မနက်ဖြန်
ဘာဖြစ်မလဲ?
ဘာလုပ်ရမလဲ?
ဘယ်လိုလဲ?
သိခွင့်မရတဲ့ မနက်ဖြန်အတွက်
စဉ်းစားရင်းသာ နေ့များစွာထဲ
ကြိုတင်တွေးတော ငေးမောရင်းသာ
အချိန်တွေကြာ ...
ထင်မှတ်မထား ချစ်ခြင်း၊မုန်းခြင်း
လမ်းခွဲခြင်းများ ကြိမ်ဖန်များစွာ
ကြုံတွေ့လာခဲ့ တွေ့၊ဆုံ၊ကြုံ၊ခွဲ
ဘဝခရီး သံသရာ
လည်ပတ်စွာဖြင့် ဖြစ်၊ပျက်ပြောင်းလဲ
ဝဲဂယက်ထဲ
ဘယ်ဟာမြဲလည်း လောကကြီးထဲ
အရာရာဟာ အနတ္တပဲ။
မှန်စွာတရား ရင်ထဲပဲ့ထွက်
ဒီဖြစ်ပျက်တွက် နှလုံးမသာ
စိုးထိတ်စွာဖြင့် ရင်ဝယ်ဆုတောင်း
ကံကြမ္မာဟောင်း ကျေပါစေသား
ငြိမ်းစေငြားလို့ မေတ္တာမျှဝေ
ပို့လိုက်တယ်...
(အဓိပ္ပါယ်ရှိသော မနက်ဖြန်ကို ရှင်သန်နိုင်ပါစေ... သူငယ်ချင်း)
0 comments:
Post a Comment