အမေ ပင်ပန်းနေရောပေါ့...
အမေပင်ပန်းနေရောပေါ့
အမေနေပူ မိုးရွာမရှောင် တစ်ရွာဝင် တစ်မြို့ တက်
ဒီမိသားစုအတွက် ။
ရန်မလို မာန်ကိုချိုး ငြိမ်းချမ်းမှုကိုပျိုးလို့
အကြီးကတစ်မျိုး အငယ်ကတစ်ဖုံ
ပုံစံစုံ ဒီမိသားစု အရောင်စုံလင်းလက်ဖို့
အမေကြိုးစားလို့။
မိုက်မဲတဲ့သား အပယ်ခံလူဝင်ဆံ့အောင်
လိမ္မာယဉ်ကျေး စွမ်းဆောင်ရင်းဖြင့်
အသဲကမာ ဇွဲမာန်ဆန္ဒအားနဲ့
မလျော့လုံးလ စိတ်မာန်ကြွလို့
အမေကြိုးစားလို့။
လိမ္မာတဲ့သား ဆိုစကားဖြင့်
စိတ်ကြီးရယ်ဝင် ဘဝင်လေပင့်
မာနမိုးမြင့် ပညာမဲ့သူမို့
လေလွင့်ရှာ သူ မမှားရအောင်
အမေကြိုးစားလို့။
ပုံစံစုံဒီအိမ်လေး အရောင်စုံမညစ်ကြေးရအောင်
သူ့နေရာနှင့် သူ့အရောင်
ကွဲလွဲအောင်ခွဲခြား လွဲမှားသူအလင်းဆောင်ဖို့
မညဉ်းညူသူ့စွမ်းအား ငြိမ်းချမ်းစွာ အေးချမ်းစေဖို့
အမေကြိုးစားလို့။
- ဘာပဲဖြစ်ဖြစ်ပေါ့ အမေ…
စိတ်ကဆောင် အတိတ်ဟောင်းကိုမေ့
အရိပ်မှောင် ထွန်းလင်းဖို့အနာဂတ်
ဇွဲသန်သန် ဥာဏ်၊ဝီရိယစိုက်ကာဖြင့်
စွဲမှန်စွာ ကိုင်စွဲတာ အမှန်တရား
ယိုင်လဲကာ ဖယ်မသွားသော်လည်း
ဇရာဆိုတာ အချိန်မရွေး
နေရာမရွေး၊ လူလည်းမရွေး
ဇရာအိုအမေမို့
သားမောင်စိုးရိမ်လို့။ ။
ဓါတ်ပုံကို ဒီနေရာမှာ ရယူပါသည်။
0 comments:
Post a Comment