" PLEASE USE YOUR LIBERTY TO PROMOTE OURS "

11.23.2009

နာဂစ်မိဘမဲ့ ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင်



( Orphans of Burma Cyclone) မှတ်တမ်းတင် ရုပ်ရှင်ကားကို ကြည့်ရူနိုင်ပါတယ်။
ရွှေဇင် - ဒီဗွီဘီ
ကင်မရာမင်းတွေ ရိုက်ကူးထားတဲ့ ( Orphans of Burma Cyclone) နာဂစ်ဒေသမှ မိဘမဲ့ ကလေးတွေအကြောင်း’ မှတ်တမ်းတင် ရုပ်ရှင်ကားကို Rory Peck ဆုပေးဖို့ လန်ဒန်ရှိ ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်လိုက်ပါတယ်။ ဒီမှတ်တမ်းတင် ရုပ်ရှင်ကားကို
အဓိကရိုက်ကူးခဲ့တဲ့ ဒီဗွီဘီ တီဗွီ သတင်းထောက် တီနဲ့ ဇက်တို့ ဆုရရှိကြောင်း ကြေညာသွားတာပါ။ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် ဒီသတင်းထောက်တွေရဲ့ နာမည် အပြည့်အစုံကို မဖော်ပြနိုင်ဘဲ တီနဲ့ဇက် လို့သာ သုံးစွဲခဲ့ရတာ ဖြစ်ပါတယ်။ Rory Peck ဆု ဆုဟာ ကမ္ဘာ့ နိုင်ငံအသီးသီးက အန္တရာယ်တွေကြား၊ ဖိနှိပ်ချုပ်ချယ်မှုတွေကြားမှာ စွန့်စွန့်စားစား သတင်းရိုက်ကူး တင်ပြသူတွေကို ရွေးချယ်ပေးတဲ့အတွက် သတင်းသမားတွေကြားမှာ ဂုဏ်သိက္ခာကြီးတဲ့ ဆုတခု ဖြစ်ပါတယ်။

ဒီဆုဟာ ရုရှားနိုင်ငံ ပါလီမန်မှာ သတင်းယူရင်း ပစ်သတ်ခံခဲ့ရတဲ့ ဗြိတိသျှ သတင်းထောက် ပက် ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ချီးမြှင့်တဲ့ ဆုတခု ဖြစ်ပါတယ်။ ဒီနှစ်အတွက် သတင်းမှတ်တမ်းကား ဆုအဖြစ် နိုင်ငံတကာ သတင်းကား ၃ ကား နောက်ဆုံး ဆန်ခါတင်အဆင့် ရောက်ရှိလာခဲ့တာပါ၊ အဲဒီ ၃ ကားက အာဖဂန်နစ္စတန် စစ်ပွဲတွေကြားက လူတွေရဲ့နေ့စဉ် ဘဝအကြောင်းရိုက်ကူးထားတဲ့ကား၊ အာဖရိကတိုက် ကွန်ဂိုနိုင်ငံက စစ်ဒဏ်ကြောင့် မိတကွဲ၊ ဖတကွဲဖြစ်ပြီး ပတ်ဝန်းကျင်က မေ့လျော့ခံနေရတဲ့ ကလေးငယ်တွေ အကြောင်းနဲ့ မြန်မာနိုင်ငံက နာဂစ်မိဘမဲ့ ကလေးတွေအကြောင်း ရိုက်ကူးထားတဲ့ သတင်းမှတ်တမ်းကားတွေ ဖြစ်ပါတယ်။ ဒီမှတ်တမ်းကား ၃ ကားစလုံးဟာ တင်ပြပုံရော ရိုက်ချက်တွေပါ အထူး ကောင်းမွန်တယ်လို့ အကဲဖြတ်တွေက မှတ်ချက်ပြုကြပါတယ်။

မြန်မာကလေးတွေအကြောင်း ရိုက်ထားတဲ့ ဒီကားရဲ့ ထူးခြားချက်က အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ ကြီးမားနေတဲ့ အချိန်မျိုးမှာ စွန့်စွန့်စားစား သွားရောက်ရိုက်ကူးခဲ့တာရယ်၊ ရိုက်ချက်တွေဟာ ဒီလိုအခက်အခဲမျိုးကြားက ပီပြင်တယ်၊ အနုပညာမြောက်တယ်၊ ရိုက်တဲ့သူတွေနဲ့ ကလေးတွေကြားက ဆက်ဆံရေးကြောင့် ကလေးတွေဟာ ဒုက္ခသည်သက်သက်ထက် ကြည့်ရသူတွေရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်တဲ့ ဇာတ်ကောင်တွေ ဖြစ်လာကြတယ်ဆိုတဲ့ အချက်တွေကြောင့် နာဂစ်မှတ်တမ်းကားကို ရွေးချယ်ရတာလို့ ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ပါတယ်။ ဒီ ကင်မရာမင်းတွေရဲ့ကိုယ်စား ဆုတက်ရောက်ယူခဲ့တဲ့ ဒီဗွီဘီက ကိုနန္ဒ က ဒီဆုကို ရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူရပေမယ့် ဆုရှင် ၂ ယောက်ထဲက ကင်မရာမင်း ၁ ယောက်ဟာ အခု အဖမ်းခံထားရတဲ့ အခြေအနေတွေကို ကြုံတွေ့နေရတဲ့အတွက် စိတ်မကောင်းဖြစ်ကြောင်း၊ ဒီဆုရတာကို ကာယကံရှင်တွေသိအောင် အကြောင်းကြားပေးမယ် ဆိုတဲ့ အကြောင်းတွေ ပြောကြားသွားပါတယ်။

ဒီနေရာ မှ တစ်ဆင့် ကူးယူဖော်ပြပါသည်။

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP