လေးစားပါ၏။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်...
လေးစားပါ၏။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်...
သူ...
ကြင်လည်ခဲ့တဲ့ ဘ၀လမ်းတစ်လျောက်
အခက်အခဲ ခရီးကြမ်းက တောက်လျောက်
လွတ်လပ်ခွင့်အတွက် အသက်ကိုပေး
လူ့အခွင့်ရေးတွက် ဘ၀ကိုစတေး
အမျှော်မြင်ကြီးခဲ့ တိုင်းပြည်ရှေ့ ရေး။
သူ...
ယုံကြည်ခဲ့တဲ့ အနာဂတ်တစ်လျောက်
ဘ၀ပေးအခြေအနေက နောက်ကောက်
ဒါပေမယ့်လည်း မငြီးတွားသေး
လိုချင်တဲ့ပန်းတိုင်က ရေးတေးတေး
အေးအေးဆေးဆေး သူ့ဘ၀မပေး
ရုန်းကန်လှုပ်ရှား ပြည်သူ့ရှေ့ ရေး။
သူ...
မျှော်လင့်ခဲ့တဲ့ အိမ်မက်အတွက်
ခန္ဓာကိုယ် အပိုင်းအစ ပေးလှူခဲ့
နောက်တွန့်မသွားတဲ့ သံမဏိစိတ်နဲ့
ငြိမ်းချမ်းခြင်းကို ကိုင်စွဲလျက်
မပြီးဆုံးသေးတဲ့ ဇာတ်လမ်းအတွက်
သည်းခံရင်းနဲ့ ဆက်ချီခဲ့။
သူ...
ဝေဒနာအတွက် ကျခဲ့မျက်ရည်
ငြိမ်းချမ်းရေးဖြစ်ဖို့ စီးတဲ့မြစ်ရေ
အရာရာပေးထား သူ့ဘ၀အား
သေခြင်းတရားက အကြိမ်ကြိမ်ခေါ်မသွား
သူမျှော်မှန်းခဲ့ အိမ်မက်ခရီးက
သူအားခေါ်ဆောင် ချီတက်သွား။
ခုတော့...
သူ...
ရည်ရွယ်ခဲ့တဲ့ ပန်းတိုင်
မျှော်လင့်ခဲ့တဲ့ အိမ်မက်
ယုံကြည်ခဲ့တဲ့ အနာဂတ်ကို
နောင်လားသားတို့ အတုယူနိုင်အောင်
စံပြတည်ထောင် ငြိမ်းချမ်းရေးသရဖူ ဆောင်းနိုင်ခဲ့ပြီ။
လေးစားခြင်း ကမ္ဘာက ခံယူခဲ့ပြီ...
ပေးဆပ်ခြင်း ကမ္ဘာက အသိမှတ်ပြုခဲ့ပြီ...
စွန့်လွှတ်ခြင်း ကမ္ဘာက မှတ်တမ်းတင်နိုင်ခဲ့ပြီ...
ဒီထက်ပို၍...
သူအား
ထာဝရငြိမ်းချမ်းပါစေ ... ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်...
ကောင်းရာသုဂတိလားပါစေ....
မြန်မာ့ဒီမိုကရေစီရေးအတွက် အမြဲတမ်းထောက်ခံ အားပေးနေသော မစ္စတာကင်မ်ဒေဂျူင်းအား ဂုဏ်ပြုပါသည်။
သူ...
ကြင်လည်ခဲ့တဲ့ ဘ၀လမ်းတစ်လျောက်
အခက်အခဲ ခရီးကြမ်းက တောက်လျောက်
လွတ်လပ်ခွင့်အတွက် အသက်ကိုပေး
လူ့အခွင့်ရေးတွက် ဘ၀ကိုစတေး
အမျှော်မြင်ကြီးခဲ့ တိုင်းပြည်ရှေ့ ရေး။
သူ...
ယုံကြည်ခဲ့တဲ့ အနာဂတ်တစ်လျောက်
ဘ၀ပေးအခြေအနေက နောက်ကောက်
ဒါပေမယ့်လည်း မငြီးတွားသေး
လိုချင်တဲ့ပန်းတိုင်က ရေးတေးတေး
အေးအေးဆေးဆေး သူ့ဘ၀မပေး
ရုန်းကန်လှုပ်ရှား ပြည်သူ့ရှေ့ ရေး။
သူ...
မျှော်လင့်ခဲ့တဲ့ အိမ်မက်အတွက်
ခန္ဓာကိုယ် အပိုင်းအစ ပေးလှူခဲ့
နောက်တွန့်မသွားတဲ့ သံမဏိစိတ်နဲ့
ငြိမ်းချမ်းခြင်းကို ကိုင်စွဲလျက်
မပြီးဆုံးသေးတဲ့ ဇာတ်လမ်းအတွက်
သည်းခံရင်းနဲ့ ဆက်ချီခဲ့။
သူ...
ဝေဒနာအတွက် ကျခဲ့မျက်ရည်
ငြိမ်းချမ်းရေးဖြစ်ဖို့ စီးတဲ့မြစ်ရေ
အရာရာပေးထား သူ့ဘ၀အား
သေခြင်းတရားက အကြိမ်ကြိမ်ခေါ်မသွား
သူမျှော်မှန်းခဲ့ အိမ်မက်ခရီးက
သူအားခေါ်ဆောင် ချီတက်သွား။
ခုတော့...
သူ...
ရည်ရွယ်ခဲ့တဲ့ ပန်းတိုင်
မျှော်လင့်ခဲ့တဲ့ အိမ်မက်
ယုံကြည်ခဲ့တဲ့ အနာဂတ်ကို
နောင်လားသားတို့ အတုယူနိုင်အောင်
စံပြတည်ထောင် ငြိမ်းချမ်းရေးသရဖူ ဆောင်းနိုင်ခဲ့ပြီ။
လေးစားခြင်း ကမ္ဘာက ခံယူခဲ့ပြီ...
ပေးဆပ်ခြင်း ကမ္ဘာက အသိမှတ်ပြုခဲ့ပြီ...
စွန့်လွှတ်ခြင်း ကမ္ဘာက မှတ်တမ်းတင်နိုင်ခဲ့ပြီ...
ဒီထက်ပို၍...
သူအား
ထာဝရငြိမ်းချမ်းပါစေ ... ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်...
ကောင်းရာသုဂတိလားပါစေ....
မြန်မာ့ဒီမိုကရေစီရေးအတွက် အမြဲတမ်းထောက်ခံ အားပေးနေသော မစ္စတာကင်မ်ဒေဂျူင်းအား ဂုဏ်ပြုပါသည်။

0 comments:
Post a Comment