အောက်တိုဘာ တစ်ဆယ့်ရှစ်(Oct 18)
ငါ...
ချစ်မိတော့လည်း
ပေးဆပ်ဖို့ပဲ ရင်ထဲစွဲမြဲ
နက်နက်နဲနဲ ဒီခရီးထဲ
မျှော်လင့်ချက်နဲ့ နှင်ခဲ့တယ်...
ပြောင်းပြန်ဖြစ်တဲ့တရား
ပြန်ပြောင်းမပြောချင် ငါ၏ဖြစ်အင်
ကံကြမ္မာကိုလည်း မပုံချင်
သံသရာမဲ့ ငါဖြစ်ချင်။
အမှန်အတွက် အမှား
အချိန်ကာလကြား ဖုံးဖိထားလည်း
အမှန်တရားအသံ မိုးထိညံသမို့
အချိန်တန်တော့လည်း အမှောင်လွင့်ပြယ်။
ငါမြတ်နိုးတဲ့တရား
ငါ့ရင်ထဲမှ အမှန်စကား
ငါ၏နှုတ်မှ ဖွင့်ဟပြောကြား
“ အာဏာရှင်စနစ် ချုပ်ငြိမ်းရမည်။
လွတ်လပ်ခြင်းဟာ မဝေးလေပြီ။
ငြိမ်းချမ်းခေတ်သစ် ငါဒို့လက်ဆီ
မလွဲရောက်ရမည်။ ”
သံဒိုင်နောက်က ကံကြမ္မာမကြောက်သူ
အမှန်အတွက် အလင်းကူသူ
ငြိမ်းချမ်းရေးအတွက် ယုံကြည်ရာကိုလှမ်းဝံ့သူ
ငါ၏စိတ်အား စိုးမိုးသူ
လေးစားရသောသူ
သူ...
(အောက်တိုဘာ ခွပ်ဒေါင်းကြီး လွတ်လပ်စွာပျံသန်းနိုင်ပါစေ...)
0 comments:
Post a Comment