သီးခြားအစိုးရများ ထူထောင်ခြင်းနှင့် စစ်ပွဲမီးလျှံများ (၁၉၄၈ မှ ၁၉၅၉) ကာလ အပိုင်း (၂)
အခန်း(၁)အိပ်စက်၍မရသော တောင်ပိုင်းဒေသ
၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် ပြုလုပ်ခဲ့သော ကုလသမဂ္ဂ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၁၉၄၈ခုနှစ် မေလ ၁၀
ရက်နေ့တွင် တောင်ကိုရီးယားဖက်ခြမ်းတွင် ရွေးကောက်ပွဲပြုလုပ်ခဲ့လေသည်။ထိုရွေးကောက်ပွဲသည် တောင်ကိုရီးယားဖက်ခြမ်း
သီးသန့်အစိုးရ တစ်ရပ် ဖွဲ့စည်းရန်အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည့်အတွက် ပြည်သူလူထု၏ ယုံကြည်လေးစားမှု ရယူ
ရန်အတွက်မူ ခက်ခဲခဲ့ပေသည်။ ကင်(မ်)ဂု နှင့် ကင်(မ်)ဂြူးရှစ် အပါအ၀င် ဘက်မလိုက် အမျိုးသားဝါဒီများမှ ရွေးကောက်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင်ခြင်းအား ငြင်းဆန် ကန့်ကွက်ခဲ့၍ တောင်မြောက် ပေါင်းစည်းရေး ကိုသာ အဆိုပြုခဲ့ကြသည်။ လက်ဝဲ၀ါဒီများ
မှလည်း ရွေးကောက်ပွဲနှင့် သီးသန့်အစိုးရ ဖွဲ့စည်းခြင်းအား အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ တစ်ဖက်တွင် အီဆူမန်နှင့် ကိုရီး
ယားဒီမိုကရက်တစ်ပါတီ စသည့် အစွန်းရောက်ဝါဒီ တို့သည့် တခြား နိုင်ငံရေး အသိုင်းအ၀ိုင်းအား ရွေးကောက်ပွဲတွင် ၀င်ရောက်
လာရေးအား ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးမှုနိုင်မှု မရှိသည့်အပြင် ခရိုင်မြို့များတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ဘက်မလိုက် ၀ါဒီ
တချို့ကိုပင် အရောင်ဆိုးခဲ့သည့်အတွက် ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရလေသည်။

ရွေးကောက်ပွဲရလဒ်သည် အမေရိကန် စစ်အုပ်ချုပ်ရေးအောက်မှ အာဏာရှင်အစိုးရ တစ်ရပ်ဖွဲ့စည်း ထူထောင်လိုသော ကိုရီးယား
ဒီမိုကရက်တစ်ပါတီမှ မျှော်မှန်းသည့်အတိုင်း ဖြစ်မလာပဲ အကြီးအကျယ် ရှုံးနိမ့် ခဲ့လေသည်။ ကိုရီးယား ဒီမိုကရက်တစ်ပါတီမှ
ရွေးချယ်ခံရသည့် လွှတ်တော်အမတ် ၂၉ဦးသာရှိခဲ့သော်လည်း တခြားရွေးကောက်ခံရသော တသီးပုဂ္ဂလ အမတ်များအား သိမ်း
သွင်းစည်းရုံးကာ အမတ်နေရာ ၆၀မှ ၇၀ကြား ရရှိခဲ့လေသည်။ အီဆူမန် ထောက်ခံရေးသမားများမှ အမတ်နေရာ ၆၀မှ ၇၀ကြား၊
ကင်(မ်)ဂုနှင့် ကင်(မ်)ဂြူးရှစ် တို့နှင့် နိုင်ငံရေးလမ်းစဉ်တူသော တစ်သီးပုဂ္ဂလ အမတ်များသည် ၆၀မှ ၇၀ကြား အသီးသီး ရွေး
ကောက်တင်မြှောက်ခြင်း ခံခဲ့ရပေသည်။ရွေးကောက်ခံခဲ့ရသော တစ်သီးပုဂ္ဂလ အမတ်များအနက် အီဆူမန်နှင့် ကိုရီးယားဒီမို
ကရက်တစ်ပါတီ တို့အား ပြစ်တင်ဝေဖန် ဆန့်ကျင်သည့် ပုဂ္ဂိုလ်များလည်း မနည်းလှပေ။ထိုသူများသည် ၁၉၄၈ခုနှစ် ဒီဇင်ဘာ လမှ စတင်၍ ၁၉၄၉ခုနှစ် ဇွန်လအထိ အီဆူမန်အား ဆန့်ကျင်သည့် ပါတီတွင်း အတိုက်အခံများအဖြစ် လှုပ်ရှား ခဲ့ကြလေသည်။
၁၉၄၈ခုနှစ် မေလ ၃၁ရက်နေ့တွင် ခေါ်ယူခဲ့သော ဖွဲ့စည်းပုံဆိုင်ရာ လွှတ်တော်အစည်းအဝေးမှ နိုင်ငံအမည်အား ကိုရီးယား ပြည် သူ့သမ္မတ နိုင်ငံအဖြစ် သတ်မှတ်ခဲ့လေသည်။အစိုးရဖွဲ့စည်းပုံအား အများစုမှ ပါလီမန်စနစ်အား ကျင့်သုံးရန် အဆိုပြုခဲ့ကြသော် လည်းအဆုံးတွင်မူ အီဆူမန်၏ ဆန္ဒအတိုင်း သမ္မတမှ တိုက်ရိုက်အုပ်ချုပ်သည့် စနစ်အား အသုံးပြုခဲ့လေသည်။ ၁၉၄၈ခုနှစ် ဇူလိုင် လ၁၇ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအား ထုတ်ပြန် ပြဋ္ဌာန်းခဲ့လေသည်။ ၁၉၄၈ခုနှစ် ဇူလိုင်လ ၂၀ရက်နေ့တွင် ပြုလုပ် ခဲ့ သော ဖွဲ့စည်းပုံဆိုင်ရာ လွှတ်တော်အစည်းအဝေးမှ သမ္မတနေရာအား အီဆူမန်နှင့် ဒုတိယသမ္မတနေရာအား အီရှီယောင်း တို့အား ရွေးချယ်ခဲ့ပြီးဇူလိုင်လ ၂၄နေ့တွင် ကျမ်းသစ္စာကျိန်ဆိုပွဲ ပြုလုပ်ခဲ့လေသည်။ အီဆူမန်သည် ကိုရီးယားဒီမိုကရက်တစ် ပါတီ၏ လုပ်ပိုင်ခွင့် အခွင့်အာဏာ များအား ထိန်းချုပ်ထားရန် ရည်ရွယ်၍ ရွေးချယ်ခံထားရသော လွှတ်တော်အမတ်များ အနက်မှ အီယူး (န်)ယောင်း အား ၀န်ကြီးချုပ်အဖြစ် လျာထားတင်မြှောက်ခဲ့သော်လည်း လွှတ်တော်မှ ကန့်ကွက်ခဲ့သည့်အတွက် အီဘော (မ်) ဆော့အား ပြောင်းလဲလျာထားခဲ့ရာ လွှတ်တော်မှ အတည်ပြု ခန့်အပ်ခဲ့လေသည်။ အစိုးရအဖွဲ့ဝင် ရာထူးနေရာများတွင် ကိုရီး ယားဒီမိုကရက်တစ် ပါတီမှလွှတ်တော်အမတ်များအား ဖယ်ရှား၍ အီဆူမန်နှင့် နီးစပ်သည့် ပုဂ္ဂိုလ်များကိုသာ အဓိကထား ခန့် အပ်ခဲ့လေသည်။၁၉၄၈ခုနှစဩဂုတ်လ ၁၅ရက်နေ့တွင် ကိုရီးယားပြည်သူ့သမ္မတ နိုင်ငံ အစိုးရဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ကြေငြာခဲ့ပေသည်။ စစ်ဘက်ဆိုင်ရာ ရေးရာများကိုမူ အမေရိကန်စစ်တပ်များ ရုတ်သိမ်းမည့် အချိန်အထိ အမေရိကန်စစ်တပ်မှ တာဝန်ယူရန်သဘောတူခဲ့ကြလေသည်။

မြောက်ကိုရီးယား ဖက်ခြမ်းတွင်မူ တောင်ကိုရီးယားဖက်ခြမ်းနှင့် မတူ တခြားနည်းလမ်းဖြင့် အစိုးရတစ်ရပ် ဖွဲ့စည်း ခဲ့လေသည်။
မြောက်ကိုရီးယားဖက်ခြမ်းသည် ၁၉၄၈ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲမှ အစပြု၍ တောင်မြောက်နိုင်ငံရေး
ပါတီနှင့် လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ ပေါင်းစည်းညှိနှိုင်းရေး ညီလာခံအား ဇွန်လ ၂၉ရက်နေ့မှ ဇူလိုင်လ ၅ရက်နေ့
အထိ ကျင်းပခဲ့ပြီး တောင်ကိုရီးယားဖက်ခြမ်း၏ ရွေးကောက်ပွဲအား ကန့်ကွက်ရှုတ်ချခဲ့လေသည်။ တောင်ကိုရီးယားဖက်ခြမ်းမှ
"မြေအောက်ရွေးကောက်ပွဲ"ဟု ခေါ်တွင်ခဲ့သော ပြည်သူလူထုမှ လျှို့ဝှက်စွာ ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသော လူထုကိုယ်စား
လှယ် ၃၆၀ဦးနှင့် မြောက်ကိုရီးယားဖက်ခြမ်းမှ ရွေးချယ်တင်မြှောက်ခဲ့သော ၂၁၂ဦးတို့ဖြင့် "ထိပ်တန်းလူထုကိုယ်စားပြုကောင်စီ
" အား ဖွဲ့စည်းကာ ၁၉၄၈ခုနှစ် စက်တင်ဘာလ ၈ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ရေးဆွဲပြဋ္ဌာန်းခဲ့လေသည်။ စက်တင်
ဘာလ ၉ရက်နေ့တွင် ကင်(မ်)အီ(လ်)ဆောင်အား ဥက္ကဋ္ဌအဖြစ် ထားရှိသည့် အစိုးရအဖွဲ့အား ဖွဲ့စည်းခဲ့လေသည်။ နိုင်ငံအမည်အားကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ အဖြစ်သတ်မှတ်ခဲ့ပြီး နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းကို လည်း သီးသန့်ပြုလုပ်ခဲ့လေသည်။
အစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း ကြီးမားသော လူထုအုံကြွမှုများ ပေါ်ပေါက်လာခဲ့လေသည်။ ဂျေဂျူ ဧပြီ၃ရက် အရေးအခင်းနှင့်
ယော်ဆူး(န်) အရေးအခင်းတို့သည် အီဆူမန် အစိုးရမှ ပထမဦးဆုံး လူထုနှင့် ရင်ဆိုင်ခဲ့ကြရသော အရေးအခင်းများဖြစ်ပြီး ထို
အရေးအခင်းများတွင် စစ်တပ်နှင့်ရဲ၏ နိမ်နင်းနှိပ်ကွပ်မှုများကြောင့် များစွာသောသူများ အသက်ပေးခဲ့ကြရလေသည်။
ဂျေဂျု ဧပြီ ၃ရက် အရေးအခင်းသည် မေလ ၁၀ရက် ရွေးကောက်ပွဲနှင့် တောင်ကိုရီးယား သီးသန့်အစိုးရ ဖွဲ့စည်းခြင်းအား ဆန့်
ကျင်မှုမှစတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ ၁ရက်ဆန္ဒပြပွဲ ပြုလုပ်ပြီးနောက်ပိုင်း တောင်ကိုရီးယားအလုပ်သမားပါတီနှင့်
ဂျေဂျုပြည်နယ်သားများမှ မတရားဖိနှိပ်ခံရမှုများအပေါ် မကျေနပ်မှုများကို အခြေခံကာ အုံကြွှမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ရေးမရမီ ဂျပန်အုပ်ချုပ်နေသည့် အချိန်ကတည်းက ဂျေဂျုပြည်နယ်သည် လူထုလှုပ်ရှားမှုများ အစဉ်အလာရှိခဲ့ပေသည်။
လွတ်လပ်ရေးမရမီ အချိန်ကတည်းက နိုင်ငံတော်ပြန်လည် ထူထောင်ရေး ပြင်ဆင်မှုကော်မတီ နှင့် လူထုကိုယ်စားပြုကောင်စီ
တို့သည် ဂျေဂျုနယ်သားများ၏ ကူညီမှုဖြင့် လွတ်လပ်ရေးလှုပ်ရှားမှုများအား အောင်မြင်စွာ လှုပ်ရှားနိုင်ခဲ့ကြပေသည်။

သို့သော် ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့သော မတ်လ ၁ရက် အရေးအခင်း အထိမ်းအမှတ် ဆန္ဒပြပွဲအား ရဲများမှ ပစ်ခတ်ဖြိုခွင်းခဲ့သည့်
အတွက် ပြည်သူ ၆ဦး အသက်ဆုံးရှုံးခဲ့လေသည်။ထိုသို့ ငြိမ်းချမ်းမှုအား အကြမ်းဖက်ဖြိုခွင်းခဲ့သည့်အတွက် ငြိမ်းချမ်းမှုများသည်
ပျောက်ကွယ်သွားခဲ့ရပေသည်။ ထိုသို့ အပြစ်မဲ့ ပြည်သူများ အသက်ဆုံးရှုံးခဲ့ရသည့်အတွက် မတ်လ၁၀ရက်နေ့တွင် ဂျေဂျူပြည်
နယ်ရှိ အစိုးရ၀န်ထမ်းများ သပိတ်မှောက် ဆန္ဒပြခဲ့ကြလေသည်။ အစိုးရ၀န်ထမ်း အရာရှိများပါ သပိတ်မှောက် ဆန္ဒပြမှုတွင် ပါ
ဝင်ခဲ့လေသည်။ သပိတ်မှောက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည့်အတွက် ဂျေဂျုပြည်နယ်တွင် အစိုးရ ယန္တယားများ ရပ်ဆိုင်းသွားခဲ့ရ
လေသည်။ ထို့ကြောင့် အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့မှ သပိတ်မှောက် ဆန္ဒပြမှုအား ဖြိုခွင်းရန်အတွက် ရဲအင်အား တိုးချဲ့ခဲ့
သည့်အပြင် အနောက်မြောက်လူငယ်များ အစည်းအရုံးမှ လူငယ်များကိုလည်း ခေါ်ယူ သုံးစွဲခဲ့လေသည်။ (အနောက်မြောက်
လူငယ်များ အစည်းအရုံးသည် ၁၉၄၆ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် ဆိုးလ်မြို့တွင် ဖွဲ့စည်းခဲ့သည့် ကွန်မြူနစ် အလုံးစုံ ဆန့် ကျင်ရေး လူငယ်အဖွဲ့ တစ်ခု ဖြစ်သည်။ ထိုအဖွဲ့မှ ကွန်မြူနစ်ဝါဒီဟု ယူဆရသူအား တွေ့ရှိပါက အကြမ်းဖက်တိုက်ခိုက်ခြင်းပြု လုပ်သည့် အဖွဲ့တစ်ခု လည်း ဖြစ်ပေသည်။)ရဲနှင့် အနောက်မြောက်လူငယ်များ အစည်းအရုံးမှ လူငယ်များသည် သပိတ်မှောက်
်ဆန္ဒပြမှုတွင် ပါဝင်သူရော မပါဝင်သူတို့ကိုပါ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီး ခြင်းများ ပြုလုပ်ခဲ့ပေသည်။ ထို့အပြင် တွေ့သမျှလူ
များအား ရိုက်နှက်ဖမ်းဆီးခြင်း၊ အမျိုသမီးများအား မုဒိမ်းကျင့်ခြင်း၊ ပစ္စည်းဥစ္စာများအား မတရားလုယက် သိမ်းယူခြင်း စသည့်
အာဏာအလွဲသုံးစားမှုများကိုပါ ပြုလုပ်လာခဲ့သည့်အတွက် တောင်ကိုရီးယား အလုပ်သမားပါတီ ဂျေဂျုဋ္ဌာနခွဲမှ ပါတီဋ္ဌာနချုပ်နှင့်
ညှိနှိုင်းတိုင်ပင်ခြင်း မပြုပဲ လက်နက်ကိုင် တော်လှန်ရန် ဆုံးဖြတ်ခဲ့ကြလေသည်။ ထို့နောက် ၁၉၄၈ခုနှစ် ဧပြီလ ၃ရက်နေ့တွင်
လက်နက်ကိုင် တော်လှန်ရေးသမားများသည် ရဲစခန်းများနှင့် သပိတ်ဖြိုခွင်းရေးအား ပါဝင်ကူညီခဲ့သည့် အနောက်မြောက်လူ
ငယ်များ အစည်းအရုံးဝင်များအား ထိုးစစ်ဆင် တိုက်ခိုက်ရာမှ စတင်၍ ဂျေဂျူအရေးအခင်းကြီး စတင်ခဲ့ခြင်းဖြစ်သည်။
ဧပြီ ၃ရက်နေ့မှ စတင်၍ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြသည့် ဂျေဂျုအရေးအခင်းတွင် အသေအပျောက် များပြားလာသည့်အ တွက် သပိတ်ဖြိုခွင်ရေးဖက်မှ တပ်ရင်းအမှတ်(၉) တပ်ရင်းမှူး ကင်(မ်)အိ(ဂ်)လျှော(လ်) သည် လက်နက်ကိုင် တော်လှန်ရေး
အဖွဲ့ခေါင်းဆောင် ကင်(မ်)ဒါ(လ်)ဆမ်း နှင့် ဧပြီလ ၂၈ရက်နေ့တွင် ငြိမ်းချမ်းရေးယူရန် တွေ့ဆုံဆွေးနွေးခဲ့လေသည်။ သို့သော်
အမေရိကန်စစ်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲချုပ်ဖြစ်သူ ဂျိုဗြောင်အုတ် တို့သည် သပိတ်ဖြိုခွင်းရေး တစ်ဖက်သတ်လမ်းစဉ် ကိုသာ စွဲ ကိုင်ထားခဲ့သည့် အတွက် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲသည် ပျက်စီးသွားခဲ့လေသည်။ ဂျေဂျု ပြည်နယ်တွင် ရွေးကောက်ပွဲ
အတွက် မဲရုံ ၃ရုံ ထားရှိသည့်အနက် မဲရုံ၂ရုံသည် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ဂျေဂျုအရေးအခင်းတွင် အသက်ဆုံးရှုံးသူပေါင်း ၂သောင်း ၅ထောင်မှ ၃သောင်းခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားသည့် ဂျေဂျုဧပြီ
ီ ၃ရက် အရေးအခင်း စစ်တမ်းအား ၂၀၀၃ခုနှစ် အောက်တိုဘာလတွင် ကိုရီးယားအစိုးရမှ ထုတ်ပြန်ခဲ့လေသည်။ ဂျေဂျူအရေး
အခင်းတွင် အသက်ဆုံးရှုံးခဲ့သည့် သူများအနက် အများစုမှာ အစုံလိုက်အပြုံလိုက် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ သပိတ်နှိမ်နင်း
ရေးစစ်တပ်နှင့် ရဲတို့၏ လက်ချက်ဖြင့် ကလေးငယ်များ၊အမျိုးသမီးများ နှင့် သက်ကြီးရွယ်အိုများပါ အစုလိုက်အပြုံလိုက် သတ်
ခံခဲ့ရလေသည်။ လက်နက်ကိုင် တော်လှန်ရေးသမားများ၏ လက်ချက်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများလည်း ရှိ
ခဲ့လေသည်။သို့သော် အီဆူမန်သည် အနောက်မြောက်လူငယ်များ အစည်းအရုံးဝင်များအား အားပေးချီးမြှောက်ကာ ပိုမိုပြင်းထန် သည့် နှိမ်နင်းမှုများဖြင့် အရေးအခင်းအား ဖြေရှင်းရန်ကြိုးစားခဲ့ပေသည်။ ကိုရီးယားစစ်တပ်အား စီမံခန့်ခွဲနိုင်သည့် အမေရိကန် စစ်တပ်သည်လည်း လူထုအား အစုံလိုက်အပြုံလိုက် သတ်ဖြတ်ရာတွင် အားပေးကူညီမှုများ ပြုလုပ်ခဲ့ပေသည်။ထိုအရေးအခင်း သည် ကျွှန်းနယ်မြေတွင် ပေါ်ပေါက်ခဲ့သည့်အတွက် တခြားနယ်မြေများသို့ အလွယ်တကူ သတင်းပျံနှံ့မှု မရှိခဲ့ပေ။ဂျေဂျု ဧပြီ၃ရက် အရေးအခင်းသည် ကိုရီးယားခေတ်ပြိုင်သမိုင်းတွင် ကိုရီးယားစစ်ပွဲပြီးလျှင် လူအသေအပျောက် အများဆုံး အရေးအခင်းတစ်ခု ဖြစ်ပေသည်။
ယော်ဆူး(န်) အရေးအခင်းသည် ယော်ဆုမြို့ အခြေစိုက် ကိုရီးယားစစ်တပ် အမှတ်(၁၄)တပ်ရင်းမှ စစ်သည် တစ်ချို့အား ဂျေဂျု ပြည်နယ် သပိတ်နှိမ်နင်းရေးအဖြစ် တာဝန်ပေးအပ်ပြီး ဂျေဂျုပြည်နယ်သို့ ထွက်ခွာရန် အမိန့်ပေးခဲ့သည့် အောက်တိုဘာလ ၁၉ ရက် နေ့တွင် သပိတ်နှိမ်နင်းရေးအဖြစ် တာဝန်ပေးအပ်ခံရသူ စစ်သည်များမှ ပြန်လည်တော်လှန်ပုန်ကန်ရာမှ စတင်ခဲ့ခြင်းဖြစ် သည်။

ယော်ဆူး(န်)အရေးအခင်းသည်လည်း လူအများသေကြေပျက်စီးမှု ရှိခဲ့လေသည်။လက်ယာဝါဒီများမှ ဆူး(န်)ချော(န်)မြို့နှင်ယော် ဆုမြို့တို့ရှိ ရဲစခန်းများအား ၀င်ရောက်တိုက်ခိုက်ရာမှ သေကြေပျက်စီးမှုများ ရှိခဲ့သော်လည်း စစ်တပ်နှင့်ရဲတို့၏ လက်ချက် ဖြင့် သေကြေပျက်စီးမှုသည် အဆပေါင်းများစွာ ပိုမိုများပြားလေသည်။ အထူးသဖြင့် စစ်တပ်ဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ ကင်(မ်)ဂျုံ ဝေါ်(န်) ဆိုသူသည် ပြည်သူအများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသူ တစ်ဦးဖြစ်လေ သည်။ ယော်ဆူး(န်)အရေးအခင်း တွင် လက်နက်ကိုင် တော်လှန်ပုန်ကန်ခဲ့ကြသည့် တော်လှန်ရေးသမားများသည် ဂျီလီတောင် ပေါ်သို့ တက်ရောက် တောခိုခဲ့ကြလေသည်။
ကိုရီးယားစစ်တပ်မှ ယော်ဆူး(န်)အရေးအခင်းအား အကြောင်းပြုကာ စစ်တပ်အတွင်း တောင်ကိုရီးယား အလုပ်သမားပါတီနှင့်
ပတ်သက်နေသူများအား သုတ်သင်ရှင်းလင်းရေးများအား ပြုလုပ်ခဲ့လေသည်။ ထိုအချိန်က တရုတ်နိုင်ငံ ဂွမ်ဒုံ စစ်တပ်၏ လက်
အောက်တွင်ရှိသော မန်ဂျုးစစ်တပ်၏ အရာရှိတစ်ဦးအဖြစ် ဂျပန်လက်ငုတ်လက်ရင်းများအား သုတ်သင်ရှင်းလင်းရေးများ ပြု
လုပ်နေသော ဘတ်ဂျော်ဟီး(ကိုရီးယား စစ်အာဏာရှင်ဖြစ်လာသူ) (မှတ်ချက်။ ပတ်ဂျုံဟီးဟု ဘာသာပြန်ဆိုမှုသည် မှားယွင်း
သော ဘာသာပြန်ဆိုမှု ဖြစ်ပါသည်။) သည် တောင်ကိုရီးယား အလုပ်သမားပါတီနှင့် ဆက်နွယ်နေသူများအား သုတ်သင်ရှင်း
လင်းရေး လှုပ်ရှားမှုများပါ ပြုလုပ်ခဲ့လေသည်။ ထို့အပြင် စစ်တပ်အတွင်းသို့ စတင်ဝင်ရောက်စဉ် ကတည်းက သိကျွှမ်းရင်းနှီး
ခဲ့သည့် ရဲဖော်ရဲဖက်များ အနက် တောင်ကိုရီးယား အလုပ်သမားပါတီနှင့် ပတ်သက်နေသူများ၏ သတင်းအချက်အလက် များ
အား အမေရိကန်စစ်တပ်နှင့် ကိုရီးယားစစ်တပ်သို့ သတင်းပေးပို့မှုများ ပြုလုပ်ခဲ့ပေသည်။

အီဆူမန် အစိုးရသည် ယော်ဆူး(န်) အရေးအခင်းအား အကြောင်းပြု၍ နိုင်ငံတော်လုံခြုံရေး ဥပဒေအား ပြဋ္ဌာန်းရန် အလျှင်အမြန် ပြင်ဆင်ခဲ့လေသည်။ အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့သည် ရဲအင်အားသုံးကာ လက်ဝဲ၀ါဒီများအား ဖိနှိပ်ရန်ကြိုးစားခဲ့သော်လည်း ထိုအချိန်ကာလက ကွန်မြူနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ သည် အောင်မြင်မှုမရှိခဲ့ပေ။
ဂျပန်အုပ်စိုးစဉ် အချိန်ကတည်းက လက်ဝဲ၀ါဒီ ကွန်မြူနစ်များသည် ဂျေဂျုပြည်နယ်တွင် ဂျပန်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှား မှုများ အဆက်မပြတ်လှုပ်ရှားခဲ့သည့်အပြင် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း လက်ဝဲ၀ါဒ၏ လမ်းစဉ်အား ဂျေဂျူပြည် နယ်မှ ပြည်သူများမှ ထောက်ခံအားပေးခဲ့ကြသည့်အတွက် ဖြစ်ပေသည်။ အီဆူမန် အစိုးရသည် နိုင်ငံတော် လုံခြုံရေးဥပဒေ အား အစွန်းရောက်ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရေး လမ်းစဉ်ဖြင့် ကွန်မြူနစ်ဝါဒ အမြစ်ပြုတ်ချေမှုန်းရန် လက်နက်တစ်ခုသဖွယ် အသုံးချ ခဲ့ခြင်းဖြစ်ပေသည်။
လွှတ်တော် ဥပဒေပြုအဖွဲ့မှ အောက်တိုဘာလ ၂၇ရက်နေ့တွင် အပိုင်း၅ပိုင်း ပါရှိသည့် နိုင်ငံတော် လုံခြုံရေးဥပဒေ မူကြမ်းအား
ရေးဆွဲကာ နိုဝင်ဘာလ ၉ရက်နေ့တွင် ပြုလုပ်ခဲ့သော လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့လေသည်။ အသက်ငယ်ရွယ်
တက်ကြွသည့် လွှတ်တော်အမတ်များနှင့် သတင်းဋ္ဌာနများကမှု ထိုဥပဒေသည် ဂျပန်အုပ်ချုပ်စဉ် အသုံးပြုခဲ့သော ပြည်တွင်းလုံခြုံ ရေးဥပဒေအား ပြန်လည်အသက်သွင်းသည့် ဥပဒေဖြစ်ပြီး အစွန်းရောက် ကွန်မြူနစ် ဆန့်ကျင်ရေး မျိုးဆက်များမှ အပကျန်သည့် နိုင်ငံရေး အင်အားစုများအား ဖိနှိပ်နိုင်ရန် အသုံးချမည့် ဥပဒေဖြစ်သည်ဟု ပြောဆိုခဲ့ကြပြီး ကန့်ကွက်ခဲ့ကြလေသည်။

လက်တွေ့တွင်လည်း ထိုအချိန်က နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သူ အီဘော(မ်)ဆော့နှင့် ပြည်ထဲရေးဝန်ကြီး ဖြစ်သူ ယူး(န်)ချီယောင်း
တို့သည် ယော်ဆူး(န်) အရေးအခင်းအား အကြောင်းပြုကာ ကင်(မ်)ဂု ထောက်ခံသူ မျိုးဆက်များအား ဖိနှိပ်မှုများ ပြုလုပ်ခဲ့လေ
သည်။သို့သော် ထိုဥပဒေအား နိုဝင်ဘာလ ၂၀ရက်နေ့တွင် လွှတ်တော်၌ အတည်ပြုချက်ရယူကာ ဒီဇင်ဘာလ ၁ရက်နေ့တွင် ဥပ ဒေအား စတင်ပြဋ္ဌာန်းခဲ့လေသည်။
အီဆူမန် အစိုးရနှင့် ဘတ်ဂျော်ဟီး အစိုးရတို့သည် နိုင်ငံတော်လုံခြုံရေး ဥပဒေအား အဓိကလက်နက်သဖွယ် အသုံးချကာ အာ ဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပေသည်။၁၉၄၈ခုနှစ်တွင် သီးသန့် ဖွဲ့စည်းတည်ထောင် ခဲ့ကြသော တောင်နှင့်မြောက် အစိုးရ များသည် မိမိတို့သာလျှင် တရားဝင်အစိုးရ ဖြစ်ပြီး ကျန်သည့် အစိုးရသည် တရားမ၀င်ဖွဲ့စည်းခဲ့သည့် အစိုးရဖြစ်သည်ဟု အပြန် အလှန်ဝေဖန် ပြောဆိုခဲ့ကြလေသည်။
ဆက်လက်ဖော်ပြပါအုံးမည်
ကိုလူချစ်(ကိုရီးယား) ၂၁။၆။၀၉
ခေတ်ပြိုင်မှ တစ်ဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment