" PLEASE USE YOUR LIBERTY TO PROMOTE OURS "

10.26.2009

... ဘယ်လဲ?




>>> ကောင်းကင်ကိုမော့ကြည့်လိုက်တော့
တိမ်တွေကရွေ့ လျား
ငှက်ကလေးတွေက အနာဂတ်ပျောက်ရှာနေကြတယ်..

>>> ရှေ့ ကိုလှမ်းမျှော်ကြည့်မိတော့
လမ်းသလားနေတဲ့အလံ
အမှန်တရားခေါင်းစဉ်နဲ့ အတင်းပြောနေဟန်
မေတ္တာတရားသံအောက်က
အတ္တနဲ့ အနတ္တ လွန်ဆွဲနေကြတယ်...

>>> ဘေးကိုကြည့်မိတော့လည်း
ရင်တွင်းဖြစ်နဲ့ အတင်းဟစ်နေတဲ့ ဟစ်ပ်ဟော့တေးသံ
ညဥ့်ငှက်များရဲ့  ရင်ခုန်သံစုံ
မိုးခါးရေခေါင်းစဉ်အောက်
ဝိုင်းသောက်ဖို့ ပြင်နေကြတယ်..

>>> နောက်ပြန်ကြည့်တော့
သံယောဇဉ်မြစ်တွေ ရင်ခွဲစီးဆင်း
အကြင်နာလမ်းအောက် သံသရာတစ်လျောက် ဒုက္ခပင်လယ်
ငြိမ်းချမ်းရေးကမ်းပျောက် ရှာမိတယ်...


>>> ဥဒ္ဓစ္စနဲ့
တစ်ချက်မှောက်ထားတဲ့ဘဝ
တင်ကြိုတွေးထားလဲ အဖြေက ယတြာချေမရ။
လက်ထဲကအနာဂတ်
သမုဒ္ဒရာထက် လှေတစ်စင်းနယ်... ။

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP