မေ့မှာစိုးလို့...
တစ်ဖြည်းဖြည်းနဲ့ ကုန်ဆုံးလို့သွား
စက္ကန့်၊နာရီ နှစ်၊လ၊ရက်များ
တစ်နှစ်ကုန်လို့ တစ်နှစ်ရှေ့ တိုး
သေမင်းတံခါး နီးသလိုမျိုး။
ရတုန်းဘ၀ သတိမေ့လျက်
ဝမ်းရေး၊လွမ်းရေး နေ့စဉ်နှိပ်စက်
ဘယ်တော့လွတ်မယ် လှမ်းမျှော်တွေးရင်
လမိုက်ညအောက် လမ်းပျောက်သူပင်။
မှုန်ဝါးဝါးပဲ လှမ်းရမှာလား?
အလင်းမဲ့ညက ရုန်းထွက်မလား?
တွေဝေနေရင် သံသရာဝဲ
အရွယ်၊အရောင် မရွေးပေဘူး
နစ်မြှုပ်နေဆဲ ။
ကဲ....
ဘယ်လိုလဲ?
ဘယ်လမ်းလဲ?
ဘာလုပ်သင့်သလဲ?
ဒီအတွေးထဲ
မေ့မှာစိုးလို့....
(ဝ၉၊၁၂၊၂၀၁၂)
0 comments:
Post a Comment