" PLEASE USE YOUR LIBERTY TO PROMOTE OURS "

4.03.2009

မိတ်ဆွေအဖေါ်


“ မိတ်ဆွေအဖော် ”
ချစ်ခင်တုန်းက ပြုံးပျော်ရွှင်မြူး
ကြည်နူးရင်းနဲ့ တစ်ဦးကိုတစ်ဦး
ဖေးမကူညီ သံယောဇဉ်
နှောင်ကြိုးရစ်ပတ် တွယ်မိတယ်...
--> မုန်းချင်လာတော့ အပြုံးမဲ့စကား
ဂရုဏာဘေးထား
သံသယပွဲစား ရင်ထဲဈေးကစား
နှုတ်ဆက်ထွက်ခွာသွားကြတယ်...
---> အတ္တစိတ်ကူး ရမ္မက်ရူးတော့
အသိဥာဏ်မရှိ သံယောဇဉ်မသိ
ဓနဈေးကွက် အလုယက်ရှာ
ကိုယ်ကျိုးတခုသာ ကြည့်ကြတယ်..
----> သူငါလက်ညှိုး အပြန်အလှန်ထိုးရင်း
မုသားစကား မျှော်လင့်ချက်တို့ခြစား
ယုံကြည်ချက်က အလင်းမဲ့သွား
တောတိုးဆင်ကန်း ဘ၀ခရီးဆိုးအား
ဆင်ခြင်မဲ့စွာ လျှောက်လှမ်းတယ်...
---->တွေ့ဆုံကြုံခွဲ ဒီဘ၀ခရီးထဲ
ကြုံတွေ့ခဏ ဆုံတွေ့ခိုက်ဝယ်
တစ်ဦးကိုတစ်ဦး ဖေးကူတွဲခေါ်
မိတ်ဆွေအဖေါ်
လိုရာပန်းတိုင်ရောက်နိုင်တည်း။ ။



:wave::wave::wave:

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP