" PLEASE USE YOUR LIBERTY TO PROMOTE OURS "

6.18.2011

ရောင်နီလာမယ့်နေ့



" ရတာမလို လိုတမရ
ငိုကာပြနေရတဲ့ ဘဝတွေ
ကြွေကာကျခဲ့ ပူလောင်မျက်ရည်...

ခံစားချက်နောက်က ရင်ခုန်သံ
ဘယ်သူကမှ အမိန့်ပေးမရမေတ္တာဆိုတာ သင်ယူစရာမဟုတ်တော့
ရင်ခုန်စည်းချက် ငါတေးသီခဲ့။ ။

နှစ်များရှည်ကြာ ဒီဝေဒနာ
ကုစားရန်ခက် အတ္တရမ္မက်
လောဘအောက်က လွတ်မြောက်ခြင်းအိမ်မက်
မနက်ဖြန်ကို ကံစမ်းလျက်။

အချစ်နဲ့စစ် တရားသတဲ့လား?
အမှားများတော့ တိုးပွားစေသား
အများမှားတော့
အမှန်တရား ဝေဝေဝါးဝါး
ပိုးစုန်းကြူးလား ထင်မိတယ်...

အပြစ်မဆို မေတ္တာသာလို
တူညီလက်များနဲ့ ကာကွယ်မဲ့ဘဝများအား
ဝိုင်းဝန်းကာ ပျိုးထောင်ကြရင်ဖြင့်
နွမ်းညစ်တဲ့ကမ္ဘာ လွမ်းရစ်စွာ ကျန်ခဲ့လိမ့်
ဆန်းသစ်စွာ ဒို့အနာဂတ်ကိုဖြင့်
ငြိမ်းချမ်းစွာ အတူ တည်ဆောက်ရင်း
မျှော်လင့်ချက်ကို ရှင်သန်ရင်းဖြင့်
ယုံကြည်စွာ ရောင်နီလာမယ့်နေ့။ ။"


9:40pm 15/Jun/2011

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP