" PLEASE USE YOUR LIBERTY TO PROMOTE OURS "

8.26.2009

ခါချဉ်

ဓါတ်ပုံအား မဇ္ဈိမသတင်းဌာနမှ ရယူပါသည်။


ခါချဉ်

ဘုရားပေါ်ရောက်တော့ စိတ်ထဲမှာ နွမ်းလျပင်းပန်းတာတွေ ပျောက်ကွယ်ပြီး၊ အလွန်အေးချမ်းသွားမိတယ်...ငြိမ်းချမ်းလိုက်တာ ...ဒီလိုနဲ့ ဘုရားပေါ် လက်ယာရစ်တစ်ပတ် ပတ်နေတုန်း ထူးထူးဆန်းဆန်း ထောင့်တိုင်းထောင့်တိုင်းမှာ ပန်းပေါင်းစုံဘုရားတွေ တွေ့နေရတယ်.. သေသေချာချာ ကြည့်လိုက်တော့ နိုင်ငံတော်အကြီးအကဲကြီး မိသားစုများလှူဒါန်းထားတယ်လို့ ရေးထားတာတွေရတယ်..
အဲ့ဒီလိုကြည့်နေတုန်း အရင်ရောက်နှင့်နေတဲ့ အဖွားအိုနဲ့ သူ့မြေလေးတစ်ယောက် စကားပြောနေကြတယ်...နောက်ပြီး ဘိုးတော်လိုလို ပုတီးကြီးလည်ပင်းစွဲ အဖြူရောင်ဝတ်စုံနဲ့ ပုဂ္ဂိုလ်တစ်ယောက်ရယ် ၊ ဘုရားရဲ တစ်ယောက်နဲ့ယနေ့ခေတ်စားနေတဲ့ Hip Hop စတိုင်နဲ့ ကောင်လေးနှစ်ယောက်ကို တွေ့ရတယ်...
အဖွားအို- အင်း.. အဖွားတစ်သက် ရွှေတိဂုံဘုရားပေါ်လာတာ ခုလိုပန်းပေါင်းစုံဘုရား တစ်ခါမှ မတွေ့ဖူးဘူး၊ လှလိုက်တာနော်...
မြေးမလေး- ဟုတ်တယ်နော်အဖွား၊ ပန်းတွေကလဲစုံ၊ အနံ့တွေကလဲမွှေးကြိုင်နေတာမို့ စိတ်ထဲလန်းဆန်းသွားတာပဲ။
ဘုရားရဲ -ဟုတ်တယ်ကွယ့် ၊ အဲဒါ နိုင်ငံတော်အကြီးအကဲမိသားစု နံနက်စောစော လာလှူသွားတာ၊ သူတို့လာတော့ လုံခြုံရေးအရ ဘုရားတံခါးတွေ အကုန်လုံးပိတ်ပြီး ၊ ပတ်ပတ်လည် အစောင့်တွေချထားရသေးတယ်...ပြီးတော့ဘယ်သူမှ တက်ခွင့်မရှိဘူး။
ဘိုးတော်- ဟုတ်မယ်...‘‘ပန်းပေါင်းစုံဘုရားလှူ ’’ ဆိုတော့
ပန်း ဆိုတာက အနံ့အဆင်းနဲ့ပြည့်စုံပြီး မွှေးကြိုင်တယ်. ဘုရားကတော့ ပူဇော်အထူးကို ခံယူထိုက်တယ်... အင်း ဒါဆို ပြည်သူတွေရဲ့ ကြည်ညိုမှုကို ရယူပြီး သင်းပျံ့ ကြိုင်လှိုင် မွှေးပျံ့ စေချင်တဲ့ သဘောနဲ့ယတြာချေတာဖြစ်မယ်ကွ။
Hip Hop လူငယ်လေးတစ်ယောက်က- အာ... ဦးလေးကလဲ
ဟုတ်ပါ့မလား? သူတို့က “ ခါချဉ်’’ ဗျ။ ပြည်သူတွေက ကြည်ညို ၊မကြည်ညိုတော့မသိဘူး ။ခုနက ကျနော်လိုက်ကြည့်တဲ့ ပန်းပေါင်းစုံဘုရားတိုင်း ခါချဉ်တွေ ၀ဲနေတာတွေ့ရတယ်..
ဘိုးတော်- ပန်းဆိုတော့လဲ ၀ဲမှာပေါ့ကွ
Hip Hop လူငယ်- မဟုတ်ဘူးဗျ ။ ဦးလေးအဓိပ္ပါယ်ကောက်သလိုပြောရရင် တိရိစ္ဆာန်တွေက ပြည်သူတွေကိုယ်စား သူ့နာမည်လို့ ပြောလိုက်တာပဲ။ အားလုံး လူငယ်လေးစကားကို ဘာအဓိပ္ပါယ်လဲဟူသော အကြည့်ဖြင့်
ထိုအခါလူငယ်လေးက အဖွားတို့၊ ဘိုးတော်တို့ကလဲဝေးလိုက်တာ ၊ အဲဒါ နိုင်ငံတော်အကြီးအကဲကြီး မိသားစုအားလုံးကို ပြည်သူတွေက ‘‘ ခါချဉ်’’လို့ပြောလိုက်တာပဲ၊ ခါလည်းခါ၊ ချဉ်လည်းချဉ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဗျာ...


ပြုံးပျော်နိုင်ပါစေ...
:scream:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP