" PLEASE USE YOUR LIBERTY TO PROMOTE OURS "

4.17.2013

(၁၃) ကြိမ်မြောက် နှစ်သစ်ကူးအတာသင်္ကြန်ပွဲ


 မြန်မာအသင်း (ကိုရီးယား) မှ ဦးစီးကျင်းပသော (၁၃) ကြိမ်မြောက် မြန်မာအတာ သင်္ကြန်ပွဲတော်သို့ ပူးပေါင်းပါဝင်ဆင်နွှဲကြသည့် အဖွဲ့အစည်းများ၊ ဧည့်ခံဖျော်ဖြေရေးအဖွဲ့များ၊ စတုဒီသာ ကျွေးမွေးပေး ကြသော မြန်မာ၊ကိုရီးယား အသင်းအဖွဲ့များနှင့်လူပုဂ္ဂိုလ်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။






မှတ်တမ်းဓါတ်ပုံများကို ရိုက်ကူးပေးကြသော ကိုမင်းဟန်(birdgyi)၊ကိုကောင်းဆက်၊ကိုထူးမင်းနိုင်၊ကိုပြည့်ဖြိုးကျော်နှင့်ရဲနိုင်ဝင်း(ရွှေကျွန်း)တို့အား အထူးပင်ကျေးဇူးထင်ရှိပါသည်။ ။



အလုပ်အမှုဆောင်အဖွဲ့ 
မြန်မာအသင်း(ကိုရီးယား)

Read more...

2.11.2013

(၆၆)ကြိမ်မြောက် မွန်အမျိုးသားနေ့


ဓါတ်ပုံများကို birdgyi (ကိုမင်းဟန်) မှ ပေးပို့ပါသည်။

Read more...

1.01.2013

ဆန္ဒနောက်ကအတွေး



နှင်းလေးတွေ တဖွေးဖွေးနဲ့ ကျနေတယ် မပျော်သေးဘူး။
မိုးလေးတွေ တဖွဲဖွဲ ကျနေတယ် မတိတ်သေးဘူး။
ဒီလိုနေ့မျိုး ဒီလိုအချိန်
စိတ်ကူးနဲ့နား ပျော်စရာများ
မျှော်လင့်ချက်တို့ လေမှာလွင့်ရင်း နေမိတယ်…

ဒီလိုနဲ့ခဏ ပြန့်လွင့်စိတ်တို့ ခြိမ်းခြောက်ခံရ
အိမ်မက်လန့်နိုး ဒီအဖြစ်ဆိုး
လွတ်သွားတဲ့အသိ ပြန်ထိန်းညှိရင်း
ကိုယ်ရွေးတဲ့လမ်း ဒီခရီးကြမ်းလည်း
ရှင်သန်မှုတို့မွေးဖွားပေးရင်း
အတွေးနဲ့တင် ပျော်မိတယ်…

…ချင်တာတွေများ မြင်တာတွေများတော့လည်း
အကြင်နာဟာ ညှင်သာတာမို့ ငြိုငြင်စရာမလို
သံယောဇဉ်ခေါ်ရာ လိုက်မိတယ်…

တစ်ခါတစ်လေတော့လည်း အဝေးဆုံးသို့
ပျံသန်းချင်လည်း တွယ်ငြိဒုက္ခ
ဒီညွတ်ကွင်းက မေတ္တာကွင်းမို့ ရုန်းခက်တယ်…

တစ်ကယ်တော့
ရခဲလူ့ဘဝ ခဏသာ
ရှင်သန်မှုကို ဆန်းစစ်ကြည့်တော့
ငါ…. ။

01012013 (09 : 40 )am

Read more...

12.27.2012

အတိတ်လမ်းဆုံး



ပျံ့ လွင့်နေသောစိတ်
အတိတ်ကအရိပ် ထိန်းညှိမရတဲ့အခါ…
ဘာကိုအပြစ်လို့ ပြောရမှာလဲ?
ရောက်လာထဲက လူ့ဘဝဟာ
ဝေဒနာနဲ့ ဒွန်တွဲလျက်ပါ။

ပြန်မရတော့တဲ့အတိတ်
နှမျောတတ လွမ်းဆွေးတဲ့အခါ…
ဘာကို လက်ညှိုးထိုးနေမှာလဲ?
အချိန်တန်လို့ ရောက်လာတာမို့
လက်ခံလိုက်ပါ။

ပြီးခဲ့ပြီအတိတ်
ဝေဒနာကိုယ်စီ သယ်ဆောင်သွားတဲ့အခါ…
ဘယ်သူ့ကြောင့်လို့ ပြောချင်တာလဲ?
ကံကြမ္မာအလှည့် ဝေဒနာအတွက် ရင်ဆိုင်လိုက်ပါ။

ဘဝဆိုတာ
အစနဲ့အဆုံး ပြုံး ရယ် ငို ခွဲ
သံသရာလမ်းမို့
ဘာကိုစွဲလို့ ဘယ်လိုမျှော်
အမှောင်ယံညရဲ့  လျှောက်လမ်းမှာ
စမ်းတဝါးဝါးနဲ့ ဝေဝါးတာမို့
ရခဲဘဝ နောင်တမဲ့စွာ
လင်းလက်လိုက်ပါ။
ကောင်းကင်လင်းလက် ကြယ်ပွင့်ပမာ။ ။ (11 Nov 2012 ) 10:20pm

Read more...

10.02.2012

မြန်မာအသင်း (ကိုရီးယား)မှ ကြီးမှူးကျင်းပသော (၁၄)ကြိမ်မြောက် တိလောကမုနိဗုဒ္ဓပူဇနိယပွဲတော် (ဘူချွန်း) ကိုရီးယား


ဓါတ်ပုံများကို birdgyi ကိုမင်းဟန်မှ ပေးပို့ပါသည်။

Read more...

9.18.2012

ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)၏ "ရန်ပုံငွေ မိတ်ဆုံစားပွဲ"






ဓါတ်ပုံများကို birdgyi (ကိုမင်းဟန်) မှ ပေးပို့ပါသည်။

Read more...

9.17.2012

ကျန်ခဲ့သောနေ့ (သို့) နေ့ဆိုး


 
လူ့ဘဝမှာ တစ်ခါတစ်ရံ
အပေးအယူဆိုတာ တန်၊မတန်
ရွေးချယ်ပေးတဲ့ ကွင်းကြီးတစ်ခုသာ။ ။

ဘယ်လိုလဲ…
ဆုံဖြတ်ချက်ရဲ့ နောက်ကဇာတ်လမ်း
ပျော်ရွှင်စရာလား? ဝမ်းနည်းစရာလား?
တွေးစရာများနဲ့ အနာဂတ်ဟာ…

ခံနိုင်ရည်ဆိုတာ
အတူရှိစဉ်ခါက သံယောဇဉ်ရဲ့  အဆုံးအဖြတ်သာ
အဆုံးအဖြတ်ဟာ ဘဝတစ်ခုရဲ့ အနားသတ်ပါ။

ခွဲခွာခြင်းဟာ ဘယ်ထောင့်ကြည့်ကြည့်
ရင်ထဲမှာ ပူပင်သောက အပြည့်နဲ့ပါ။
နောက်ဆုံးတော့လည်း ရွေးချယ်ရာ
လမ်းလေးကိုယ်စီ လျှောက်လျက်သာ…

ဒီလိုဇာတ်လမ်း ဘယ်သူဖန်တီးလို့ ဘယ်လိုရေး
တစ်ယောက်ကပြုံးလို့ တစ်ယောက်ကရှုံး
ခံစားချက်နဲ့ ထုဆစ်တာမို့
မင်းကဒီလို ငါကဟိုလို
တန်ပြန်လက်စား ရင်ထဲမီးပွား
မာနတရားရဲ့ ခေါ်ဆောင်ရာ ပျော်ရွှင်ခြင်းများ ကင်းဝေးရာ။

ထင်မှတ်မထားတဲ့နေ့ဆိုး မျှော်လင့်မထားတဲ့ အဖြစ်ဆိုး
ကံကြမ္မာရဲ့ လက်ဆောင် သံသရာလည်ခြင်းအမှောင်
ရှောင်လွဲလို့မရ ဒုက္ခ
ရင်ဖွင့်လျက်သာ ဝင်လာခဲ့ပါ
ခံနိုင်ရည်ဆိုတာ
ပြက္ခဒိန်ထဲက ရက်ကလေးတစ်ရက်သာ။ ။
17/09/2012 
10 : 15 pm

Read more...

6.17.2012

အမှောင်ကင်းသောနေ့



ရနံ့မွှေးပျံ့  သင်းရနံ့ လွင့်ပျံသင်းကြိုင်ပြီ။
သတင်းစကား ရင်ထဲအား အမှောင်ခွင်းစေသည်။
တည်ငြိမ်မျက်နှာ ရင်ထဲမှာ ခွန်အားဖြစ်စေသည်။
အေးမြအပြုံး သူ့မျက်လုံး တောက်ပလင်းလက်သည်။
သူ့ဂုဏ်သတင်း အမှောင်ခွင်း နေရောင်ထွန်းလင်းပြီ။
နိုင်ငံဂုဏ်ဆောင် သူစွမ်းအောင် သင့်တင့်လှပေသည်။
ကိုယ်ကျိုးမဖက် လူမျိုးတွက် ရဲရင့်လှပေပြီ။
မျိုးရိုးဇာနည် သူ့နာမည် ကမ္ဘာလွှမ်းစေပြီ။
အကြမ်းမဖက် ငြိမ်းချမ်းလျက် လိုက်ဖက်တင့်တယ်သည်။
ဘယ်လိုအမှောင့် သူမကြောက် ဇာနည်သွေးရဲသည်။
နောင်မျိုးဆက်တို့ ဂုဏ်ယူဖို့ လမ်းပြခဲ့လေပြီ။     ။

Read more...

4.17.2012

အမေ ပင်ပန်းနေရောပေါ့...




အမေပင်ပန်းနေရောပေါ့


အမေ
နေပူ မိုးရွာမရှောင် တစ်ရွာဝင် တစ်မြို့ တက်
ဒီမိသားစုအတွက် ။

ရန်မလို မာန်ကိုချိုး ငြိမ်းချမ်းမှုကိုပျိုးလို့
အကြီးကတစ်မျိုး အငယ်ကတစ်ဖုံ
ပုံစံစုံ ဒီမိသားစု အရောင်စုံလင်းလက်ဖို့
အမေကြိုးစားလို့။

မိုက်မဲတဲ့သား အပယ်ခံလူဝင်ဆံ့အောင်
လိမ္မာယဉ်ကျေး စွမ်းဆောင်ရင်းဖြင့်
အသဲကမာ ဇွဲမာန်ဆန္ဒအားနဲ့
မလျော့လုံးလ စိတ်မာန်ကြွလို့
အမေကြိုးစားလို့။

လိမ္မာတဲ့သား ဆိုစကားဖြင့်
စိတ်ကြီးရယ်ဝင် ဘဝင်လေပင့်
မာနမိုးမြင့် ပညာမဲ့သူမို့
လေလွင့်ရှာ သူ မမှားရအောင်
အမေကြိုးစားလို့။

ပုံစံစုံဒီအိမ်လေး အရောင်စုံမညစ်ကြေးရအောင်
သူ့နေရာနှင့် သူ့အရောင်
ကွဲလွဲအောင်ခွဲခြား လွဲမှားသူအလင်းဆောင်ဖို့
မညဉ်းညူသူ့စွမ်းအား ငြိမ်းချမ်းစွာ အေးချမ်းစေဖို့
အမေကြိုးစားလို့။

- ဘာပဲဖြစ်ဖြစ်ပေါ့ အမေ…
စိတ်ကဆောင် အတိတ်ဟောင်းကိုမေ့
အရိပ်မှောင် ထွန်းလင်းဖို့အနာဂတ်
ဇွဲသန်သန် ဥာဏ်၊ဝီရိယစိုက်ကာဖြင့်
စွဲမှန်စွာ ကိုင်စွဲတာ အမှန်တရား
ယိုင်လဲကာ ဖယ်မသွားသော်လည်း
ဇရာဆိုတာ အချိန်မရွေး
နေရာမရွေး၊ လူလည်းမရွေး
ဇရာအိုအမေမို့
သားမောင်စိုးရိမ်လို့။ ။


ဓါတ်ပုံကို ဒီနေရာမှာ ရယူပါသည်။

Read more...

4.16.2012

미얀마 띤잔 물축제 ( 2012 년 4 월 15 일 )




ဓါတ်ပုံများကို birdgyi (ကိုမင်းဟန်)မှ ပေးပို့ပါသည်။

Read more...

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP