" PLEASE USE YOUR LIBERTY TO PROMOTE OURS "

9.27.2009

ဆုံခွင့် ...


ဆုံခွင့်

ချစ်ခဲ့ရတာ ခဏရယ်ပါ
ဝေးနေရတာ အချိန်များစွာ
နှစ်များရှည်ကြာ အလွမ်းရင်မှာ
မေ့မရနိုင်တာ ကိုယ့်အဖြစ်ပါ။

ချစ်ခဲ့စဉ်က ထားခဲ့သစ္စာ
ပေးထားကတိ ရင်ထဲအသိ
စွဲမြဲနေမိ ယုံကြည်ရင်းသာ
ကိုယ်လေအမြဲ သတိရနေလျက်ပါ။

ဆုံခဲဖူးစာ လွဲချော်ရင်းသာ
ဝေဒနာဆိုး ကံကြမ္မာမျိုး
ပုံစံအမျိုးမျိုး ကွေကွင်းရင်းသာ
ဝဋ်ရှိရင်လဲ ဒီမျှလောက်သာ
ကျေစေချင်သာ ကိုယ့်ဆန္ဒပါ။

ဆုံမယ့်တစ်နေ့ မျှော်လင့်ရင်းဖြင့်
နေ့စဉ်တမ်းတ ရင်ထဲဒုက္ခ
ဖြေသိမ့်ရင်းသာ ဝေဒနာအလွမ်း
ခံစားလျက်
ယုံကြည်ရင်းသာ စောင့်လျက်နေပါ
ဆုံခွင့်တစ်နေ့ရောက်မှာပါ။

တစ်သက်မှာတစ်ခါ မျက်စိလည်က ချစ်ရသူမှာဖြင့်
တစ်ဘ၀မှာ တစ်ယောက်သာ ပိုင်ဆိုင်ဖို့အတွက် မျှော်လင့်စောင့်စားနေသူ၊
အချစ်ကြီးသူ တစ်ယောက်အတွက်.... ခံစားရင်ဖွင့်လိုက်သည်။
(ချစ်သူခြင်း ဆုံခွင့်ရ၍ ဆုံနိုင်ပါစေ.....)

2 comments:

ရေကြည် September 28, 2009 at 6:52 PM  

အင်း... ဒီလိုလေးရေးတော့လဲ...ချစ်ခြင်းကလဲ...ပူပြင်းပါတယ်လေ

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP