ဒီအတိုင်းလျှောက်နေဆဲ … (သို့) ရှေ့ သို့…
လမ်းလျှောက်တတ်စ ကလေးငယ်လို
ဒီအတိုင်း လျှောက်နေခဲ့…။
လမ်းလည်းမသိ ကန့်သတ်မှုလည်း
မသိသေးတဲ့ ကလေးငယ်လို…
-လျှောက်လှမ်းနေရင်း လဲပြိုကျတော့
ငိုကြွေးရပြီး၊
ငိုကြွေးရင်းက ပြန်ရုန်းထကာ
ဒီအတိုင်း ဆက်လျှောက်နေခဲ့…။
-ပန်းလေးတွေရယ် ...
ငှက်လေးတွေရယ် ...
နေရောင်ခြည်နဲ့ လူတွေဟာလည်း
လောကကြီးမှာ ကျေနပ်ပီတိ
ဖြစ်တတ်ကျရင် ပြုံးပျော်ရွှင်မြူး
လန်းဆန်းတက်ကြွ ဖြစ်တတ်ကြတယ်မဟုတ်ပါလား။
မင်းရောလမ်းကို ရှာဖွေခဲ့ပြီး
လျှောက်နေဆဲမှာ
ကိုယ်ရွေးတဲ့လမ်း ခရောင်းလမ်းမို့ တွေဝေမှာလား?
-မင်းရှာနေတဲ့ အမှန်တရား
သင်ယူနေဆဲ ဘဝလမ်းမှာ
အမှန်တရား အလင်းရောင်
ရှင်သန်နေအောင် လုပ်နေသူလား?
-မင်းရောမေတ္တာ နွမ်းပါးသူမို့
နားလည်ခံစား ချစ်တတ်ခြင်းကို သင်ယူနေဆဲလား?
-လမ်းလျှောက်တတ်စ ကလေးငယ်လို
ငါ၏အတွေး ဝိဥာဏ်ခေါ်ရာ
လမ်းလေးအတိုင်း မျောလွင့်နေရင်း
ဒီအတိုင်း ဆက်လျှောက်နေမိတယ်…
(01-Dec-2010)
မူရင်း ကိုရီးယားကဗျာ (그냥 걸어라) အား မှီငြမ်းပါသည်။
0 comments:
Post a Comment