ကွယ်နေသောနံရံ
လူမျိုးနဲ့တိုင်းပြည် ဘယ်ချိန်ခါ အမုန်းမပွား
ရင်ဝယ်သစ္စာစကား
အပြန်အလှန် မေတ္တာထား
ရိုးသားစွာ အသက်ပေး
ကိုယ်ကျိုးစွန့်ကာ တိုင်းပြည်ရေးမို့
အခက်အခဲဆိုလည်း ပြုံးလျက်ပါ။ ။
အန္တရယ်ဆိုလည်း ရင်ဆိုင်တတ်တာ
ရန်သူကို အမုန်းမဖက်
တွဲလျက်ဒီခရီး ကျန်ခဲ့သူနွမ်းလျမှာမို့
မေတ္တာလက် သူလွှမ်းထား။ ။
ကြီးမားသော သူ့မေတ္တာ
သစ္စာကို မဏ္ဍိုင်ပြု
လောကဓံကို အံတု
ဒီခရီးဝေးသလား?
ဝန်းကျင်မှာ ဝိုင်းရံ ပြည်သူ့အားမာန်
တွဲလက်ညီ ရှေ့ ခရီး
ပြည်သူအားနဲ့သူ့အား
ကမ္ဘာ့အားပါမကျန်
ကွယ်နေသောနံရံ
လောဘမာန် အာဏာတံတိုင်း
သံပြိုင်ကာဟစ်ကြရင်ဖြင့်
ကွယ်ပျောက်နေ အမှန်တရား
ယိုယွင်းနေ အကျင့်တရားများနဲ့
ပျောက်ဆုံးနေ အခွင့်အရေးများ
တန်းတူညီမျှ ပိုင်ဆိုင်နိုင်ကြမှာမို့
ပြိုင်တူတွန်းကြပါစို့။ ။
(15-11-2010) 12:40 am
0 comments:
Post a Comment