" PLEASE USE YOUR LIBERTY TO PROMOTE OURS "

9.22.2009

ကိုရီးယားခေတ်ပြိုင်သမိုင်း အပိုင်း (၁) ၊ အခန်း(၃)

အခန်း(၃) စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု ဆန့်ကျင်ရေး ဂယက်ရိုက်မှုများအတွင်း


လွတ်လပ်ရေးရသည့်နှစ် နှစ်ကုန်ပိုင်း၌ ဆိုးလ်မြို့တွင်စီးပွါး ရေးဆိုင်ရာအုပ်ချုပ်မှု များအား ဆန့်ကျင်သည့် ဆန္ဒပြမှုများကြီး ထွားလာခဲ့ပါသည်။ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု ဆန့်ကျင်သည့် ဆန္ဒပြမှု မီးလျှံများ ကြီးထွားလာရခြင်းမှာ သတင်းဋ္ဌာနများ၏ မှားယွင်းသည့် သတင်းထုတ်လွှင့်မှုကြောင့် ဖြစ်ပေသည်။ ဒုံ(င်)အာအီး(လ်)ဘို သတင်းစာသည် ၁၉၄၅ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ထိပ်သီး၃နိုင်ငံ(အမေရိကန်၊ အင်္ဂလန်၊ ဆိုဗီ ယက်)အစည်းအဝေး နှင့်ပတ်သက်၍ သတင်းမှားများ ဖြန့်ဝေ၍ ဆိုဗီယက် ဆန့််ကျင်ရေး သတင်းများအား ရေးသား ထုတ်ဝေခဲ့ သည်။

အီဆူမန်သည် ၁၉၄၅ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့တွင် အသံလွှင့်ဋ္ဌာနမှတဆင့် စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု မူကြမ်းအား တင် သွင်း ခဲ့သူမှာ အမေရိကန်မဟုတ်ပဲ ဆိုဗီယက် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ၁၉၄၅ခုနှစ် ဒီဇင်ဘာလ ၂၇ရက်နေ့ထုတ် ဒုံ(င်) အာအီး(လ်)ဘို သတင်းစာတွင် ဆိုဗီယက်သည် စီးပွားရေးဆိုင်ရာအုပ်ချုပ်မှုအား အဆိုတင်သွင်းခဲ့ပြီး အမေရိကန်သည် အလျှင် အမြန် လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုဗီယက်ဆန့်ကျင်ရေးအား လှုံ့ဆော်ပေးသည့် သတင်းမှားများအား ရေး သားထုတ်ဝေခဲ့သည်။ ထိုနေ့တွင်ပင် ကိုရီးယားဒီမိုကရက်တစ်ပါတီ နှင့် ပြည်သူ့ပါတီ တို့သည် စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု အား ဆန့်ကျင်ရှုတ်ချရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိပ်သီး ၃နိုင်ငံ အစည်းအဝေး၏ ဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာ နိုင်ငံမြို့တော် များ တွင် ထုတ်ပြန်ကြေငြာသည့် ၁၉၄၅ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့တွင်လည်း ပြည်တွင်းသတင်းစာများ၌ ဆိုဗီယက်မှ စီးပွား ရေးဆိုင်ရာအုပ်ချုပ်မှု မူကြမ်းအား တင်သွင်းခဲ့သည်ဟု ရေးသားထုတ်ဝေခဲ့၍ ဆိုဗီယက်အား ပြစ်တင်ဝေဖန်ခဲ့လေသည်။




လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကိုရီးယား ကျွန်းဆွယ်ပြဿနာအား ဆွေးနွေးညှိနှိုင်းခဲ့သည်မှာ ၁၉၄၅ခုနှစ် ဒီဇင်ဘာလ ၁၆ရက် နေ့တွင် မော်စကိုမြို့၌ ကျင်းပခဲ့သော အမေရိကန်၊ အင်္ဂလန်၊ ဆိုဗီယက် ၃နိုင်ငံ၏ နိုင်ငံခြားရေးဆိုင်ရာ ဆွေးနွေးပွဲ တွင်ဖြစ် သည်။ ထိုဆွေးနွေးပွဲတွင် အမေရိကန်မှ ယခင်တင်သွင်းခဲ့သော စနစ်အား ကိုကား၍ ကိုရီးယားကျွန်းဆွယ်ပြဿနာအား ဖြေရှင်း ရန်ဟုဆိုကာ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု မူကြမ်းအား တင်သွင်းခဲ့၍ ဆိုဗီယက်မှ ယာယီအစိုးရ ဖွဲ့စည်းရန်အတွက် မဏ္ဍိုင် ထား ကာ ပြင်ဆင်ရေးဆွဲထားသော မူကြမ်းအား တင်သွင်းခဲ့သည်။ ၁၉၄၅ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ဆိုဗီယက်မှ တင်သွင်း သော မူကြမ်းနှင့် အမေရိကန်မှ တင်သွင်းသော မူကြမ်းအား ညှိနှိုင်းကာ (၁)လွတ်လပ်သောနိုင်ငံ တစ်နိုင်ငံအဖြစ် ထူထောင် နိုင်ရန် အတွက် ယာယီ ကိုရီးယားဒီမိုကရေစီ အစိုးရတစ်ရပ်ဖွဲ့စည်းရန်၊ (၂) ယာယီအစိုးရ ဖွဲ့စည်းနိုင်ရန် အတွက် အမေရိကန် နှင့် ဆိုဗီယက် ပူးပေါင်းဆောင်ရွက်မှု ကော်မတီအား ဖွဲ့စည်းရန်၊ (၃) အများဆုံး ၅နှစ်အထိ အမေရိကန်၊ အင်္ဂလန်၊ ဆိုဗီယက် နှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးဆိုင်ရာအုပ်ချုပ်ခွင့်များ ရှိမည်ဖြစ်သော်လည်း ထိုအုပ်ချုပ်ခွင့်များအား အမေရိကန်နှင့်ဆိုဗီယက်
ပူးပေါင်းညှိနှိုင်းမှု ညီလာခံမှ ကိုရီးယား ယာယီအစိုးရအဖွဲ့နှင့် သဘောတူညှိနှိုင်းရန်၊ (၄) တောင်မြောက် ပြဿနာများအတွင်း
ဆိုင်းငံ့ထားသော ဆုံးဖြတ်ချက်များ ဆွေးနွေးရန်အတွက် ရက်သတ္တ ၂ပတ်အတွင်း အမေရိကန်နှင့် ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံအား စတင်အကောင်အထည်ဖော်ရန် အစရှိသည့် ဆုံးဖြတ်ချက်များ ချမှတ်၍ ထုတ်ပြန်ကြေငြာခဲ့သည်။


အသေးစိတ်အချက်အလက်များ ဆွေးနွေးရန် အမေရိကန်နှင့်ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံ မှ ယာယီအစိုးရအဖွဲ့နှင့် ညှိ နှိုင်းရမည်ဖြစ်သောစီးပွားရေးဆိုင်ရာအုပ်ချုပ်မှု မူကြမ်းသည် အင်မတန် အရေးကြီး သော်လည်း ထိပ်သီး ၃နိုင်ငံ၏ အဓိက ဆုံး ဖြတ်ချက်မှာ ယာယီအစိုးရ ဖွဲ့စည်းခြင်းပင် ဖြစ်ပေသည်။သို့သော် ထိုအချက်အား ပြည်တွင်း၌ သေချာစွာ သတင်းထုတ်ပြန်မှု မရှိခဲ့ပေ။
အမေရိကန်စစ်ဋ္ဌာနချုပ်သည် မော်စကို ၃နိုင်ငံ ထိပ်သီးအစည်းအဝေး၏ ကိုရီးယားပြဿနာ ဆိုင်ရာ ဆုံးဖြတ်ချက် များအား တိ ကျစွာ သိရှိသည့်အချိန်မှာ ၁၉၄၅ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့ မွန်းတည့်ချိန်ခန့်က ဖြစ်သည်။ ပြည်တွင်းသတင်းစာများမှ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့တွင် ထိုသတင်းများအား ရေးသားထုတ်ဝေခဲ့သော်လည်း ပြည်သူလူထုအား ဆွဲဆောင်နိုင်မှု မရှိခဲ့ ပေ။ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှုအား ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်စေရန် ဖန်တီးခဲ့သူမှာ ကင်(မ်)ဂု ဦးဆောင်သည့် ဂျု(င်)ဂြောင်း ယာယီအစိုးရအဖွဲ့ ဖြစ်သည်။ ၁၉၄၅ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့ ညပိုင်းတွင် ယာယီအစိုးရအဖွဲ့မှ အရေးပေါ် အ စည်းအဝေး တစ်ရပ်ပြုလုပ်၍ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှုအား ဆန့်ကျင်သည့် နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းများအား ဗဟို ပြု၍ "စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု ဆန့်ကျင်ရေး ပြည်သူအားလုံး လှုပ်ရှားမှု ကော်မတီ" အား ဖွဲ့စည်းကာ ၁၉၄၅ခုနှစ် ဒီဇင်ဘာ လ ၂၉ရက်နေ့မှ စတင်၍ ဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။
စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု ဆန့်ကျင်ဆန္ဒပြပွဲမှ ဂျု(င်)ဂြောင်း ယာယီအစိုးရအား အသိအမှတ်ပြုရန် တောင်းဆိုခဲ့ကြပြီးစီးပွားရေး ဆိုင်ရာအုပ်ချုပ်မှုအား ဆန့်ကျင်ခဲ့ကြသည်။ အထူးသဖြင့် ယာယီအစိုးရ၏ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု ဆန့််ကျင်မှုများသည် ဆိုဗီ ယက်ဆန့််ကျင်ရေးနှင့် ကွန်မြူနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ၊ ဂျု(င်)ဂြောင်း ယာယီအစိုးရ အာဏာရရှိရေး လှုပ်ရှားမှု များအား တ ပြိုင်နက် ပြန့်ကားသွားစေခဲ့သည်။
ကိုရီးယားဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဆုံး(င်)ဂျီ(န်)၀ူး အစွန်းရောက်သမားများ၏ လက်ချက်ဖြင့် လုပ်ကြံခံရသည့် ၃၀ရက် နေ့မှ စတင်၍ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု ဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုကြီးထွားလာခဲ့သည်။ ကျေနပ်မှုမရှိသော လက်ယာဂိုဏ်း အဖွဲ့အစည်း တချို့သည် လက်ဝဲဂိုဏ်းမှ သတင်းစာတိုက်များအား ဖောက်ခွဲဖျက်ဆီးရန်ကိုပင် တုန့်ဆိုင်းမှုမရှိခဲ့ပေ။
ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ဆိုးလ်မြို့တွင် ဆန့်ကျင်ဆန္ဒပြမှုများ အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။ဂျု(င်)ဂြောင်း ယာယီ အစိုးရအဖွဲ့၏ ပြည်ထဲရေးဝန်ကြီး ရှင်း(န်)အိ(ဂ်)ဟီ မှ နိုင်ငံအနှံ့ရှိ ရဲနှင့် ပြည်ထဲရေးဆိုင်ရာ ဋ္ဌာနများရှိ ကိုရီးယားလူမျိုးများ အား ယာယီအစိုးရ၏ ဦးဆောင်မှုအား နာခံရန် အမိန့်ပေးခဲ့၍ စစ်ဘက်ဆိုင်ရာရုံး၊ ကြေးနန်းရုံး၊ ဆိုးလ်မြို့တော်ဝန်ရုံး စသည့်ဋ္ဌာနဆိုင် ရာ ရုံးများမှလည်း သပိတ်မှောက်ခဲ့ကြသည်။ ဈေးဆိုင်များလည်း ပိတ်ခဲ့၍ ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင် ခဲ့ကြသည်။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့သော အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့သည် စစ်အုပ်ချုပ်ရေးဥပဒေ(မာရှယ်လော)ဖြင့် ပြင်းထန် စွာ နှိမ်နင်း ခြေမှုန်းခဲ့သည်။ အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့နှင့် ကင်(မ်)ဂု ဦးဆောင်သော ယာယီအစိုးရအဖွဲ့ တို့အကြား ကြီး မား ခဲ့သော ပြဿနာသည် ၁၉၄၆ခုနှစ် ဇန်န၀ါရီလ ၁ရက် နေ့က ယာယီအစိုးရအဖွဲ့၏ သပိတ်လှန်ခဲ့မှုကြောင့်သာ ခေတ္တ ပြေ လည် ခဲ့ပေသည်။

မော်စကို ၃နိုင်ငံ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်များ သတင်း ပျံ့နှံ့သွားသည့်အခါတွင် အဓိက နိုင်ငံရေး အဖွဲ့အစည်းများမှ
မိမိတို့အဖွဲ့အစည်းများ၏ ခံယူချက်များနှင့် လှုပ်ရှားမှုများအား ဖြန့််ဖြူးခဲ့သည်။ကင်(မ်)ဂု နှင့် ဂျု(င်)ဂြောင်း ယာယီအစိုးရအဖွဲ့ ၊ အီဆူမန် နှင့် ကိုရီးယားဒီမိုကရက်တစ်ပါတီ တို့သည် စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု အား ဆန့်ကျင်သည့်အချက်များ တူညီသော် လည်း ဆန့်ကျင်လှုပ်ရှားသည့် ရည်မှန်းချက်သည် တူညီမှုမရှိချေ။ ကင်(မ်)ဂု ဖက်ခြမ်းမှ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှုအား ဆန့် ကျင် ဆန္ဒပြမှုများ စတင်သည့်အချိန်တွင် ဆန့်ကျင် ဆန္ဒပြမှုများ ပိုမိုကြီးထွားလာစေရန် ဦးဆောင်ခဲ့၍ ဂျု(င်)ဂြောင်း ယာယီ အစိုးရ အသိအမှတ်ပြုရေး အတွက် ဦးစားပေး လှုပ်ရှားခဲ့ပြီး အီဆူမန် နှင့် ကိုရီးယားဒီမိုကရက်တစ်ပါတီ ဖက်ခြမ်းမှ စီးပွားရေး ဆိုင်ရာအုပ်ချုပ်မှုအား ဆန့်ကျင်သည့် လှုပ်ရှားမှုများအား အသုံးချ၍ သီးသန့််အစိုးရတစ်ရပ် ဖွဲ့စည်းရေးလှုပ်ရှားမှုများကိုသာ အလေးပေး ခဲ့လေသည်။
ကင်(မ်)ဂြူးရှစ် ၊ ကင်(မ်)ဗြောင်(င်)လိုး ၊ အန်ဂျေဟုံး(င်) စသည့် ဘက်မလိုက် လက်ယာဝါဒီများသည် အမေရိကန်-ဆိုဗီယက်
ပူးပေါင်းညှိနှိုင်းမှု အဖွဲ့ နှင့် ညှိနှိုင်းကာ အမြန်ဆုံး ယာယီအစိုးရအဖွဲ့ ဖွဲ့စည်းပြီး ထိုယာယီအစိုးရမှ စီးပွားရေးဆိုင်ရာအုပ်ချုပ် မှုအား ဆန့်ကျင်ရန်လိုအပ်ကြောင်း ပြောဆိုသည်။ ယော်ဝူး(န်)ဟြောင်း ၊ ဘက်နမ်ဝူး(န်) အစရှိသည့် ဘက်မလိုက် လက်ဝဲ၀ါဒီ များမှမူ အမေရိကန်-ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှုအဖွဲ့ နှင့် ညှိနှိုင်းသော်လည်း စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု စနစ်အား မကျင့်သုံး နိုင်ရန် လုပ်ဆောင်ရမည်ဟု ပြောဆိုခဲ့သည်။
ကွန်မြူနစ်ပါတီသည် ဒီဇင်ဘာလ ၂၈နှင့် ၂၉ရက်များအထိ တရားဝင်ထုတ်ပြန်ခြင်း မရှိသည့် အတွက် ဆန့်ကျင်သည် မဆန့် ကျင် သည်ကို မသိရသော်လည်း အစပိုင်းတွင်မူ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှုအား ဆန့််ကျင်ခဲ့လေသည်။ ကွန်မြူနစ်ပါတီမှ စီး ပွားရေးဆိုင်ရာအုပ်ချုပ်မှုအား ဆန့််ကျင်ခြင်းသည် ကုလသမဂ္ဂ ဖွဲ့စည်းပုံ၌ သတ်မှတ်ထားသော စီးပွားရေးဆိုင်ရာအုပ်ချုပ်မှုအား
ဆန့်ကျင်ခြင်းဖြစ်သည်။ မော်စကိုမြို့တွင် ပြုလုပ်ခဲ့သော ထိပ်သီး ၃နိုင်ငံ နိုင်ငံခြားရေးဆိုင်ရာ အစည်းအဝေးမှ သဘောတူ ဆုံး ဖြတ်ခဲ့သော စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု မူကြမ်းနှင့် ကွဲလွဲမူများ ရှိသည့်အတွက် အမေရိကန်နှင့်ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံမှ ယာယီအစိုးရနှင့် ညှိနှိုင်း၍ စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှု မူကြမ်းအား ရေးဆွဲကာ အမေရိကန်၊ ဆိုဗီယက် ၊ အင်္ဂလန် နှင့် တရုတ်နိုင်ငံတို့အား ပေးပို့၍ အတည်ပြု သတ်မှတ်ရန် သဘောတူခဲ့ကြသည်။ စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှု မူကြမ်းသည် လွတ်လပ်ရေးအား အမြန်ဆုံး လိုချင်နေသော ကိုရီးယားလူမျိုးများအား စိုးရိမ်ကြောင့်ကြမှုများ ဖြစ်စေခဲ့သည်။ သို့သော် ကွန်မြူ နစ်ပါတီမှ ၁၉၄၆ခုနှစ် ဇန်န၀ါရီလ ၂ရက် နေ့တွင် မော်စကို ထိပ်သီး ၃နိုင်ငံ အစည်းအဝေး၏ ဆုံးဖြတ်ချက်အား လက်ခံသည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။ ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းမှ မော်စကို အစည်းအဝေး ဆုံးဖြတ်ချက်အား လက်ခံပြီး စီးပွားရေး ဆိုင်ရာအုပ်ချုပ်မှု မူကြမ်းအထိ လက်ခံခဲ့ခြင်းသည် လူမျိုးရေးစိတ်ဓါတ်အား မလေးမစား ပြုလုပ်ခြင်း ဖြစ်သည်ဟု ကွန်မြူနစ် ပါတီဝင် တချို့မှ ပြစ်တင်ဝေဖန်ခဲ့လေသည်။

စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု အား ထောက်ခံခြင်းနှင့် ဆန့်ကျင်ခြင်း အငြင်းပွားမှုများကြောင့် လက်ဝဲလက်ယာ ဂိုဏ်းဂဏကွဲ ရှုပ် ထွေးမှုများသည် ပိုမိုကြီးထွားလာခဲ့ပေသည်။အမေရိကန်အား ဆန့်ကျင်၍ အမျိုးသားရေးအား သစ္စာဖောက်ခဲ့ကြသော ဂျပန် သစ္စာတော်ခံများသည် စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုများအား အကြောင်းပြကာ မျိုးချစ်သမားများ အသွင် သို့ ကူးပြောင်းခဲ့ကြလေသည်။ဂျပန်သစ္စာတော်ခံများ စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွင်း ထဲထဲဝင် ၀င် ပါဝင်လာသည့်အခါ လက်ယာဂိုဏ်းမှ စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှု ခေါင်းဆောင်များမှ ကွန်မြူနစ် ပါတီအပေါ် အမေရိကန်အား ဆန့်ကျင်ပြီး ၊ အမျိုးသားရေးအား သစ္စာဖောက်သည့် သစ္စာဖောက်များဟု စွပ်စွဲခဲ့လေသည်။ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုသည် လွတ်လပ်ရေး အမြန်ဆုံး ရရှိရေးကို လိုလားသော ကိုရီးယားလူမျိုး များ၏ တောင်းဆိုမှုများ ကြီးမား၍ လက်ဝဲ၀ါဒီများအား ကာကွယ်ရေးသမားများ အဖြစ်မှ တော်လှန်ပုန်ကန်ရေး သမားများအဖြစ် သို့ ပြောင်းလဲစေခဲ့လေသည်။
၃နိုင်ငံ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်အား အကြောင်းပြု၍ စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုအား ဆန့်ကျင်မှုများကြီးထွားလာ သည်နှင့် တပြိုင်နက် လက်ဝဲလက်ယာ ဂိုဏ်းဂဏကွဲ ရှုပ်ထွေးမှုများ ကြီးမြှင့်လာသည့်အခါ လူမျိုးစည်းလုံးပေါင်းစည်းရေးတပ်ဦး ဖွဲ့စည်းသင့်သည်ဆိုသည့် အသံများ မြှင့်မားလာခဲ့ပေသည်။ ၁၉၄၆ခုနှစ် ဇန်န၀ါရီလ ၇ရက်နေ့တွင် ကိုရီးယားဒီမိုကရက်တစ်ပါတီ ၊ ပြည်သူ့ပါတီ ၊ ကိုရီးယားပြည်သူ့ပါတီ နှင့် ကွန်မြူနစ်ပါတီ တို့မှ ခေါင်းဆောင်များ စုစည်းကာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပ၍မော် စကို ၃နိုင်ငံ ထိပ်သီးအစည်းအဝေးမှ ကိုယ်ပိုင်လွတ်လပ်ရေးပေးမည် ဆိုသည့် အာမခံချက်အား ထောက်ခံသော်လည်း စီးပွား ရေးဆိုင်ရာ အုပ်ချုပ်မှု နှင့်စပ်လျဉ်း၍မူ အနာဂါတ်တွင် ဖွဲ့စည်းမည့် ကိုရီးယားအစိုးရ ဖွဲ့မှ ဖြေရှင်းဆောင်ရွက်မည် ဟုဆိုသည့် အရေးကြီးသည့် အချက်အား တင်ပြဆွေးနွေးခဲ့သည်။ ဘက်မလိုက်သမားများ၏ ဆွေးနွေး တင်ပြချက်အား အသုံးပြု၍ လက် ၀ဲလက်ယာ နိုင်ငံရေး ခေါင်းဆောင်များမှ ညှိနှိုင်းဆွေးနွေး အဖြေရှာခဲ့သော်လည်း ကိုရီးယားဒီမိုကရက်တစ်ပါတီ နှင့် ပြည်သူ့ပါ တီတို့မှ ကန့်ကွက်ခဲ့ကြသဖြင့် အချည်းနှီးသာ ဖြစ်ခဲ့ပေသည်။


ကိုရီးယားပြဿနာ ဖြေရှင်းရန် မဟာမိတ်နိုင်ငံများ၏ တစ်ခုတည်းသော အသေးစိတ် ညှိနှိုင်းမှု၏ ဆုံးဖြတ်ချက်လည်းဖြစ် ကိုရီး ယားပြဿနာ အဖြေရှာခြင်းလည်း ဖြစ်သော မော်စကို ၃နိုင်ငံ ထိပ်သီး အစည်းအဝေး ဆုံးဖြတ်ချက်သည် နိုင်ငံရေး အဖွဲ့အစည်း များအကြား နားလည်မှုများ လွဲမှားစေပြီး ပြည်တွင်း နိုင်ငံရေးလောကအား ပိုမိုရှုပ်ထွေးသွားစေကာနိုင်ငံရေးအဖွဲ့အစည်းများနှင့်
လူမှုရေးအဖွဲ့အစည်းများအတွင်း ဂိုဏ်းဂဏကွဲမှုများ ဖြစ်ပေါ်စေရန် ဖိတ်ခေါ်သည့်နှယ် ဖြစ်ခဲ့ပေသည်။ ကင်(မ်)ဂုမှ ဂျု(င်)ဂြောင်း
ယာယီအစိုးရအဖွဲ့အား ဆက်ခံ၍ အိမ်စောင့်အစိုးရဖွဲ့စည်းရန် အတွက် ခေါ်ယူစုစည်းထားသော အရေးပေါ် နိုင်ငံရေးအစည်း အ ဝေးအား အရေးပေါ် ပြည်သူ့အစည်းအဝေး အဖြစ်သို့ အမည်ပြောင်းလဲ၍ လက်ယာဂိုဏ်း၏ အဖွဲ့အစည်းပေါင်းစုံမှ ခေါင်းဆောင် များဖြင့် ၁၉၄၆ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။လက်ဝဲဂိုဏ်း အဖွဲ့အစည်းများအား ဖိတ်ခေါ် ခဲ့သော် လည်း ပါဝင်ခြင်းမရှိခဲ့ပေ။


အရေးပေါ် ပြည်သူ့အစည်းအဝေးတွင် အိမ်စောင့်အစိုးရ ဖွဲ့စည်းရန် အခွင့်အာဏာများ အပ်နှင်းခဲ့သော်လည်း လက်တွေ့တွင်မူ
ဂျု(င်)ဂြောင်းမြို့တွင် ဖျက်သိမ်းခဲ့ရသော တောင်ကိုရီးယား အဝေးရောက် ယာယီအစိုးရ ဥပဒေပြုကော်မတီ၏ လုပ်ပိုင်ခွင့် အာ ဏာများအား ပြန်လည် အသက်သွင်းပေးခဲ့ခြင်းပင် ဖြစ်သည်။အရေးပေါ် ပြည်သူ့အစည်းအဝေးမှ အိမ်စောင့်အစိုးရ အုပ်ချုပ် ရေး အဖွဲ့တွင် ဗဟိုအုပ်ချုပ်ရေးကော်မတီအား ဖွဲ့စည်းထားရှိရန် သဘောတူခဲ့ကြ၍ အီဆူမန် နှင့် ကင်(မ်)ဂု တို့အား ရွေးချယ် တင် မြှောက် အပ်နှင်းခဲ့ကြသည်။
အီဆူမန် နှင့် ကင်(မ်)ဂု တို့ ရွေးချယ်အပ်နှင်းခြင်း ခံခဲ့ရသော ဗဟိုအုပ်ချုပ်ရေးကော်မတီသည် ကင်(မ်)ဂု ဖက်အခြမ်း၏ ကန့်် ကွက် မှုများ အကြားတွင်ပင် အမေရိကန်စစ်အုပ်ချုပ်ရေးအဖွဲ့၏ စနက်ဖြင့် "တောင်ကိုရီးယား ပြည်သူ့ကိုယ်စားပြု ဒီမိုကရေစီ
ကော်မတီ"အဖြစ် ပြောင်းလဲခဲ့ရပေသည်။ ထိုကော်မတီသည် အမေရိကန်ကြည်းတပ် ဒုတိယဗိုလ်ချုပ်ကြီး ဂျွန်ဟုတ် (John Reed Hodge)၏ ခါးပိုက်ဆောင် ကော်မတီ သာဖြစ်ခဲ့ပေသည်။ ဥက္ကဋ္ဌမှာ အီဆူမန် ၊ ဒု-ဥက္ကဋ္ဌမှာ ကင်(မ်)ဂြူးရှစ် ဖြစ်ပြီး ခါးပိုက် ဆောင် ကော်မတီ နှင့် လိုက်ဖက်မှုမရှိသော ၀န်ကြီးချုပ်ရာထူးပါ ထားရှိလေသည်။ ၀န်ကြီးချုပ်မှာ ကင်(မ်)ဂု ဖြစ်သည်။
တစ်ဖက်တွင် အီဆူမန် စည်းရုံးဖွဲ့စည်းခဲ့သော "လွတ်လပ်ရေးမြှင့်တင်မှု ဗဟိုကော်မတီ " အား " လွတ်လပ်ရေးမြှင့်တင်မှု ပြည် သူ့ ကော်မတီ" ဟု ပြောင်းလဲခဲ့လေသည်။
လက်ဝဲဂိုဏ်းမှလည်း လက်ဝဲဂိုဏ်းအလျောက် ကြီးမားသည့် အဖွဲ့အစည်းများ ဖွဲ့စည်းရန် ကြံဆခဲ့ကြလေသည်။
"တောင်ကိုရီးယား ပြည်သူ့ကိုယ်စားပြုဒီမိုကရေစီကော်မတီ" ဖွဲ့စည်းသည့်နေ့၏ နောက်တစ်ရက်ဖြစ်သော ၁၉၄၆ခုနှစ် ဖေဖော် ၀ါရီလ ၁၅ရက်နေ့တွင် "ဒီမိုကရက်တစ်ပြည်သူ့တပ်ဦး" အားဖွဲ့စည်းသည့် အခမ်းအနားတစ်ရပ် ကျင်းပခဲ့သည်။
ထိုအခမ်းအနားသို့ ကွန်မြူနစ်ပါတီ ၊ လူထုပါတီ ၊ လွတ်လပ်ရေးအဖွဲ့ချုပ်[တောင်ကိုရီးယား ခေါင်းဆောင် ဘက်နမ်ဝူး(န်)]တို့ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် နိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ ၊နိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂ ၊ကိုရီးယားလူငယ်များအဖွဲ့ချုပ်၊ အမျိုးသမီး အဖွဲ့ချုပ် စသည့် ကြီးမားသည့် လူထု အဖွဲ့အစည်း များလည်း တက်ရောက်ပါဝင်ခဲ့ကြသည်။
ဂျု(င်)ဂြောင်း ယာယီအစိုးရအဖွဲ့မှ နှုတ်ထွက်ခဲ့ကြသော ကင်(မ်)ဝေါ်(န်)ဘုံး၊ဂျန်ဂေါ်(န်)ဆန်း၊ကင်(မ်)ဆောင်ဆု(ဂ်၊ ဆောင်ဂျု ရှစ် နှင့် ကိုရီးယားစာ ပညာရှင် အီဂုလိုး ၊ ချော်(န်)ဒို ဘာသာရေးဂိုဏ်း ခေါင်းဆောင် အိုဂျီယောင်း တို့ပါ ပါဝင်ခဲ့ကြသည်။
ပူးတွဲ ဥက္ကဋ္ဌများအဖြစ် ယော်ဝူး(န်)ဟြောင်း ၊ ဘတ်ဟော်(န်)ယောင်း ၊ ဟောဟော်(န်) ၊ ကင်(မ်)ဝေါ်(န်)ဘုံး ၊ ဘက်နမ်ဝူး(န်) တို့အား ရွေးချယ်တင်မြှောက် ခဲ့ကြသည်။ "ဒီမိုကရက်တစ်ပြည်သူ့တပ်ဦး" မှလည်း အိမ်စောင့်အစိုးရ တာဝန်များ ဆောင်ရွက် မည်ဟု ကြွေးကြော် ခဲ့လေသည်။
၁၉၄၆ခုနှစ် မတ်လ အစပိုင်းတွင် မြောက်ပိုင်း၌ ၁၉၄၆ခုနှစ် ဖေဖော်ဝါရီလ ၈ရက်နေ့က ဖွဲ့စည်းခဲ့သော "မြောက်ကိုရီးယားယာယီ လူထုကော်မတီ " (ဥက္ကဋ္ဌ ကင်(မ်)အီ(လ်)ဆောင်) အား ဗဟိုပြုကာ နယ်မြေခွဲခြမ်းသည့် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့၍ အမေရိ ကန် စစ်အုပ်ချုပ်ရေးအဖွဲ့နှင့် တောင်ကိုရီးယား ပိုင်နက်အတွင်းရှိ အရင်ရှင်လူတန်းစားများအား ခြေမကိုင်မိ လက်မကိုင်မိ ဖြစ် စေခဲ့လေသည်။
လက်ဝဲလက်ယာ နိုင်ငံရေး အုပ်စုများ အကြား ရှုပ်ထွေးမှုများ ပိုမိုနက်ရှိုင်းလာသည့် ကြားမှာပင် ယာယီအစိုးရ ဖွဲ့စည်းပေး ရန် တာဝန်ယူထားသော အမေရိကန်နှင့်ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှုညီလာခံအား ၁၉၄၆ခုနှစ် မတ်လ ၂၀ရက်နေ့တွင် ဒေါ့(ဂ်) ဆုဂူ(င်) (ဂျိုဆော(န်) ဘုရင်လက်ထက် အသုံးပြုခဲ့သော နန်းတော်ဟောင်း တစ်ခု) ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲ စတင်သည့် အချိန်မှစ၍ အမေရိကန်နှင့် ဆိုဗီယက်တို့သည် အယူအဆများ ကွဲလွဲ၍ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပေသည်။
ဆိုဗီယက်မှ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှုအား ဆန့်ကျင်ခဲ့ကြသည့် နိုင်ငံရေးပါတီများနှင့် လူထုအဖွဲ့အစည်းများအား ဗဟိုပြု၍ ယာယီအစိုးရဖွဲ့စည်းရန် အလေးပေး ဆွေးနွေးခဲ့၍ အမေရိကန်မှမူ "တောင်ကိုရီးယား ပြည်သူ့ကိုယ်စားပြုဒီမိုကရေစီ ကော် မ တီ" အား ဗဟိုပြု၍ ယာယီအစိုးရ ဖွဲ့စည်းရန် အလေးပေး ဆွေးနွေးခဲ့လေသည်။ ၁၉၄၆ခုနှစ် ဧပြီလ ၅ရက်နေ့တွင် ဆိုဗီ ယက် ဖက်မှ စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုအား ဆန့််ကျင်သော်လည်း ၃နိုင်ငံ ထိပ်သီးအစည်းအဝေး ဆုံဖြတ်ချက်အား ထောက်ခံမည်ဟု တရားဝင် ထုတ်ပြန် ကြေငြာ မည့်နိုင်ငံရေးပါတီ ၊ လူထုအဖွဲ့အစည်း တို့နှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဟု ဆိုသည့် ကြေငြာချက် အား ထုတ်ပြန် ခဲ့သည်။
၁၉၄၆ခုနှစ် ဧပြီလ ၆ရက်နေ့ ညတွင် အမေရိကန်အစိုးရမှ တောင်ကိုရီးယား အစိုးရအဖွဲ့အား ဖွဲ့စည်းရန် စတင်နေပြီး အီဆူမန် အား အစိုးရအဖွဲ့ခေါင်းဆောင် အဖြစ်ခန့်အပ်မည်ဆိုသည့် သတင်း ၀င်ရောက်လာပါသည်။ ထိုသတင်းသည် အမေရိကန်အစိုးရ
အလိုအတိုင်း ထွက်ပေါ်လာသော်လည်း ဆိုဗီယက်နှင့် ဆွေးနွေးညှိနှိုင်းမှု သေချာမပြုလုပ်ပါက စင်ပြိုင်အစိုးရများ ပေါ်ပေါက် လာနိုင်ပြီး စင်ပြိုင်အစိုးရ၏ ခေါင်းဆောင်မှာ အီဆူမန် ဖြစ်လာနိုင်သည်ကို အလေးအနက် တိုက်တွန်းထားသော အချက်အား တွေ့ရှိရလေသည်။

အမေရိကန်နှင့်ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှုညီလာခံမှ ၁၉၄၆ခုနှစ် ဧပြီလ ၁၈ရက်နေ့တွင် ၃နိုင်ငံထိပ်သီး အစည်းအဝေး ဆုံးဖြတ် ချက်များအား ထောက်ခံ၍ အမေရိကန် ၊ ဆိုဗီယက်တို့နှင့် ပူးပေါင်း ဆောင်ရွက်မည် ဆိုလျှင် စီးပွားရေးဆိုင်ရာအုပ် ချုပ်မှု အား ဆန့််ကျင်ခဲ့သည့် လှုပ်ရှားမှုများအား ခ၀ါချကာ ယာယီအစိုးရ ဖွဲ့စည်းရာ၌ ဦးစားပေး ဖိတ်ခေါ် ဆွေးနွေးညှိနှိုင်းမည်ဟု ပူးတွဲ ထုတ်ပြန်ချက် အမှတ်(၅)အား ထုတ်ပြန်ကြေငြာခဲ့သည်။ ကင်(မ်)ဂြူးရှစ် မှ အရင်ဆုံး ယာယီအစိုးရအား ဖွဲ့စည်းပြီး နောက်ပိုင်း စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုအား ဆန့်ကျင်ကြရန် "တောင်ကိုရီးယား ပြည်သူ့ကိုယ်စားပြုဒီမိုကရေစီ ကော်မတီ" ၀င်များအား တိုက်တွန်း ဖြောင်းဖျခဲ့သော်လည်း ကင်(မ်)ဂု ၊ ဂျိုဆိုအန် ၊ ကင်(မ်)ချန်းဆု(ဂ်) စသူတို့မှ ကန့််ကွက်ခဲ့ကြသည်။ ဂျွန်ဟုတ် (John Reed Hodge) မှလည်း ပူးတွဲကြေငြာချက် အမှတ်(၅)တွင် လက်မှတ် ရေးထိုးရန် တိုက်တွန်းတောင်းဆိုခဲ့သည်။
၁၉၄၆ခုနှစ် ၂၃ရက်နေ့တွင် အီဆူမန်မှ ပူးတွဲကြေငြာချက် အမှတ်(၅)အား ထောက်ခံခဲ့သော်လည်း ကင်(မ်)ဂု နှင့်အဖွဲ့မှ ဆက် လက် ကန့်ကွက်ခဲ့သည့်အတွက် ဂျွန်ဟုတ် (John Reed Hodge) မှ ပူးတွဲကြေငြာချက် အမှတ်(၅)တွင် ထောက်ခံလက်မှတ်
ရေးထိုးသော်လည်း စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု ဆန့်ကျင်ရေး တောင်းဆိုမှု များနှင့် စပ်လျဉ်း၍လည်း အာမခံပါသည်ဟု ရေး သားထားသော အထူးထုတ်ပြန်ချက်အား ဧပြီလ ၂၇ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ထို့ကြောင့် "တောင်ကိုရီးယား ပြည်သူ့ ကိုယ် စားပြုဒီမိုကရေစီ ကော်မတီ" ၀င်များနှင့် အရေးပေါ်ပြည်သူ့ကောင်စီ ၀င်များမှ ပူးတွဲကြေငြာချက် အမှတ်(၅)အား ထောက်ခံ သည်ဟု ထုတ်ဖော် ပြောကြားလာသည့်အခါတွင် ဆိုဗီယက်ဖက်မှ ပြန်လည်ကန့်ကွက်ခဲ့လေသည်။ ဆိုဗီယက်သည် ဂျွန်ဟုတ် (John Reed Hodge) ၏ အထူးထုတ်ပြန်ချက်အား ပြဿနာ ပြုလုပ်၍ ပူးတွဲကြေငြာချက် အမှတ်(၅) တွင် ထောက်ခံ လက်မှတ် ရေးထိုးမည်ဆိုလျှင် စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုများအား စွန့််လွှတ်ရမည်ဟု ပြန်လည်ချေပ ထုတ်ပြန်ခဲ့ သည်။ ၁၉၄၆ခုနှစ် မေလ ၆ရက်နေ့ခန့်မှ စတင်၍ အမေရိကန်နှင့် ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံသည် ရပ်နားသွားခဲ့ရ ပေသည်။

ယော်ဝူး(န်)ဟြောင်း ၊ ကင်(မ်)ဂြူးရှစ် ၊ ဘက်နမ်ဝူး(န်) စသူတို့သည် အမေရိကန်ဆိုဗီယက် ပူးပေါင်းညှိနှိုင်းမှု ညီလာခံ၏ လုပ် ငန်းဆောင်တာများ အောင်မြင်စေရန် ကြိုးပမ်းခဲ့ကြသည်။ ယော်ဝူး(န်)ဟြောင်း သည် ဧပြီလတွင် ယာယီအစိုးရဖွဲ့စည်းမှု ပြဿ နာအား ဆွေးနွေးညှိနှိုင်းရန် အတွက် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည်။ သို့သော် ဘတ်ဟော်(န်)ယောင်း ဦးဆောင်သည့်
ကိုရီးယားကွန်မြူနစ်ပါတီသည် ဆိုဗီယက်အယူအဆ နည်းတူ ပြင်းထန်သည့် အယူဝါဒများအား လက်ကိုင်ထားခဲ့သည်။
ကင်(မ်)ဂု နှင့်အဖွဲ့သည် စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုအား ဆက်လက် ဆန့်ကျင်ခဲ့ကြသည်။ဆိုဗီယက် ခေါင်းဆောင်သည် ကိုရီး ယားလူမျိုး အများအပြားမှ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှုအား ထောက်ခံသည့် အချက်အား နားလည်ပေးရန် ကြိုးစားမှု မပြုခဲ့ပေ။
အမေရိကန်မှ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု အား တောင်းဆိုခဲ့သည့်အပေါ် အမေရိကန် ဘက်တော်သားများဖြစ်သော လက်ယာ ၀ါဒီများမှ စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုအား ကန့်ကွက်ခဲ့သည့်အတွက် အမေရိကန် ခေါင်းဆောင်မှာ အကြပ်ရိုက်ခဲ့ရပေသည်။

ဆက်လက်ဖော်ပြပါအုံးမည်
ကိုလူချစ်(ကိုရီးယား)

ခေတ်ပြိုင်မှတဆင် ပြန်လည်ကူးယူဖော်ပြပါသည်။

0 comments:

Followers

google translate

Enter your email address:

Delivered by FeedBurner

Subscribe with Bloglines

Blog Archive

ရင်ထဲရှိတာပေါ့... ပြောခဲ့လို့ရပါတယ်...

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP