" PLEASE USE YOUR LIBERTY TO PROMOTE OURS "

11.13.2008

၈၈ ကျောင်းသား ခေါင်းဆောင်များ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရ



ကိုစိုး | နိုဝင်ဘာ ၁၁၊ ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို ယနေ့တွင် တဦးလျှင် ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ် လိုက်ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော ကိုမင်းဇေယျ၊ ကိုဂျင်မီခေါ် ကိုကျော်မင်းယု၊ ကိုဇော်ဇော်မင်း၊ ကိုသန်းတင်ခေါ် ကြီးသန်း၊ ကိုဇေယျခေါ် ကုလားမ၊ ကိုအံ့ဘွယ်ကျော်၊ ကိုကျော်ကျော်ထွေးခေါ် မာကီး၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုသက်ဇော်၊ မသင်းသင်းအေးခေါ် မီးမီး၊ မမာမာဦး၊ မနီလာသိန်း၊ မစန္ဒာမင်း၊ မသက်သက်အောင်တို့ကို ယနေ့နံနက်ပိုင်းက အင်းစိန် ထောင် အထူးတရားရုံးမှ ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည် က ပြောသည်။

ယခု ထောင်ဒဏ်ချမှတ်ခံရသူများ အပါအ၀င် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေး အစရှိသည့် ၈၈ မျိုးဆက်ကျောင်းသား ၃၇ ဦးအား ၂၀၀၇ ခုနှစ် သြဂုတ်လ ကတည်းက စစ်အစိုးရက ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုးတပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော အောက်တိုဘာ ၂၉ ရက်နေ့တွင် ရန်ကုန် အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးက တရား စီရင်မှုကို အနှောင့်အယှက်ပေးသည့် ဥပဒေ ပုဒ်မ ၂၂၈ ဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုလှမျိုး နောင်၊ ကိုအောင်သူ၊ ကိုဥာဏ်လင်းနှင့် ကိုမျိုးအောင်တို့ကို အာဏာပိုင်များက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့တွင် မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ရုံးထုတ်ချိန်တွင် လက်ထိပ်မခတ်ရန်၊ တရားခွင်သို့ မိသားစုဝင်များနှင့် အများပြည်သူကို ကြားနာခွင့်ပြုရန်စသည့် လွတ်လပ် သော တရားစီရင်ရေးအတွက် တောင်းဆိုမှုများနှင့် ပတ်သက်ပြီး တရားစီရင်မှုကို အနှောင့်အယှက်ပေး သည်ဟူသော အကြောင်းပြချက်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားများကို ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်သားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောခဲ့ဖူးသည်။

ယနေ့တွင် မစုစုနွေးကိုလည်း စစ်အာဏာပိုင်များက ထောင်ဒဏ် ၁၂ နှစ် နှင့် ၆ လ ချမှတ်လိုက်သည်။

မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်း နှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း သိရသည်။
ယခု ပြစ်ဒဏ်များချမှတ်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးလှုပ်ရှားသူများ၏ အမှုများကို အကျိုးဆောင်ပေးနေပြီး မကြာသေးခင် က တရားရုံးသို့ ၀င်ခွင့်ပိတ်ပင်ခြင်း ခံထားရသော ရှေ့နေဦးကျော်ဟိုးက အမှုမှန်မမှန်ပေါ်တွင် မူတည်ကြောင်း၊ အမှုမှန် မပေါ်ဘဲ ပြစ်ဒဏ်ချမှတ်ပါက တရားမျှတမှုမရှိကြောင်းပြောသည်။ (ဧရာဝတီ)

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP