" PLEASE USE YOUR LIBERTY TO PROMOTE OURS "

8.18.2009

ဆန္ဒ (သို့ ) တောင့်တခြင်း


ဆန္ဒ (သို့) တောင့်တခြင်း


ဘ၀ဆိုတာ...
လိုတာမရ မလိုတာရ
ပြုံးကာပြလဲ ငြိုးမာန်မစဲ
အမုန်းကပွဲ အတ္တတေးသံဝယ်
သာယာကြတယ်...


ဘ၀ဆိုတာ...
နေချင်သူမနေရ မနေချင်သူနေရ
လမ်းခွဲညနေ မျက်ရည်မိုးစွေ
ရင်ဝယ်မေ့မရ ဒီ ဒုက္ခ
ပူလောင်လွမ်းတေး ဆိုမိတယ်...


ဘ၀ဆိုတာ...
ရတုန်းခဏ ခဏရတုန်း
မဲ့ကာမပြုံး အပြစ်ရှောင်ပုန်း
မေတ္တာထားမှ ငြိမ်းအေးကြ
အေးမြစမ်းရေ စီးစေမယ်...


ဘ၀ဆိုတာ...
သဘောတရားလေလား တရားသဘောအတွေးများ
တွေ့ဆုံကြုံခွဲ ရှေ့ မြောက်တောင်နောက်
ကွယ်ကာပျောက်မို့ တွေ့တုန်းခဏ၀ယ်
ချစ်ကြိုးနွယ် အမုန်းထာဝရ
ကင်းစေတယ်...


ဘ၀ဆိုတာ...
ရခဲတာမို့ လိုတမရ
နေချင်သူမနေရ သဘောတရားပေမို့
နိမ့်မြင့်ကွယ်ပျောက် ခဏတာအချိန်လေးမို့
ဖြူစင်စိတ်ထား အာဃာတဖယ်ကာရှားမှ
ငြိမ်းအေးဘ၀၀ယ် ချမ်းသာဖွယ်...


ဘ၀ဆိုတာ...
ဘ၀ဆိုတာ...
ဘ၀ဆိုတာ...
ဘ၀ဆိုတာ...
ဆာလောင်မှုတွေ မပြည့်တဲ့နေရာ။ ။

(အချိန်မတန်ပဲ ကြွေလွင့်သွားတဲ့ သူငယ်ချင်း ကောင်းရာသုဂတိလားပါစေ...)

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP