" PLEASE USE YOUR LIBERTY TO PROMOTE OURS "

7.31.2009

တိုက်ပွဲခေါ်သံ နှိုးဆော်ချက်


လေးစားအပ်ပါသော ရဟန်းရှင်လူပြည်သူ တပ်မတော်သားအပေါင်းတို့…..

ဇူလိုင်လ (၃၁) ရက်နေ့သည် မြန်မာနိုင်ငံတွင် နအဖ စစ်မိစ္ဆာကောင်များ၏ ဆိုးဝါးကောက်ကျစ် ယုတ်မာမှု၊ မဟုတ်မတရား ဥပဒေပုဒ်မ တတ်ကာ လိမ်လည် လှည့်ဖြားမှုကြီးကို လူသိရှင်ကြား ကမ္ဘာသိအဖြစ် မတရားပြုမူလုပ်ဆောင်တော့မည်ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ပေးနိုင်မည့် သူများမှာ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူ မျိုးချစ် တပ်မတော်သားများသာလျှင် ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေးအတွက် မရှိမဖြစ် အရေးပါသည့် တန်းဖိုးဖြတ် မရသည့် ခေါင်းဆောင် ဖြစ်ပေသည်၊ လူထုခေါင်းဆောင်တစ်ယောက် လွတ်မြောက်ရေးအတွက် တာဝန်သည် သန်း(၅၀) ကျော်သော ကျွန်ုပ်တို့ မြန်မာနိုင်ငံသားအားလုံး၏ တာဝန်တစ်ရပ်ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်သူ့ လက်တွင်း ကျရောက် နေသည်ကို အထူး သတိပြုသင့် ပေသည်၊ အစားထိုးမရသည့် ခေါင်းဆောင် တစ်ယောက် ဆုံးရှုံးသွားပါက မြန်မာနိုင်ငံ၏ အနာဂတ်သည် ဗိုလ်ချုပ်အောင်ဆန်း ပြောသလို ဖာသည်တိုင်းပြည်ဖြစ် ရုံမက သူတောင်းစား တိုင်းပြည် အဖြစ်သို့ရောက်ရှိတော့မည်ဖြစ်သည်။

သို့ပါ၍ ကျွန်ုပ်တို့ လုပ်ဆောင်ရမည့်တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ပြီး တာဝန်ကျေသည့် ပြည်သူတစ်ယောက်ဖြစ်စေရန်အတွက် ဇူလိုင်လ (၃၁) ရက်နေ့တွင် အင်းစိန်ထောင်ရှေ့သို့ ညီညွတ်စွာ ချီတက်ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ကြပါရန် အထူးတိုက်တွန်းနိုးဆော်လိုက်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP