" PLEASE USE YOUR LIBERTY TO PROMOTE OURS "

2.19.2009

ကိုယ့်ချစ်သူ လူမှဟုတ်ရဲ့ လား


ရသမျှလစာ မိန်းမဆီ အကုန်ပို့ ခဲ့တယ်...၊ မနက်ကလစာပေးရင် ညကျ ကိုယ့်မှာမရှိတော့လို့ သူငယ်ချင်းတွေဆီက ဟိုဘက်တိုးလိုက် ၊ ဒီဘက်တိုးလိုက်နဲ့ ချေးငှားပြီး ကိုယ်ကတော့ဖြစ်သလိုနဲ့ နေလာခဲ့တာ ခုဆိုတောင်ကိုရီးယားကိုရောက်တာ ၂-နှစ်ပြည့်ခဲ့ပါပြီကွယ်... ကိုယ်ကတော့ဖြစ်သလို(မင်းကိုယ်ချစ်လို့) ရုန်းကန်နေခဲ့ရပေမယ့် မင်းလေးလှဖို့ ကိုယ်ကြိုးစာနေရတယ်...
တိုက်တိုက်ဆိုင်ဆိုင် မနက်က မင်းဆီကစာတစ်စောင်ရောက်လာတယ်.. စာအိတ်ကနည်းနည်လေးတော့ ဓါတ်ပုံတွေလို့တော့ထင်မိတယ်.. ဒါနဲ့ပဲ အလုပ်ပြီးမှ ကြည့်တော့မယ်ဆိုပြီး နီးရာစားပွဲပေါ် တင်ထားမိတယ်...
ညနေအလုပ်ပြီးတော့ စာအိတ်လေးဖွင့်ကြည့်မိတယ်... ပထမဦးဆုံးဓါတ်ပုံတွေ ထွက်လာတော့ ကိုယ်လန့်သွားမိတယ်.. ကိုယ့်မျက်လုံးများ မှားလားပေါ့? ထပ်ခါထပ်ခါ ပြန်ကြည့်မိတယ်.. ကျနော့မိန်းမမှ ကျနော့မိန်းမအစစ်ပါ ။ ဓါတ်ပုံကိုကြည့်ရင်း အနောက်ကို ၂-နှစ်လောက် ပြန်ရောက်သွားမိတယ်.. အဲဒီတုန်းက ကျနော့မိန်းမဘော်ဒီက အရမ်းကိုလှတာ(ကြုံတုန်းကြွားထားမှ) ဘယ်လောက်လှလဲဆိုရင် ခုခေတ်မော်ဒယ် ... ... ၀ါးလုံးကို အ၀တ်ပတ်ထားသလောက်၊ ခုတော့ လေထိုးပြီးများဝသလား? လေတိုက်ပြီးများ ထွားသလား ? ဒါမှမဟုတ် ပို့သမျှ အကုန်များ ၀ယ်စားပစ်သလားမသိ၊ ဈေးသွားတာ လမ်းလျှောက်လို့မရလို့ တဲ့ ဆိုက်ကားတောင် တခြမ်းပဲစီးလို့ရတော့တယ်တဲ့.....(ကယ်ကြပါအုံး အရပ်ကတို့ရေ...)

ညကျတော့ အိမ်ကိုဖုန်းဆက်လိုက်တယ်.. မိန်းမလာကိုင်တယ်. ဟလို . ကိုရေ.... နေကောင်းလား . ဓါတ်ပုံတွေပို့ထားတဲ့ ရလားတဲ့? ကျနော်လဲပြောချင်တာ ရင်ထဲမှာကလိကလိနဲ့ ၊ ဘယ်လိုနေလဲဟင်တဲ့ . (ဆင်ခန္ဓာလေးလိုလှတယ်လို့ ပြောချင်ပေမယ့် စိတ်ထဲကပဲပြောလိုက်မိတယ်.. တကယ်ပြောရင် ... ဟဲဟဲ .. သိတယ်ဟုတ် ၊ ညစာလေး....ခက်မှာစိုး.....လို့) နည်းနည်းများ ၀လာသလားလို့လဲ ပြောလိုက်ရော...ဒါတောင်လျော့ထားတာကိုယ်ရဲ့ ၊ ကျနော်လဲ ဘယ်လိုမှ မနေနိုင်တော့ဘူး ဒါနဲ့မကြားတကြား သီချင်းလေးအော်ဆိုပြလိုက်တယ်...
သီချင်းတောင်မဆုံးသေးဘူး ဖုန်းချသံကြားလိုက်ရတယ်... စဉ်းစားကြည့်ပါဗျာ ... ကျနော်မမှားပါဘူး. . . ကျနော်က “ကိုယ့်ချစ်သူ လူမှဟုတ်ရဲ့ လား” လို့ ဒါလေးဆိုပြတာကို ဖုန်းချသွားတယ်...ဗျာ....

(ကိုသန်းထွန်း -အင်းစိန် အမှတ်တရ)



:wave::inlove::yawn:

1 comments:

ရေကြည် February 19, 2009 at 11:41 PM  

ဦးမဲုကီးရေ..

အဖြူ အမဲ မခွဲခြားတော့တဲ့ ဒီခေတ်ုကီး
အပိန်တွေ ခေတ်စားပေမယ့်လဲ အ၀လေးတွေလဲ
တမျိုး ချစ်ဖို့ ကောင်းပါတယ်..
မျက်လုံးမမှုန်သေးရင်ပေါ့နော်
ဟို.. စိုးလွင်လွင် ဆိုတဲ့သီချင်းလိုပဲ
တချက်လောက်တော့ ငဲု့ကည့်သင့်ပါတယ်..

တချို့ က ကိုယ့်ချစ်သူကို လွမ်းရင် သတိရရင်
စာရေးတတ်သူရှိတယ်.. ဈေးဝယ်ထွက်တဲ့သူရှိတယ်
စိတ်ဆိုးစရာတွေ တွေးပြီး မေ့ပလိုက်တာတွေ ရှိတယ်..
ဖုန်းဆက်တာတွေ ..အစဲုံပါပဲ (ပြောပြလဲ နားလည်မယ် မထင်ပါဘူး..ဒါမျိုးကလည်းကြုံဖူးမှသိတာ)

တချို့ ကလည်းလွမ်းလွမ်းနဲ့မုန့်တွေအများကြီးစားလို့ ဝလာတာနေမှာပေါ့..

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP