ကိုရီးယားရဲ့  ဒီဇင်ဘာ 23
ဒီနေ့တော့ ဘာရယ်မဟုတ် ဆိုးလ်ထဲကို သွားချင်နေမိတယ်... ရာသီဥတုကလည်း အရမ်းအေးမယ်တဲ့! ဘာပဲဖြစ်၂
ခရစ္စမတ်ရဲ့ ညကြိုအလှလေးတော့ ကြည့်ချင်မိတာတော့အမှန်ပဲ။
သွားရမလား? မသွားဘူးလား? လွန်ဆွဲမိတယ်... နောက်တော့ ဆုံးဖြတ်ချက်ချလိုက်တယ်... သွားမယ်..
စီးတီးဟောလ်ရောက်တော့ မှောင်စပျိုးနေပြီ။ ထင်ထားသလို မီးလုံးရောင်စုံလင်းနေတာတော့မဟုတ်။ ဟိုတယ်နဲ့ကုမ္ပဏီရှေ့ လောက်သာ လင်းလက်မှိတ်တုတ် နဲ့ ကွက်တိကွက်ကြား မြင်ရတယ်... ထင်ထားသလိုဖြစ်မလာတော့ အအေးဒဏ်ကို သတိထားမိလာတယ်... ကွင်းပြင်ဆိုတော့ လေကလည်းတိုက်ပေါ့။ ဒါနဲ့ အနည်းငယ်ဓါတ်ပုံရိုက်ပြီး ပြန်လာခဲ့မိတယ်... အဲဒါလေးကိုပဲ ပြန်ပြီးမျှဝေလိုက်တယ်... ခံစားနိုင်ပါစေ...
0 comments:
Post a Comment