" PLEASE USE YOUR LIBERTY TO PROMOTE OURS "

9.09.2009

အလှည့်


 ငယ်ငယ်တုန်းက ကြားဖူးခဲ့သား
“ရဲဘော်မသေ၊ သေသော်ငရဲမလား”
သူရဲကောင်းတို့ ဇာတိမာန်များ။

 ခုများကြတော့ ပြောင်းပြန်ဖြစ်သွား
“ဘယ်သူသေသေ၊ ငတေမာဟာရဲဘော်များ”
ပြည်သူ့မျက်နှာ မထောက်ထား
အသိဥာဏ်မဲ့ကာ ဓနအင်အား
အတ္တဈေးကွက် အပြိုင်ဖွင့်ထား
ကိုယ်ကျင့်တရားကို ပြတိုက်ထဲထား
အမှန်တရားကို ကျဉ်ဆန်နဲ့ဈေးကစား
ရန်ကိုမျိုးထား ရမ္မက်ကို ပျိုးကြဲနေကြတယ်…

 ပါးစပ်ကဘုရား လက်ကကားယား
လူရှိန်အောင် အကြံဖန်လုပ်
အမှန်အကန် မဟုတ်တော့
သံသရာဝယ် …
ကံကြမ္မာ လှည့်ပြောင်းရင်တော့
အဖန်တစ်ရာ မိုက်ခဲစဉ်က
ညစ်ပေသောစိတ်ထား
ပစ်ပယ်ခဲ့သော မေတ္တာတရား
ရှာဖွေခက်ခဲ ဒီဘ၀ရယ်
ဝဋ်ကြွေးရှိသလောက်ခံရမယ်…။

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP