" PLEASE USE YOUR LIBERTY TO PROMOTE OURS "

9.19.2009

ငြိမ်းချမ်းရေးလမ်းစ...


ငြိမ်းချမ်းရေးလမ်းစ . . .


ပြိုတော့မယ့်မိုး မရွာနဲ့လို့
တားလို့ရရင် တားလိုက်ချင်။

ပြောင်းလဲတတ်တာ သဘာဝမို့
နေရစ်ခဲ့တော့ ချန်ရစ်ခဲ့တာ
ငါမငြိုငြင်။

ပျော်ရွှင်ပါစေ...
ပြည့်စုံပါစေ...
ဆုတောင်းလို့သာ နေခဲ့ချင်။

ချစ်ခင်တုန်းက ပြုံးပျော်ရွှင်မြူး
နေခဲ့ဖူးတာ သတိရရင်
မုသားမပါ ရင်ထဲမေတ္တာ
ရှိရင်းစွဲမို့ မမေ့ရက်ပါ။

သံယောဇဉ်ဟာ ဟောင်းနွမ်းသွားလဲ
အစဉ်အမြဲ နွေးထွေးစဲမို့
စဉ်းစားမိတိုင်း သတိရတိုင်း
ငါလွမ်းမိတာ ၀န်ခံတယ်...

သို့ပေမယ့်လည်း...
ရှေ့ တိုးရခက် နောက်သို့လှမ်းလျက်
ရှေ့ ခရီးနှင်သာ အားလုံးအတွက်ပါ။
ငြိမ်းချမ်းဖို့အတွက် ပေးဆပ်ခြင်းဟာ
အမုန်းမီးငြိမ်းဖို့ ဖန်တီးခြင်းသာ ။ ။

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP