" PLEASE USE YOUR LIBERTY TO PROMOTE OURS "

5.22.2009

သွေးကွဲပြိုကွဲစေရန် သွေးခွဲနေသည့် လုပ်ရပ်များအား ယခုလိုအချိန်တွင် အထူးသတိထားကြပါရန် အထူးသတိပေးချက် ။

နအဖ သန်းရွှေရဲ့  စိတ်ဓါတ်ပိုင်း တိုက်ခိုက်ရေး စီမံချက် တိုက်ရိုက်ညွှန်ကြားမှုနဲ့  ဆင့်ကဲ ဆင့်ကဲ အမိန့် ပေးခိုင်းစေကာ နအဖနှင့် လက်ပါးစေများမှ ယခုအခါတွင် စီဘောက်များ၊ ဘလော့များ၊ တစ်ဦးချင်း အီးမေးလ်များ၊ အီးမေးအုပ်စုများ၊ ဖိုရမ်များတွင် အချင်းချင်းသွေးကွဲစေမည့် လုပ်ရပ်များဖြစ်သည်. အောက်ဖေါ်ပြပါ လုပ်ရပ်များအား ရေးသားနေတာ ပိုမို တွေ့ ရှိရပါတယ်။

- ပုဂ္ဂိုလ်ရေး ညှိုးနွမ်စေမည့် ဖန်တီးလုပ်ကြံမှုများ ရေးသားပေးပို့ ခြင်း၊

- တစ်ဖွဲ့ တည်းအတွင်း လက်တွဲလုပ်နေကြသူများ အချင်းချင်း ထင်ယောင်ထင်မှားဖြစ်စေရန် ကာယကံရှင် မသိစေဘဲ ထိုသူ၏ နာမည်ဖြင့် စာများ ရေးသားနေခြင်း၊

- အခြားသော သူများ၊ အင်အားစုများ၊ အဖွဲ့ အစည်းများနှင့် သွေးကွဲစေရန် ဖန်တီးပြောဆို ရေးသားနေခြင်းများအား တွေ့ ရှိရပါတယ်။

- နအဖဆန့် ကျင်သူများအဖြစ် ပုံမှားရိုက်ကာ ဟန်ဆောင်ပူးပေါင်းဝင်ရောက်ကာ အတွင်းသတင်းများ မေးမြန်းစုံစမ်းခြင်းများ ပြုလုပ်ခြင်းတို့ ကို တွေ့ ရှိရပါတယ်။

ထို့ ကြောင့် တော်လှန်ရေးအင်အားစုများ တစ်ဦးချင်းအနေဖြင့်ရော အဖွဲ့ လိုက်ရော အထူးသတိထားကြပါရန် အသိပေးအပ်ပါသည်။

မိမိတို့ အနေဖြင့် အဆိုပါရေးသားချက်များ တွေ့ ရှိ ရရှိပါက သက်ဆိုင်သူများထံ တိုက်ရိုက်မေးမြန်းပြီးမှသာ အတည်ပြုနိုင်ပါတယ်။ နာမည်တူဖြင့် ပုံမှားရိုက်ကာ ရေးသားမှုမှန်သမျှကို အလွယ်တကူ မယုံကြည်ကြရန် သတိပေးအပ်ပါတယ်။ မိမိတို့ ၏ ဘလော့များ၊ အီးမေးလ်အုပ်စုများ၊ ဖိုရမ်များအတွင်း အဖွဲ့ ဝင်အဖြစ် အလွယ်တကူ ၀င်ရောက်ကာ အသုံးချကာ ထိုကဲ့သို့  ရေးသားနေမှုများအား လေ့လာဆန်းစစ်ရန်ကိုလည်း သတိပေးအပ်ပါတယ်။

အချင်းချင်း မယုံသင်္ကာ ဖြစ်စေရန် ယခုကဲ့သို့  နအဖဘက်တော်သားများမှ ကိုယ့်လူသူ့ ဘက်သားအဖြစ် ဟန်ဆောင်လုပ်ဆောင်နေမှုများအား မျက်စိရှင်ရှင်ထား၍ အချင်းချင်း အပြန်အလှန် စုံစမ်း စစ်ဆေးခြင်း (Cross Check) ဖြင့် သေချာစွာ ဖေါ်ထုတ်ဖယ်ရှားကြပါရန် တော်လှန်ရေး သတိဖြင့် မပေါ့ဆဘဲ ဆောင်ရွက်ကြပါရန် အထူး သတိပေးအပ်ပါတယ်။

မူရင်း link

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP