" PLEASE USE YOUR LIBERTY TO PROMOTE OURS "

1.19.2009

အရှင်ဂမ္ဘီရ အစာငတ်ခံဆန္ဒပြနေပြီး ကျန်းမာရေးအခြေအနေဆိုးရွားနေ

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရသည် ထောင်အတွင်း အစာငတ်ခံဆန္ဒပြနေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေလျှက်ရှိသည်။

မန္တလေး၊ အိုးဘိုထောင်တွင်း၌ ယခုလ (၁၃) ရက်နေ့မှစတင်ကာ မည်သည့်အစားအသောက်ကိုမျှ လက်ခံခြင်းမရှိဘဲ အစာငတ်ခံ ဆန္ဒပြနေသည့်အတွက် အိပ်ယာထဲမှ မထနိုင်ဖြစ်နေကာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း မိသားစုဝင်တဦးက ပြောသည်။

“ကျမတို့သိရတာ ဒီနေ့ပဲ၊ မန္တလေးက မိတ်ဆွေဆီက ဖုန်းဝင်လာလို့သိတာ၊ ဘာကျွေးကျွေး မစားဘူးလို့ပြောတယ်၊ (၁၃) ရက်နေ့က စတာ၊ ကျန်းမာရေးအခြေအနေကတော့ တော်တော်ဆိုးတယ်လို့ ပြောတယ်၊ အိပ်ယာထဲမှာ ပက်လက်ဖြစ်နေတယ်၊ ရေလဲမချိုး၊ ရေတောင်မသောက်ဘူးလို့ ပြောတယ်” ဟု ပြောသည်။

အရှင်ဂမ္ဘီရကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၄) ရက်နေ့တွင် ထောင်ဝင်စာ တကြိမ်သာတွေ့ခွင့်ရခဲ့ပြီး ယခုလ (၁၄ )ရက်နေ့က ဦးဇင်း၏မယ်တော်ဖြစ်သူက ထောင်ဝင်စာသွားတွေ့ရာတွင် တွေ့ခွင့်မရခဲ့သည့်အပြင် ပါဆယ်ပို့ခွင့်ကိုပါ ပိတ်ထားလိုက်ကြောင်း မိသားစုဝင်က ဆက်ပြောသည်။

“ဘာကြောင့်လဲဆိုတာတော့ မသိသေးဘူး၊ မိသားစုနဲ့ တွေ့ခွင့်မရတာဘဲလား၊ ဒါမှမဟုတ် ဒီထက်ပိုကြီးတဲ့ ကိစ္စတွေကြောင့်လားတော့မသိဘူး၊ (၁၄) ရက်နေ့မတိုင်ခင်တုန်းကတော့ နေပြည်တော်က လူကြီးတွေလာတယ်လို့ ပြောတယ်၊ အဲဒါတွေနဲ့များ ပတ်သက်နေသလားတော့ မသိဘူး” ဟု ပြောသည်။

ယင်းကဲ့သို့ အရှင်ဂမ္ဘီရ၏ အခြေအနေသေးစိတ်ကို သိရှိရန်အတွက် မယ်တော်ဖြစ်သူက လာမည့်တနင်္လာနေ့တွင် ထောင်ဝင်စာတွေ့ရန် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် သံဃာတပါးဖြစ်ပြီး ပြီးခဲ့သည့်နှစ်၊ နိုင်ဝင်ဘာလအတွင်းက ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ link

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP