" PLEASE USE YOUR LIBERTY TO PROMOTE OURS "

8.23.2009

နှလုံးသားသံမဏိ











နှလုံးသားသမဏိ
- ချစ်တတ်တဲ့ နှလုံးသားအစုံကို
ကျဉ်းမြောင်းတဲ့ အယူအဆနဲ့
အကျဉ်းချဘောင်ခတ်ခြင်းသည်
နှလုံးသားအား ပြည်နယ်ဒဏ်ပေးလိုက်ခြင်းမည်၏။ ။

-- ဖြူစင်တဲ့မေတ္တာကို
ဂုဏ်ရှိန်ဝါ ပကာသနနဲ့
အရောင်ခြည်ကာထားရင်ဖြင့်
ပူလောင်ကာ အမြဲတမ်း လိုအပ်လျက်ရှိတာမို့
ငြိမ်းချမ်းတဲ့ ချစ်ခြင်းဟာ ပြတိုက်ထဲမှာ ငြိမ်သက်စွာ။ ။

--- ထားခဲ့တဲ့ သစ္စာကို
ကံကြမ္မာပုံကာ ယိုးမယ်ဖွဲ့ပြီး
နှုတ်ဆက်ကာ သွားရင်ဖြင့်
အပြုံးမဖက် အမုန်းဆက်ကာ
အရှူံးအမြတ်တွက်တဲ့
ရွှေရည်စိမ် အချစ်သာဖြစ်လိမ့်မယ်...

---- ယုံကြည်တယ်ဆိုရင်
ချစ်တတ်တဲ့နှလုံးသား
ဖြူစင်တဲ့မေတ္တာ
ထားခဲ့တဲ့သစ္စာကို
ခိုင်မြဲအောင် ကျောက်တိုင်တည်လို့
မျှော်လင့်ချက်ဟာ လက်တစ်ကမ်းမို့
မညာတမ်းပြောရရင်
ငါ .........................
မင်းအတွက်ထာဝရ ရှိနေတယ်...

( တစ်ခန်းရပ် Diary စာမျက်နှာဟောင်းမှ ရင်ခုန်သံ)

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP