဲခြား
ပင်လုံမြေမှာ သက်သေထား
ဟိုအရင်ကတည်းက တို့ညီအကိုသွေးချင်းများ။
အခုတော့ ...
အုပ်စိုးသူ အယောင်ဆောင်တွေရဲ့ 
ပြည်သူကိုအလေးမထား မလေးစား
အတ္တမီးကြီးမားခဲ့တော့
အစဉ်အလာလဲပျက် ရိုးရာလဲဖျက်
ယဉ်ကျေးမှုလဲ မဲ့နေခဲ့ပြီ
တို့ရွှေပြည် ။ ။

အမျိုးမျိုးလှည့်စား အာဏာရှင်လူတန်းစား
အရေးမထား သမိုင်းမော်ကွန်းများ
ဖြိုဖျက်ပစ်မှတော့
ရာဇ၀င်လဲမဲ့ သမိုင်းလဲမဲ့နေခဲ့ပြီ ။ ။

သွေးချင်းတို့ရေ ......
တမြေထဲနေ တရေထဲသောက်
တနေရာဆီ ပြန့်ကြဲနေလဲ
ဟိုအရင်...
ပင်လုံစိတ်ထား တကျော့ပြန်ရှင်သန်လို့
အေးချမ်းတဲ့ အနာဂတ်သစ်ကို ဖန်တီးဖို့
တို့အတူ
စနစ်ဆိုးကို ဖယ်ရှားကြပါစို့ ။ ။




ဟောင်းနွမ်းနေတဲ့ Diary ဟောင်းလေးအတွင်းက ရင်ထဲဆန္ဒပါ။

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP