" PLEASE USE YOUR LIBERTY TO PROMOTE OURS "

11.07.2008

ကေအန်န်ယူကို အကြမ်းဖက်အဖွဲ့စာရင်းမှ အမေရိကန်ပယ်ဖျက်ပေး...

NEJ/ ၆ နိုဝင်ဘာ ၂၀၀၈

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သည် (၁၃)ကြိမ်မြောက်ညီလာခံပြိးချိန်နောက်ပိုင်း နိုင်ငံခြားဆက်ဆံရေးလုပ်ငန်းများ ထိရောက်စွာ လုပ်ကိုင်နိုင်ခဲ့ခြင်း မရှိသော်လည်း ကေအန်ယူအား အမေရိကန်နိုင်ငံက ၎င်းတို့၏ အကြမ်းဖက်အဖွဲ့စာရင်းမှ ပယ်ဖျက်ပေးရန်ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း (၁၄) ကြိမ်မြောက် ကေအန်ယူကွန်ဂရက်သို့တင်သွင်းသည့် ယခင်နိုင်ငံခြားရေးကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရခဲ့သည့် အဆိုပါ အစီရင်ခံစာ၌ နအဖစစ်အစိုးရက ကရင်လူမျိုး အရပ်သားများအပေါ် ဖိနှိပ်ဗိုလ်ကျမှုများနှင့် ကေအန်ယူအပေါ် နအဖ၏ ထိုးစစ်များကြောင့် ကရင်ပြည်တွင်းအိုးမဲ့အိမ်မဲ့ဒုက္ခသည်အရေအတွက်၊ နေရပ်ရင်းစွန့်ခွာ၍ ထိုင်းနိုင်ငံ အတွင်းသို့ ခိုလှုံဝင်ရောက် လာသည့် ကရင်လူမျိုးများ၏ အရေအတွက် များပြားလာခြင်းအပေါ် ထိရောက်စွာ ထုတ်ဖော်ပြော ဆိုခြင်းမရှိသော အိမ်နီးချင်း ထိုင်းအစိုးရ၏ စာနာထောက်ခံမှုရရှိရန် ချဉ်းကပ်ဆွေးနွေးနိုင်မှု မရှိသည်ကို တွေ့ရသည်ဟု ထောက်ပြထားသည်။

ထို့အပြင် ငွေကြေးနှင့် အတတ်ပညာအားဖြင့်လည်းကောင်း၊ စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေခြင်းဖြင့်လည်းကောင်း ရေကာတာ များစီမံကိန်းများပြုလုပ်နေခြင်းဖြင့်လည်းကောင်း နအဖစစ်အစိုးရအပေါ် အနီးကပ် အထောက်ကူပေးနေသည့် တရုတ်နိုင်ငံထံမှ စာနာထောက်ခံမှုကိုလည်း တစုံတရာ ရယူနိုင်ခြင်းမရှိခဲ့ကြောင်းလည်း တွေ့ရသည်။

မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားများအပါအ၀င် နိုင်ငံသားအားလုံး အခွင့်အရေးများ ဆုံးရှုံးနေရမှုတို့ကို နိုင်ငံတကာသို့တင်ပြ ရန်၊ ထိုမှတဆင့် နိုင်ငံတကာက နအဖ စစ်အစိုးရအား နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားများပေးသွားရန် ရည်ရွယ်၍ ၂၀၀၄ ခု ကွန်ဂရက်မှ ယခင် ကေအန်ယူ ဥက္ကဌ ဗဒိုစောဘသင်စိန်၊ အတွင်းရေးမှူးစောဒေးဗစ်တောနှင့် အဖွဲ့ဝင် (၃) ဦးတို့်ဖြင့် နိုင်ငံခြားရေး ကော်မတီဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားများအရေးအား နိုင်ငံတကာက နိုင်ငံရေးအရ စာနာထောက်ခံလာစေရန် ကြိုးစားရာတွင် လူမျိုးစုအရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့သည် ဆက်လက်အရေးပါလျက်ရှိပြီး အချိန်ယူလုပ်ဆောင်ရမည်ဟု အစီရင်ခံစာ၏ နိဂုံးပိုင်းတွင် အကြံပြု ဖော်ပြထားသည်။

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP