" PLEASE USE YOUR LIBERTY TO PROMOTE OURS "

2.11.2011

မာန




“ မာန ”


တစ်ခါတုန်းကပေါ့...
မေတ္တာနှောင်ကြိုး ချည်နှောင်ရစ်ပတ်
ရုန်းရခက်ခက် ရှေ့ သို့ဆက်လျက်
အနာဂတ်လမ်းလေး လှမ်းကြတယ်...

တစ်ခါတုန်းကပေါ့...
ရည်မှန်းချက်တူ မေတ္တာတူသူ
ခရောင်းလမ်းလေးလည်း တူဖြတ်တယ်...

တစ်ခါတုန်းကပေါ့...
အပြစ်မမြင် မေတ္တာသက်ဝင်
ဆုံမှတ်တစ်ခု ကိုယ်စားပြုကာ
တွဲလက်ခိုင်မြဲ ထင်ခဲ့တယ်...

ခုတော့...
တစ်ခါတုန်းကလို.. မေတ္တာ
သစ္စာ၊အချစ်များစွာနဲ့ လှမ်းရမလား?

ဒါမှမဟုတ်..
တစ်ခါတုန်းက မလို..
မေတ္တာ၊ သစ္စာ၊ အချစ်ဗလာနဲ့ လှမ်းကြမလား?

ရှင်ကွဲ၊သေကွဲ၊ မြင်ကွဲ မချင့်မရဲ
ဒီအတိုင်းလေးပဲ ကောင်းပါ့မလား?

ရတုန်းဘဝ ခဏလေးများ
ဘာကြောင့်၊ဘယ်လို ရန်ကိုမျိုးထား
မာနတရား ရင်တွင်းမီးပွား
မျိုးစေ့ထားကာ နေကြသလဲကွယ်...

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP