မျှော်လင့်ခြင်း
မျှော်လင့်ခြင်း
- နှိုးစက် Alarm က အော်မြည်သံကြောင့်
ငါနိုးထခဲ့ ဒီနေ့အတွက်
ကောင်းသောနံနက်ခင်း နှုတ်ဆက်ရင်း
လုပ်ငန်းခွင်ထဲ ၀င်ခဲ့တယ်...
.. ငါ၏ခန္ဓာ ငါပိုင်ဦးနှောက်
ငွေကြေးအမိန့်အောက် ပုံစံပျောက်ခဲ့
သံပတ်ပေးထား စက်ရုပ်အလား
ဓနနောက်ကို လိုက်မိတယ်...
... နေပူအရိပ်ပျောက် လုပ်ငန်းခွင်အောက်
နဖူးကချွေး ခြေမ ဆေးရင်း
ဝမ်းရေးခက်ခက် လွမ်းရေးဖြတ်လျက်
ဒိုင်ယာရီ စာအုပ်တွေ ပုံခဲ့တယ်...
.... ဒီလိုနဲ့ပဲ
ရက်မှနှစ်ကူး ရင်ပူဆွေးလျက်
ဒဏ်ရာအောက်က ခံစားချက်ဖျောက်ခဲ့
ဝေဒနာရှုခင်းရေးဆွဲရင်း
အပြုံးမဲ့တေးသွား သီကြူးခြင်းနဲ့
အနာဂတ်မဲ့ ဘ၀ လွတ်ချင်တယ်...
(ဒိုင်ယာရီဟောင်းထဲက ခံစားချက်အပိုင်းတစ်စ)

0 comments:
Post a Comment