ရပ်ကြည့်မိသောဘဝ
- တစ်ရက်နဲ့တစ်ရက် ဝေးကွာစွာကျော်ဖြတ်ရင်း
ငါ့အတွေးတွေက ဆေးလိပ်ငွေ့လို…
ရုတ်တရက် ငါ့အတွေးအိမ်ထဲ
ဘယ်အတွက်ကြောင့် ငါရှင်သန်နေမိ။
- တစ်ဖြည်းဖြည်း ခက်ခဲစွာ ဖြတ်ကျော်ရင်း
ငယ်ရွယ်နုပျို ဘဝတွေက
ပြန်မရတော့ပြီ ဆိုတဲ့အသိ ငါရလိုက်ချိန်
ဖယ်ရှားခံလိုက်ရတဲ့ ခံစားချက်များက ငါ့နှလုံးအိမ်ထဲမှာ
ဘယ်အရာကိုမှ ထပ်ပြီး မခံစားတတ်တော့။
(ရာသီတစ်ဖန် ပြန်လည်ချိန် ထွက်ခွာသွားသော ငါ့ရဲ့ မေတ္တာက ဘယ်မှာလဲ?
ငါကပြစ်ခွာပြေးတာမဟုတ်တော့ ငါ့ဟာ ရှာရခက်ပြီပေါ့။)
- တဖြည်းဖြည်း မေ့လို့ရမယ်ဆိုပေမယ့်လည်း
နားခိုသွားခဲ့သော မေတ္တာအိမ်လေးက လှုပ်ခတ်နေဆဲပါ။
မနက်ဖြန်ဟာလည်း ဒီလိုနဲ့ပဲ ဝေးကွာစွာ ကျော်ဖြတ်လျက်သာ
နေ့စဉ်နေ့တိုင်း ဒီလိုနဲ့ပဲ ခွဲခွာလျက်သာ
နေ့တိုင်းဒီလို ခွဲလျက်ပါ
မဆုံနိုင်တော့တဲ့ ဘဝတွေသာ။ ။
(19/02/2012) 11:20
0 comments:
Post a Comment