အတိတ်လမ်းဆုံး
ပျံ့ လွင့်နေသောစိတ်
အတိတ်ကအရိပ် ထိန်းညှိမရတဲ့အခါ…
ဘာကိုအပြစ်လို့ ပြောရမှာလဲ?
ရောက်လာထဲက လူ့ဘဝဟာ
ဝေဒနာနဲ့ ဒွန်တွဲလျက်ပါ။
ပြန်မရတော့တဲ့အတိတ်
နှမျောတတ လွမ်းဆွေးတဲ့အခါ…
ဘာကို လက်ညှိုးထိုးနေမှာလဲ?
အချိန်တန်လို့ ရောက်လာတာမို့
လက်ခံလိုက်ပါ။
ပြီးခဲ့ပြီအတိတ်
ဝေဒနာကိုယ်စီ သယ်ဆောင်သွားတဲ့အခါ…
ဘယ်သူ့ကြောင့်လို့ ပြောချင်တာလဲ?
ကံကြမ္မာအလှည့် ဝေဒနာအတွက် ရင်ဆိုင်လိုက်ပါ။
ဘဝဆိုတာ
အစနဲ့အဆုံး ပြုံး ရယ် ငို ခွဲ
သံသရာလမ်းမို့
ဘာကိုစွဲလို့ ဘယ်လိုမျှော်
အမှောင်ယံညရဲ့  လျှောက်လမ်းမှာ
စမ်းတဝါးဝါးနဲ့ ဝေဝါးတာမို့
ရခဲဘဝ နောင်တမဲ့စွာ
လင်းလက်လိုက်ပါ။
ကောင်းကင်လင်းလက် ကြယ်ပွင့်ပမာ။ ။ (11 Nov 2012 ) 10:20pm
0 comments:
Post a Comment