" PLEASE USE YOUR LIBERTY TO PROMOTE OURS "

11.15.2008

ရန်ကုန် ကျားကျောင်းဆရာတော်အား ထောင် (၈) နှစ်ချ

ကဲ... ကြားလို့မှကောင်းသေးရဲ့ လား ? ဗုဒ္ဓသာသနာထွန်းကားတဲ့တိုင်းပြည်တဲ့...

စက်တင်ဘာရဟန်းသံဃာတော်များ၏ ဆုတောင်းမေတ္တာပို့လမ်းလျှောက်ပွဲအပြီးတွင် ဘုန်းတော်ကြီးကျောင်းတိုက်များသို့ အာဏာပိုင်များ ၀င်ရောက်စီးနင်းရာ၌အဖမ်းခံထားရသော ဆရာတော် ဦးစန္ဒိမာ (ကျားကျောင်း) ပုဇွန်တောင်မြို့နယ်အား ယမန်နေ့က ကျောက်တံတားတရားရုံးမှ ထောင်ဒဏ် (၈) နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဦးစန္ဒိမာအား မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇/၁-၂) ဖြင့် တရားစွဲဆိုခဲ့ပြီး ကျောက်တံတားတရားရုံးမှ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ဦးစန္ဒိမာနှင့်အတူ ကိုကို (ခ) ကိုဝဏ္ဏနွယ်ကိုလည်း အဆိုပါပြစ်မှုများဖြင့် ထောင်ဒဏ် (၈) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ဦးစန္ဒိမာနှင့် ကိုဝဏ္ဏနွယ်တို့သည် ထောင်ဒဏ်များ ချမှတ်ခြင်းခံခဲ့ပြီးသော်လည်း နောက်ထပ် အသင်းအဖွဲ့ ပုဒ်မ (၆) နှင့် ဖောက်ခွဲဖျက်ဆီးပုဒ်မ (၅/၆) စသည့်အမှုများဖြင့် ဆက်လက် တရားစွဲဆိုခြင်းခံထားရပြီး နိုဝင်ဘာ (၂၃) ရက်နေ့တွင် ထပ်မံရုံးထုတ်မည်ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတဦးက ပြောကြားသည်။

ဒေါပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်စည်းရုံးရေးအဖွဲ့ဝင် ကိုကျင်လှိုင်ကို လည်း အာဏာပိုင်များက ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ဖမ်းဆီးခဲ့ပြီး ယခုအခါ ကျောက်တံတားတရားရုံးကပင် ထောင်ဒဏ် (၄) နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်တဦး ထံမှ သိရသည်။ ယင်းနေ့၌ပင် ဦးစောမိုးဇက်အား မတရားအသင်းပုဒ်မ (၁၇/၁-၂) နှင့် (၁၃/၁(က) စသည့်ပုဒ်များဖြင့် ထောင်ဒဏ် (၈) နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရန် နိုင်ငံတကာအသိုင်းအ၀န်းမှ တောင်းဆို နေစဉ်မှာပင် ယခုရက်ပိုင်းအတွင်း နအဖစစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများအား ဆက်တိုက်ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ (kp)

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP