ကိုယ့်သမိုင်းရော ရှင်းရဲ့ လား?
ကိုယ့်သမိုင်းရော ရှင်းရဲ့ လား?
(၁) ပိန်းပိတ်မှောင်တဲ့ တောနက်ကြီးထဲ
ဦးတည်ရာမဲ့ လျှောက်နေရစဲ
ဘယ်သောင်ကပ်လို့ ဘယ်လမ်းမမြင်
တွေးကြည့်လိုက်ရင် စိတ်ညစ်ချင်
အနာဂတ်လမ်းက ဘယ်ဆီပျောက်
မြေပုံမရှိတဲ့ ဘ၀ခရီးဝယ်....
(၂) ယုံကြည်ချက်လား ပုံပြင်အလား
မှုန်မှုန်ဝါးဝါး စိတ်ကူယဉ်များ
ထွေရာလေးပါး ပြောစကားများ
မီးလောင်တိုက်စား တန်ဖိုးမဲ့ အချိန်များ
မျှော်လင့်ချက်နဲ့ ဘ၀လမ်းများက
ပိတ်လှောင်ခံထားနေရတယ်...
(၃) အလင်းမဲ့ညများ အကျင့်ပျက်ခြစား
သတင်းအစား အတင်းစကားများ
ဝါဒဖြန့်ရင်း ပေါ့ပျက်အရှက်မဲ့
ကိုယ့်ဘ၀တန်ဖိုး ကိုယ်တိုင်ဈေးကွက်
ဖွင့်ကစားတယ်....
(၄) စကားလုံးများက ကြောက်စရာ
ရင်ခုန်ရတာ ခဏခဏပါ
တစ်နေ့လာနိုး သူ့မျှော်ကိုးနဲ့
ရှေ့ ကိုမသွား နောက်ဆွဲရထား
လက်ဝှေ့ဆိုင်းတီး စည်းစိမ်ယစ်ရှာ
သူတို့ခမျာ သံရည်ပူမို့
မျိုမကြရှာ။
(၅) ကိုယ့်သမိုင်းရော ရှင်းရဲ့ လား?
အလှည့်ရောက်ပြီ မနွဲ့ ကြစတမ်း
မီးစာကုန်လို့ ဆီခမ်းခမ်း
ဇာမဏီသွေးလို နီပြစမ်း
အာဇာများမို့ နောက်မတွန့်စတမ်း
အကဲစမ်းပြီး လင်းလိုက်စမ်း
ကိုယ့်နိုင်ငံရေးမို့ ကိုယ့်သမိုင်းကို
ကိုယ်ရှင်းကြစို့ ။ ။


0 comments:
Post a Comment