" PLEASE USE YOUR LIBERTY TO PROMOTE OURS "

5.19.2009

မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့မှ ပြည်သူလူထုထံကြေညာချက် ။

နအဖရဲ့ တစ်ဖက်သတ်စွပ်စွဲချက်တွေကို အပြင်ထန်ဆုံး တုန့်ပြန်ကြမယ်။ ဒီနေ့ ညနေ(၆)နာရီတွင် နအဖရုပ်မြင်သံကြားက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းဝင်းမတို့ကို ဘာကြောင့်တရားစွဲရတယ်ဆိုပြီး မဟုတ်မဟတ်လုပ်ဇာတ်ခင်း သတင်းကို ကြေညာသွားပါတယ်။

ဒါဟာ ပြည်သူလူထုတစ်ရပ်လုံးကို ထပ်မံစော်ကားလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစကတည်းက အပြစ်ကျူးလွန်သူ မဟုတ်ပါဘူး နအဖဟာ မိမိကျူးလွန်တဲ့အပြစ်ကို တစ်ဖက်သတ်စွပ်စွဲချက်တွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေခြင်းသက်
သက်သာ ဖြစ်ပါတယ်၊ အမှန်တကယ် အပြစ်ပေးအရေးယူရမှာက ဒေါ်အောင်ဆန်းစုကြည် မ
ဟုတ်ပဲ နအဖခေါင်းဆောင် အာဏာရူးသန်းရွှေသြာ ဖစ်ပါတယ်။

အာဏာရူးသန်းရွှေဟာ တိုင်းပြည်ကို ထင်တိုင်းစိုင်းခဲ့တာ အနှစ် (၂၀) ရှိခဲ့ပါပြီ။ နောက်ထပ်လည်း တစ်တိုင်းပြည်လုံး ဒုက္ခရောက်အောင် နည်းလမ်းမျိုးစုံသုံး ညစ်ပတ်နေပြန်ပါပြီ။ နအဖ အာဏာသက်ဆိုးရှည်နေသမျှ ကာလပတ်လုံး သန်း(၅၀)ကျော်သော ရဟန်းရှင်လူပြည်သူတွေဟာ ဒုက္ခပင်လယ်ဝေကြရဦးမယ်ဆိုတာ သေသေချာချာ သဘောပေါက်ကြစေချင်ပါတယ်။

ကျွန်ုပ်တို့အားလုံး ချစ်ခင်လေးစားတန်ဖိုးထားတဲ့ လူထုခေါင်းဆောင်တစ်ယောက်ကို ထောင်သွင်းအကျဉ်းချ၊ စိတ်ဆင်းရဲအောင် အမျိုးမျိုးညှင်းပမ်းနှိပ်စက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေကြပါနဲ့တော့။

မိမိတို့ စွမ်းနိုင်သည့်ဖက်က ပူးပေါင်းပါဝင် ဆင်နွဲကြပါ၊ နအဖစစ်မိစ္ဆာကောင်တွေဟာ ပြည်သူလူထုရဲ့ ညီညွတ်မှုအားကို အလွန်အင်မတန်ကြောက်လှန့် စိုးရိမ်လျှက်ရှိပါတယ်၊ ဒါကို ပြည်သူလူထုကြီးက သဘောပေါက်စွာနဲ့ မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မိမိတို့ကိုယ်တိုင်ရရှိဖို့ ညီညီညွတ် ပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြပါ။

နအဖစစ်မိစ္ဆာတွေရဲ့ ယုတ်မာမှုတွေကို အပြင်းထန်ဆုံး တုန့်ပြန် ကြဖို့ အထူးတိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

မနက်ဖန် နံနက် (၉ ၀၀) တိတိအချိန်တွင် အင်းစိန်ထောင်ဗူးဝသို့ မိမိအစီအစဉ်ဖြင့် မပျက်မကွက် ပူးပေါင်းပါဝင် တော်လှန်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့ ။

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP