" PLEASE USE YOUR LIBERTY TO PROMOTE OURS "

1.21.2009

ရေနံကုမ္ပဏီပိုင်ရှင်က ခေါင်းပုံဖြတ်အမြတ်ထုတ်သည့်အပြင် လူမိုက်မွေးပြီး ထင်တိုင်းကျဲနေ

Tuesday, 20 January 2009 23:15 ဘုန်းခိုင်
E-mail Print
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ငါးရှန်တောင်ရေနံမှော်တွင် ရွှေသိန်းသန်းကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးသိန်းတန်က ရေနံဈေးနှိမ်ဝယ်ယူလျှက်ရှိကာ ကုမ္ပဏီတွင် လူမိုက်များမွေးပြီး ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အတွက် တွင်းပိုင်ရှင်များ၊ ဒေသခံအလုပ်သမားများ မကျေမနပ်ဖြစ်နေကြသည်။

ယခုလက်ရှိ ရေနံစိမ်း ကျဈေးနှင့်ရင်ဆိုင်နေချိန်တွင် ကုမ္ပဏီက ဈေးနှိမ်ဝယ်ယူသည့်အပြင် အမြတ်ထုတ်ဖြတ်တောက်ယူခြင်းများ ရှိနေသည့်အတွက် တွင်းပိုင်ရှင်များ မကျေမနပ်ဖြစ်နေခြင်းဖြစ်သည်။

“ကျနော်တို့ တွင်းကထွက်တဲ့ရေနံကို တပီပါကို (၅၀,၀၀၀) ပဲပေးတယ်၊ သူတို့ ကုမ္ပဏီက ကားခ (၂,၀၀၀) ပြန်ဖြတ်တော့ (၄၈,၀၀၀) ပဲရတယ်၊ ကျနော်တို့ တွင်းပိုင်တွေအနေနဲ့က အကျိုးခံစားခွင့်ဘာမှမရှိဘူး ဖြစ်နေတယ်၊ ကုမ္ပဏီကပဲ လုပ်ချင်တိုင်းလုပ်နေတာ” ဟု ရေနံတွင်းပိုင်ရှင်တဦးက ပြောသည်။

ရေနံဈေးများတက်နေစဉ်က ရေနံပေါက်ဈေး တပီပါလျှင် (၂၄၀,၀၀၀) ကျပ်ကို ကုမ္ပဏီက ပြန်ဝယ်ယူရာတွင် ကျပ် (၉၀,၀၀၀) သာပေးပြီး ဈေးနှိမ်ဝယ်ယူခဲ့သည့်အပြင် ရေနံပိုမိုဆံ့သည့် ပီပါအကြီးများဖြင့် ဝယ်ယူခြင်းများပြုလုပ်ခဲ့သည်ဟု ပြောသည်။

ယင်းကဲ့သို့ မကျေနပ်မှုများကို သွားရောက်ပြောဆိုရာ ဦးသိန်းတန်က အဆိုပါရေနံမှော်အား အစိုးရက မိမိတဦးတည်းကိုသာ လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်ပြီး မကျေနပ်ပါက ပြန်နိုင်ကြောင်း ပြောဆိုလိုက်သည်ဟု တွင်းပိုင်က ပြောသည်။

ထို့အပြင် ကုမ္ပဏီတွင် စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းအမည်ဖြင့် လူမိုက်အယောက် (၁၅၀) ခန့် ထားရှိပြီး ၎င်းတို့ကို လက်ထိပ်၊ နံပါတ်တုတ်များ ပေးထားကာ တစုံတခုဖြစ်ပါက ရိုက်နှက်မှုများ၊ ဖမ်းဆီးခြင်းများကိုပင် ကျူးလွန်နေသည်။

ဒေသခံ ရေနံတွင်းလုပ်သားတဦးက “စည်းကမ်းထိန်းသိမ်းရေးဆိုတဲ့ ဝန်ထမ်းတွေက တခုခုဖြစ်ရင် ဝိုင်းရိုက်တာတို့ ဘာတို့ လုပ်တယ်၊ မကြာခင်က ကလေးတယောက်ကို ဝိုင်းရိုက်တာ မျက်လုံးထွက်သွားတယ်၊ သူခိုး သူခိုးဆိုအော်ပြီး ဝိုင်းရိုက်တာတွေရှိတယ်၊ မတရားသက်သက် အဲလိုတွေ ထင်တိုင်းကျဲနေတာ” ဟု ပြောသည်။

ယခင်က ငါးရှန်တောင်ရေနံမှော်တွင် တတွင်းလျှင် တနေ့ ရေနံပီပါ (၄) လုံးအထိ ထွက်ရှိခဲ့သော်လည်း ယခုအခါ သုံးရက်မှ (၁) ပီပါလောက်သာ ရရှိသဖြင့် တွင်းပိုင်ရှင်များက လုပ်ငန်းရပ်ဆိုင်းပြီး ပိုက်များပြန်နှုတ်ယူရန် တင်ပြထားခြင်းကို ကုမ္ပဏီက ခွင့်ပြုခြင်းမရှိဘဲ ခြိမ်းခြောက်မှုများပြုလုပ်လာကြောင်း ဒေသခံ တွင်းပိုင်တဦးက ပြောသည်။

ကျနော်တို့ အခု အရင်းပြန်ရဖို့ မလွယ်ဘူးဖြစ်နေတယ်၊ အခု ရေနံထွက်တာ တအားနည်းသွားတဲ့အခါကျတော့ ကျနော်တို့က ကိုယ့်ပိုက်ကို ကိုယ်ပြန်နှုတ်မယ်လို့ လျှောက်လွှာတင်တာလဲ မရဘူး၊ ကျနော်တို့ တွင်းပိုင်ရှင်တွေ အယောက် (၂၀) လောက်စုပြီး သွားတော့ ကုမ္ပဏီမှာ ခရာတွေမှုတ်ပြီးတော့ ကျနော်တို့ကို ဝိုင်းရိုက်မဲ့ပုံစံမျိုးတွေအထိကို လုပ်တာ” ဟု ပြောသည်။

အဆိုပါ ရွှေသိန်းသန်းကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးသိန်းတန်သည် ယခင်က ရမည်းသင်း၊ ရွှေဘိုနယ်ဘက်တွင် ရွှေတွင်းများလုပ်ကိုင်ရာတွင်လည်း လူမိုက်များမွေးပြီး ထင်တိုင်းကျဲခဲ့သူတဦး ဖြစ်သည်။

ယခု ၎င်းလုပ်ကိုင်နေလျှက်ရှိသည့် ရွှေသိန်းသန်းကမ္ဘာကုမ္ပဏီတွင် ယခင် လပခ(အလယ်ပိုင်းတိုင်း)တိုင်းမှူး ည်း ရှယ်ယာပါဝင်ပြီး ဗိုလ်မှူး၊ ဗိုလ်ကြီး အငြိမ်းစားယူထားသူများကို လခကောင်းကောင်းပေးပြီး ဝန်ထမ်းအဖြစ်ထားရှိကြောင်း တွင်းပိုင်တဦးက ပြောသည်။

မကြာသေးခင်ရက်ပိုင်းအတွင်းကလဲ နှောပင်ရေနံမှော်တွင် ကောင်းဇော်ဟိန်းကုမ္ပဏီက တွင်းပိုင်များအပေါ် လက်ဝါးကြီးအုပ် ခေါင်းပုံဖြတ်မှုများကြောင်း ကုမ္ပဏီပိုင်ယာဉ်များကို မီးရှို့သည်အထိ ပြဿနာများဖြစ်ပွားခဲ့ပြီး အဆိုပါအမှုနှင့် ဒေသခံရွာသားနှင့် ရေနံပွဲစား (၅၀) ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားသည်။
(link)

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP