" PLEASE USE YOUR LIBERTY TO PROMOTE OURS "

2.02.2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ စီအီးစီတို့ကို မစ္စတာဂမ်ဘာရီ တပြိုင်တည်း တွေ့ဆုံခဲ့

မြန်မာနိုင်ငံရောက်ရှိနေသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည် နှင့် အန်အယ်လ်ဒီ စီအီးစီတို့ကို ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ၌ တပြိုင်တည်းတွေ့ဆုံပြီး တနာရီကျော် ဆွေးနွေးခဲ့သည်။

မစ္စတာဂမ်ဘာရီနှင့် မတွေ့မီ ဒေါ်အောင်ဆန်းကြည်နှင့် အန်အယ်လ်ဒီ စီအီးစီ (၆) ဦးတို့ (၁၅) မိနစ်ခန့် သီးခြားတွေ့ဆုံခွင့်ရခဲ့သည်ဟု အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။ အဆိုပါတွေ့ဆုံပွဲတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ ပါဝင်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။

မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်သုံးသပ်ရေး၊ နအဖနှင့် အန်အယ်လ်ဒီ တွေ့ဆုံဆွေးနွေးရေး စသည့်အချက်များ ဆွေးနွေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။ အဆိုပါအချက်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် အစောပိုင်းတွင် သဘောတူပြီးမှ မစ္စတာ ဂမ်ဘာရီနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မစ္စတာ ဂမ်ဘာရီက စီးပွားရေး အကူအညီပေးရေးကိစ္စ ဆွေးနွေးရာတွင် အချက်အလက်များ ပြည့်ပြည့်စုံစုံ ရထားခြင်း မရှိသည့်အတွက် မဆွေးနွေးနိုင်ကြောင်း အန်အယ်လ်ဒီက တုံ့ပြန်ခဲ့သည်။

ဦးလွင်မှာမူ ကျန်းမာရေးမကောင်းသည့်အတွက် ဂမ်ဘာရီနှင့် ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်းမရှိပေ။ သို့သော် ဂမ်ဘာရီ၏ ခရီးစဉ်နှင့် ပတ်သက်၍ ခေတ်ပြိုင်သို့ ပြောရာတွင် “ဂမ်ဘာရီအနေနဲ့ ၀တ္တရားအရ သွားတယ်၊ လာတယ်၊ တွေ့တဲ့အခါကျတော့ အလုပ်မဖြစ်တော့ဘူးပေါ့။ သူကတော့ ယူအန်မှာ တော်တော်လေး ၀ါရင့်သွားပြီထင်တယ်။ အဲလိုလူတွေကတော့ လုပ်တတ်ကိုင်တတ်တယ်။ ရာဇာလီလို လူနဲ့ယှဉ်ပြောရရင် မတူပါဘူး ကွာပါတယ်။ ဟိုလူ (ရာဇာလီ) ကတော့ စေတနာနဲ့ အလုပ်ကို မဖြစ်ဖြစ်အောင် လုပ်တယ်လေ။ ဂမ္ဘာရီကေတာ့ အဲလုိမဟုတ္ဘူး။ ပုံမှန်လုပ်စားတဲ့ သဘောများလားတော့ မသိဘူးလေ။ ဒီလို စွပ်စွဲတော့လည်း မကောင်းဘူးပေါ့လေ။ ခုကတော့ သူ့ဘက်ကိုယ့်ဘက် Reconciliation လုပ်ကြပြီးမှ ဒိုင်ယာလော့ကို သွားကြပေါ့လေ။ အဲဒီလို (၂) ဆင့်နဲ့သွားတာ၊ ရာဇာလီတုန်းကလည်း ဒီလိုလုပ်ခဲ့တာပဲ” ဟု ပြောသည်။

ယခုတခေါက် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်သည် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ ကျဆင်းနေသည့် မြန်မာ့စီးပွားရေးကိစ္စ ဆွေးနွေးရေးအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့ ဆွေးနွေးဖြစ်အောင် တွန်းအားပေးရေး ကိစ္စတို့က အဓိကဖြစ်ကြောင်း အမည်မဖော်လိုသည့် သံတမန်တဦးက မစ္စတာဂမ်ဘာရီ၏ ပြောကြားချက်ကို ကိုးကားပြောဆိုသည်။

တနင်္လာနေ့ထိ မစ္စတာဂမ်ဘာရီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရမရ အတိအကျ မသိရသေးပေ။
၂၀၀၈ ခု ဒီဇင်ဘာလကုန်ပိုင်းတွင်မူ ဂမ်ဘာရီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘန်ကီမွန်းထံ လျှို့ဝှက်အစီရင် ခံစာတစောင် တင်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော် လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးလုပ်ငန်း ခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြထားသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရမှ အဆိုပါအစီအစဉ်ကို စစ်အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ဂမ်ဘာရီ၏ အစီရင်ခံစာတွင် ပါသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

မူရင်း (link)

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP