ကိုယ်ဝန်ဆောင်မကေသီအောင် ထောင်တွင်းကိုယ်ဝန်ပျက်ကျ
ရေးသူ..တင်ကျော်ကျော်စိုး
မန္တလေးအိုးဘိုထောင်တွင်အကျဉ်းကျခံနေရသည့်မကေသီအောင်မှာဒီဇင်ဘာလ လ၂၉ရက်နေ့က ကိုယ်ဝန်ခြောက်လအရွယ်တွင်သွေးသွန်ပြီးကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားသည် ဟုစုံစမ်းသိရှိရသည်။
သူမကိုဖမ်းဆီးစဉ်ကစစ်ကြောရေးမှနှိပ်စက်မေးမြန်းသည့်ဒဏ်၊ထောင်ဝင်စာတွေ့ခွင့်(ဒီဇင်ဘာလက)မရသေးသဖြင့်အစာအဟာရမပြည့်ဝမှု၊ရာသီဥတုနှင့် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု မကောင်း မွန်ခြင်း တို့ကြောင့် ဒီဇင်ဘာလထဲတွင် ထောင်ဒဏ်ချမှတ်ခံရပြီးသည့်နောက် သွေးအားနည်းပြီး မူးမေ့ လဲကျရာမှ ကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။
ယခုအခါတွင်ဆေးဝါးအလုံအလောက်မရှိသည့်အိုးဘိုထောင်ဆေးရုံသို့တင်ထားသည်ဟု သိရသော်လည်း မကေသီအောင်၏ လက်ရှိကျန်းမာရေးအခြေအနေအရအသက်အန္တရယ် ပါစိုးရိမ်ရကြောင်း မန္တလေး အိုးဘို ထောင်နှင့် နီးစပ်သောအသိုင်းအ၀ိုင်းက Freedom News Groupသို့ပြောပြသည်
ခင်ပွန်းဖြစ်သူ အထက်ဗမာပြည် ဗကသအဖွဲ့ဝင်ကျောင်းသားလှုပ်ရှားမှုခေါင်း ဆောင်ကိုထွန်းထွန်းကို ငွေတော်ကျီကုန်း ရပ်ကွက်၊ ရွှေထွန်းလမ်း၊ ပြည်ကြီး တံခွန်မြို့နယ်နေအိမ်တွင်စက်တင်ဘာလ၁၄ရက်နေ့လည်၁နာရီက၀င်ရောက် ဖမ်းဆီးရာမမိသဖြင့်ကိုယ်ဝန်ဖြင့်ဇနီးဖြစ်သူကို ဓားစာခံ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထောင်ဒဏ်၂၆ နှစ်အပြစ်ပေးခဲ့ခြင်းဖြစ်သည်။ မကေသီအောင်မှာ ဖမ်းဆီးခံရ သည့်အချိန်ကအသက် ၂၂နှစ်သာရှိသေးသည်။
မြန်မာပြည်အကျဉ်းထောင်များတွင်နိုင်ငံရေးလှုပ်ရှားမှုကြောင့်ထောင်ဒဏ်အပြစ်ပေးခံရသည့် အမျိုးသမီး များမှာ အကျဉ်းထောင်တွင်း ဆင်းရဲကျပ်တည်းစွာနေရသည်။ ၁၉၉၈ခုနှစ်ပြည့်သူ့လွှတ် တော်ပေါ်ပေါက် ရေးအတွက် ဆန္ဒပြတောင်းဆိုသဖြင့်ထောင်ဒဏ်ချမှတ်ခံရသူ မဇင်မာအောင်မှာ လည်း နှလုံးရောဂါနှင့် အာရုံကြောအားနည်းခြင်း ဝေဒနာကိုကာလကြာရှည်စွာ ခံစားနေရကြောင်း သိရသည်။ link

0 comments:
Post a Comment