" PLEASE USE YOUR LIBERTY TO PROMOTE OURS "

8.18.2009

ဆုတောင်း


ဆိုးဝါးလှတဲ့ ကံကြမ္မာပြဇာတ်
သံသရာမဖက် အေးချမ်းဖို့အတွက်
စွန့်လွှတ်ကြိုးစား ဘ၀များ ယခုတိုင်
မယိမ်းယိုင် နှလုံးသား
ကြေကွဲမျက်ရည် များစွာစီးဆင်း
ချောင်းငယ်ပုံစံ အသွယ်သွယ်...


တစ်မြေထဲနေ အတူ...
စကားဝဲသူ အသားမဲသူ
ညီရင်း ဆွေအဖာ် ဒီမြေပေါ်
သွေးရင်းရောင်စုံ တည်ရှိရာဝယ်
ရန်လိုအမုန်စကား ရှောင်ကာရှားလဲ
ငြိမ်းချမ်းရေးမလို အာဏာသာလိုသူတို့
မျက်မာန်ဒေါသ ခက်ထန်ကြသမို့
တောရိုင်းစရိုက် တောဓလေ့လိုက်ကာ
အသိဥာဏ်မဲ့မိုက်ကြတယ်...


ကံကြမ္မာ အပြောင်းအလဲ
အဖန်ဖန်အခါခါ နှလုံးသားခွဲသူတို့
နောင်အချိန်ခါ ကြွေးမကျန်ရစ်ဖို့
သံသရာဆိုတာ စက်ဝန်းပမာ
လည်ပတ်တဖန် ပြန်လာတာမို့
အလှည့်မရောက်ခင် အမှန်တရားမြင်
ရမ္မက်ခွာကာ လှော်ခတ်ရင်ဖြင့်
အမုန်းမြစ်မှ လွန်မြောက်မယ်...

အမြန်ဆုံးလွတ်မြောက်ပါစေ... အမေ

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP