" PLEASE USE YOUR LIBERTY TO PROMOTE OURS "

1.19.2009

အမေရိကန်ဒဏ်ခတ်မှုကို မဝေဖန်လိုဟု မက်စ်မြန်မာကုမ္ပဏီပိုင်ရှင်ပြော



မိမိလူမျိုးကောင်းအောင် လုပ်ကိုင်နေခြင်း ဖြစ်သည့်အတွက် မက်စ်မြန်မာကုမ္ပဏီအား အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးဒဏ်ခတ်သည့်ကိစ္စအပေါ် ဝေဖန်မှုမလုပ်လိုကြောင်း မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာစစ်အစိုးရအား ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် ပံ့ပိုးပေးခဲ့သည့် မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်နှင့်တကွ ၎င်းပိုင် မက်စ်မြန်မာကုမ္ပဏီ (၈) ခု အား စီးပွားရေးဒဏ်ခတ်ထားသူများ စာရင်း (Specially Designated Nationals) တွင် ထည့်သွင်းကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့တွင် ကြေညာထားသည်။



ယခုကဲ့သို့ အမေရိကန်အစိုးရ၏ စီးပွားရေးဒဏ်ခတ်မှုအပေါ် မည်ကဲ့သို့ သဘောထားပါသနည်းဟု ခေတ်ပြိုင်က မေးမြန်းရာ မက်စ်မြန်မာကုမ္ပဏီမှ ဦးဇော်ဇော်က “သဘောကတော့ ဘာမှမရှိပါဘူး။ ကျနော် ကိုယ့်တိုင်းပြည်ကို ချစ်တာပဲ။ ကိုယ့်လူမှုရေးကိစ္စကိုပဲ လုပ်တယ်။ သမာအာဇီဝလုပ်တယ်။ ကိုယ့်လူမျိုးတွေ ကောင်းအောင်ကြိုးစား တယ်။ သူများနဲ့ ပတ်သက်လို့တော့ ဘာမှမပြောလိုပါဘူး။ သူတို့လည်း သူတို့အလုပ်လုပ်တာပဲ။ ကျနော့်ရင်ထဲက တော့ ကျနော်တို့တိုင်းပြည်အတွက် ကျနော်ဘောလုံး (ဥက္ကဋ္ဌ) လုပ်တယ်။ လူမှုရေးလုပ်တယ်။ ကလေးတွေ စာသင်ပေးတယ်။ ၀န်ထမ်းသုံးထောင်ကျော် နေ့စဉ်ထမင်းစားဖို့ ကျနော်ကြိုးစားနေတယ်။ ကိုယ့်လူမျိုးကို ချစ်တယ်ဗျာ။ ဒီခံယူချက်ပဲရှိတယ်။ ကျန်တာက သူတို့ဘာလုပ်လုပ် ကျနော်မပြောလိုပါဘူး။ ဒါနဲ့ ပတ်သက်လို့ ကျနော့် စိတ်ထဲမှာ ဘာမှမရှိပါဘူး” ဟု ပြောသည်။

ဒဏ်ခတ်မှုများကြောင့် ကုမ္ပဏီအနေဖြင့် မည်ကဲ့သို့သော ထိခိုက်မှုများရှိလာမည်ဟု မျှော်မှန်းထားပါသလဲဟု ဆက်လက်မေးမြန်းရာ “ဒါကတော့ ကျနော်တို့က အများကြီးကြိုပြီး မျှော်မှန်းထားတာမရှိပါဘူး။ ကျနော်တို့က လည်း..ဟို..အများကြီးတော့.. ဘာမှကြိုပြီးတော့ တွက်မထားပါဘူးခင်ဗျ” ဟု မက်စ်မြန်မာ ကုမ္ပဏီ၏ အကြီးအကဲရာထူးကို ရယူထားသူ ၎င်းက ကုမ္ပဏီ၏ရှေ့ရေးအလားအလာကို တွက်ဆမထားမိကြောင်း ပြောသည်။

မက်စ်မြန်မာ ဥင်္ီးဇော်ဇော်သည် မြန်မာစစ်ခေါင်းဆောင်ပိုင်းအပေါ် ငွေကြေးအရှိန်အ၀ါ သြဇာရှိသည့်အကြောင်း ပြည်တွင်း သတင်းထောက်တဦးကပြောရာတွင် “သူစစ်အစိုးရနဲ့ ပတ်သက်မှုအတိုင်းအတာ ဘယ်လောက် ထိရှိတယ်ဆိုတာ အတိအကျ မသိရပေမယ့် ဗိုလ်ချုပ်ကြီးတွေကို သူလိုရာတောင်းနိုင်တယ်။ ထဲထဲဝင်ဝင် ပတ်သက်မှုရှိနိုင်တယ်ဆိုတာကိုတော့ ၂၀၀၇ ခုနှစ်အတွင်း မြန်မာအမျိုးသမီးအသင်းဗိုလ်စွဲတုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီအထိ တိုက်ရိုက်ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ နောက် တခြား တိုင်းမှူးတွေ၊ ၀န်ကြီးတွေဆီကိုလည်း ဖုန်းဆက်ပြီး ကောင်မလေးတွေကို ဆုချပါဆိုပြီး ပြောတော့ အားလုံးက သူတို့တော့ ဘယ်လောက်ဆုချပါမယ့်ဆိုပြီး သူ့ဆီကို ချက်ချင်းအကြောင်းပြန် ကြရတာကတော့ ကျနော်တို့ မြင်တွေ့ကြား သိခဲ့ရတာတွေပေါ့” ဟု ပြောပြသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်က စီးပွားရေးဒဏ်ခတ်ရာတွင် ပုံစံအမျိုးအမျိုးရှိသည်။ ဥပမာ အမေရိကန် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ် မလုပ်ရန်တားမြစ်သည့် ဒဏ်ခတ်မှု (Sanctions for new investment)၊ စစ်အစိုးရပိုင် လုပ်ငန်းများကို ပစ်မှတ်ထားသည့် ငွေကြေးဆိုင်ရာဒဏ်ခတ်မှု (Financial Sanctions)၊ ၂၀၀၈ ခုနှစ်မှာ ထပ်မံပြဋ္ဌာန်းသည့် မြန်မာ ကျောက်မျက်ရတနာများ အမေရိကန်သို့ တင်သွင်းခွင့် ပိတ်ပင်သည့် ဒဏ်ခတ်မှု (Block Burma Jade Act)၊ မြန်မာစစ်အစိုးရအား ထောက်ပံ့ပေးနေသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ (ဥပမာ ဘိန်းဘုရင် လော်စစ်ဟန်နှင့်သား စတီဗင်လော၊ ဦးတေဇ စသည်) အား အမေရိကန်နိုင်ငံသားများ၊ အမေရိကန်လုပ်ငန်းရှင်များနှင့် မဆက်ဆံရမည့်သူများအဖြစ် နာမည်ပျက်စာရင်း သွင်းသည့်နည်း စသဖြင့် အမျိုးမျိုးရှိသည်။

၁၉၉၇ ခု မေလ (၂၀) ရက်မှစတင်၍ အမေရိကန်နိုင်ငံသားများ၊ အမေရိကန်လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ် မလုပ်ရန်တားမြစ်သည် ဒဏ်ခတ်မှုကို စတင်သည်။ အမေရိကန် သမ္မတဘုရှ်သည် လက်ရှိ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုများအား တိုးချဲ့ထားသည့် ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီဥပဒေကို ၂၀၀၃ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့၌ လက်မှတ် ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် အခြေ အနေအရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန်သမ္မတအနေဖြင့် ရုပ်သိမ်းနိုင်သည်။

ဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖက ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန်အတွက် ဒီမိုကရေစီ အင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူညီချက်ပါအချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။ link

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP