ခြေရာဖျောက်ငြိမ်းချမ်းရေး
ခြေရာဖျောက်ငြိမ်းချမ်းရေး
“ တို့တွေဆုံတွေ့ ချစ်ခဲ့စဉ်က
တိုင်တည်သစ္စာ မြတ်ဘုရားရှေ့ မှာ
ဘယ်ဘ၀ရောက်ရောက် သူ့ငါစောင့်လျက်
လက်တွဲသူပျော် မခွဲဘူးနော်…
ထားခဲ့ကတိ ပေးခဲ့သစ္စာ
မယိမ်းမယိုင် စွဲကိုင်ထိန်းလျက်
ကံကြမ္မာဒီဇာတ် အလွမ်းပြဇာတ်
ဆုံတွေ့ဖို့မပေး နီးလျက်ဝေး…
ကံကိုပဲယိုး ဇာတာပဲဆိုး
ဝေးရဖို့က အမျိုးမျိုး
ငြီးတွားရင်းသာ ဒီဘ၀ဆိုး
လွတ်မြေက်ဖို့ကို ရှေ့ မျှော်ကိုး …
ဖြစ်သမျှကံ ပေးဖြစ်လဲခံ
ရင်ထဲကအသံ တေးသီရန်
ခံစားချက်မို့ လွင့်ပျံ့ ခဲ့တယ်…
ဘယ်လိုဘယ်လောက် ဒုက္ခကိုအိမ်ဆောက်
ငြိမ်းချမ်းရေးက ခြေရာဖျောက်လဲ
ရင်ခုန်စွာနဲ့ ရှာဖွေစဲ
တစ်ကယ်ချစ်တော့လည်း
ကမ္ဘာကုန်သရွေ့  ရှာမှာပဲ။ ။ ”


0 comments:
Post a Comment