" PLEASE USE YOUR LIBERTY TO PROMOTE OURS "

11.07.2008

သတင်းများ

မြန်မာစီးပွားရေးသမားတဦး ထိုင်းတွင် သေနတ်မှန်သေဆုံး LINK
တာဝန်မဲ့ အလုပ်ရှာဖွေရေး အေဂျင်စီကြောင့် စင်္ကာပူရောက် မြန်မာနိုင်ငံသား ၂၀ ဒုက္ခဖြစ် LINK
ဟံသာဝတီ ဦးဝင်းတင် ဂုဏ်ပြုအမှတ်တရစာအုပ် ထွက်ပြီ LINK

မြန်မာရေတပ်သင်္ဘောများ ဘင်္ဂလားပင်လယ်အော်မှ ပြန်လည်ဆုတ်ခွာ

ကြာသပတေးနေ့၊ နိုဝင်ဘာလ 06 2008 21:46 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ဘင်္ဂလားပင်လယ်အော်အတွင်း အငြင်းပွားနေသော ရေပြင်ပိုင်နက်ကိစ္စအတွက် ၄ ရက်ကြာ တင်းမာနေခဲ့ပြီးနောက် မြန်မာရေတပ်သင်္ဘော ၂ စင်း ပြန်လည် ဆုတ်ခွာသွားပြီဟု သတင်းများက ဆိုသည်။

ဤစစ်သင်္ဘော ၂ စင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်း၏ တောင်ဘက် ရေမိုင် ၅ဝ အကွာရှိ ဘင်္ဂလားပင်လယ်အော် ရေပြင်တွင် တူးဖော်မှုများ ပြုလုပ်နေသည့် ကိုရီးယား ရေနံကုမ္ပဏီ သင်္ဘောများကို စောင့်ရှောက်ရန် စေလွှတ်ထားခြင်း ဖြစ်သည်။

“မြန်မာက စစ်သင်္ဘော ၂ စင်းကို ပြန်လည် ရုပ်သိမ်းသွားပါပြီ” ဟု အေအက်ဖ်ပီ AFP သတင်းဌာနက ဘင်္ဂလားဒေ့ရှ် ရေတပ်အကြီးတန်း အရာရှိတဦးကို ကိုးကား၍ ရေးသားဖော်ပြသည်။

“အခု တင်းမာမှု အများကြီး လျော့သွားပါပြီ” ဟု အဆိုပါအရာရှိက ပြောဆိုပြီး၊ ဘင်္ဂလားပင်လယ်အော်အတွင်း ရှာဖွေတူးဖော်မှုများ ပြုလုပ်နေသည့် အခြားသင်္ဘော ၄ စင်းလည်း ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေပြီဟုလည်း ဆိုသည်။

“သူတို့ တူးဖော်ရေး လုပ်ငန်းတွေကို ရပ်ထားလိုက်ပါပြီ။ ဒီ ရှာဖွေတူးဖော်ရေး သင်္ဘောတွေ ပြန်လည်ထွက်ခွာတာနဲ့ ကျနော်တို့ ရေယာဉ်တွေကိုလည်း ပြန်လည် ရုပ်သိမ်းသွားမှာပါ” ဟု အဆိုပါအရာရှိက AFP ကို ပြောသည်။

ဤအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးသည်လည်း အဆိုပါ အငြင်းပွားမှု ပြဿနာကို ဖြေရှင်းရန် မြန်မာအရာရှိများနှင့် ဘင်္ဂလားဒေ့ရှ် အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးသည်ကို ပါဝင်တက်ရောက်ရန် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားသည်ဟု သံရုံး အရာရှိတဦးက မဇ္ဈိမကို ယနေ့က ပြောကြားသည်။

ထို့အတူပင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အိဖ်ခါး အာမက် ချောင်ဒရီ - Iftekhar Ahmed Chowdhury သည်လည်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ယနေ့တွင် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွားသည်။

အငြင်းပွားနေသော ပယ်လယ် နယ်နိမိတ် ပြဿနာကို ဖြေရှင်းရန် ဆွေးနွေးပွဲတရပ်ကို ဒီဇင်ဘာလတွင် ကျင်းပရန် နှစ်နိုင်ငံအကြား အစောပိုင်းက သဘောတူထားခဲ့သည်။

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP