မေတ္တာလျော့ရင်...

မေတ္တာလျော့ရင်...
“ အခြေအနေကိုသိရင်...
အဖြေဆိုတာ ညှိစရာမလို။
ဝေဒနာမပိုခင် နှုတ်ဆက်ကြတယ်...
အရှူံး၊အမြတ်မတွက်နဲ့
အဆုံးအဖြတ်ဟာ ကိုယ်ရွေးတဲ့လမ်းမို့
သမိုင်းကအဖြေပေးလိမ့်မယ်...
အကြင်နာလား?
ရင်ခုန်သံ မရပ်သေးသမျှ
မေတ္တာအတွက် ကွက်လပ်ဆိုတာမရှိပါ။
လက်တွေ့ဆန္ဒ အခြေအနေအရ
ဒုက္ခကိုမမျှချင်။
ဝေဒနာမတိုးခင် ငြိမ်းအေးဘ၀ရွေးချယ်ပါ။
ရှိရင်စွဲ မေတ္တာ ထားခဲ့တဲ့သယောဇဉ်
ပေးခဲ့တဲ့သစ္စာ အရောင်လွင့်ပျယ်တာ
ငါ..မဟုတ်ပါ။
မျှော်လင့်အိမ်မက် ရည်ရွယ်အနာဂတ်
ငါ၏ယုံကြည်ချက် ဘယ်တော့များမှ
ပြောင်းလဲမည်မဟုတ်။
ငါ..၏စိတ်ဓါတ်က ကျောက်ဆောင်လိုမလှုပ်။ ”

0 comments:
Post a Comment